တစ်ချို့သူတွေမှာ ဒီလိုစိတ်ရောဂါတစ်မျိုးရှိတတ်ကြပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့သူတစ်ဦး တစ်ယောက်၊ အကြောင်းသေချာမသိသေးသူ တစ်စုံတစ်ယောက်နဲ့First Dateလုပ်ရမဲ့အချိန်မျိုးမှာ မတွေ့ခင်ကတည်းကစိုးရိမ်စိတ်ကြောက်စိတ်တွေ မလိုအပ်တဲ့ပူပန်မှုတွေဖြစ်တတ်ကြပါတယ်။ လေ့လာသူတစ်ချို့ရဲ့သုံးသပ်ချက်အရ လူတစ်ချို့မှာ First Date နဲ့ပတ်သတ်ပြီး ကြိုတင် ပူပန်တတ်တဲ့ကိစ္စတစ်ချို့ရှိကြပါတယ်။ ဆိုတော့ ဘယ်လိုအချက်တွေကို ကြိုတွေးပြီးကြောက်နေ စိုးရိမ်နေတတ်ကြသလဲဆိုတာ တကယ်တွေ့ကြုံခံစားဖူးသူတွေဆီက Records တစ်ချို့ကနေအနည်းငယ်ပြန်လည်စုစည်းဖော်ပြလိုက်ပါတယ်…
(၁) ကိုယ်နဲ့စရိုက်မတူမှာကြောက်တယ်
လူတိုင်းကတော့ပထမဦးဆုံးချိန်းတဲ့အချိန်မှာ တစ်ယောက်အကြောင်းတစ်ယောက် ခရေစိတွင်းကျသိနိုင်အုံးမှာ မဟုတ်ပါဘူး။ တစ်ယောက်ကိုတစ်ယောက်စိတ်ဝင်စားလို့တွေ့တယ်ဆိုပေမဲ့သူတို့ရင်ထဲမှာစိုးရိမ်စိတ်တွေနဲ့ပြည့်နေတတ်ကြပါတယ်။ သူတို့နဲ့အကျင့်စရိုက်ချင်းအတူညီတာမျိုးကြောင့် စကားပြောရတာ အဆင်မပြေတာမျိုး လူကြားထဲ ပေါက်တကရတွေလုပ်ပြီး အရှက်ကွဲမှာမျိုး စသည်ဖြင့် စိုးရိမ်မှုတွေနဲ့First Dateကိုကြောက်တတ်ကြပါတယ်။
(၂) ကိုယ့်ကို ညစ်မှာစိုးရိမ်ကြတယ်
First Dateဖြစ်တာမလို့ လူတစ်ယောက်အကောင်းကောင်းကောင်း မသိပဲသွားတဲ့အခါ ဟိုရောက်မှကိုယ့်ကို အုပ်စုလိုက် အနိုင်ကျင့်ကြတာမျိုး၊ငွေညစ်တာမျိုး ကိုယ်အလိမ်အလှည့်ခံလိုက်ရတာမျိုးဖြစ်မှာလည်း စိုးရိမ်တတ်ကြပါတယ်။
(၃) အငမ်းမရနဲ့လိုချင်တာများပြီး အပေးနည်းသူဖြစ်နေမှာစိုးရိမ်ကြတယ်
ပထမဦးဆုံးတွေ့ဆုံခြင်းမှာပဲ ကိုယ့်ဆီကပဲယူချင်တာတွေများပြီး အငမ်းမရနဲ့လောဘကြီးသူမျိုး အပေးမရှိပဲ ရသမျှ အခွင့်အရေး တွေ အကျိုးတွေကို ခံစားဖို့ထိုင်စောင့်နေတဲ့သူမျိုးဖြစ်မှာကြောက်တတ်ကြပါတယ်။
(၄) ဖယ်ထုတ်ခံထားရမှာစိုးရိမ်တယ်
ပထမဦးဆုံး ချိန်တဲ့အချိန်မှာပဲ ကိုယ့်ကိုလိုက်လိုက်လျောလျော ဖော်ဖော်ရွေရွေမရှိပဲ ဥပေက္ခာပြုထားမှာမျိုး ကိုယ်ကို နိမ့်ချသလိုဆက်ဆံပြီး စကားမပြောချင်သလို အင်တင်တင်နဲ့ဖယ်ထုတ်ခံထားရတာမျိုးဖြစ်မှာကို မလိုလားတာကြောင့်ကြိုတွေးပြီးပူတတ်ကြပါတယ်။
(၅) ကိုယ့်ကိုမနှစ်မြို့မှာကြောက်ကြတယ်
First Date မှာပဲကိုယ့်ရဲ့စကားပြောပုံကိုယ့်ရဲ့အမူအရာတစ်ခုခုကြောင့်ကိုယ့်ကို မကြိုက်မှာ ကိုယ့်ကို မနှစ်မြို့မှာကြောက်တတ်ကြပါတယ်။မသွားခင်မှာ တစ်ဖက်လူကငါ့လိုပုံစံကြိုကပါ့မလားဖြစ်ပါ့မလားဆိုတဲ့ အတွေးပေါင်းမြောက်များစွာနဲ့စိုးရိမ်တတ်ကြပါတယ်။
အပေါ်ကအချက်တစ်ချို့ထဲက သုံးချက်လောက်ကို သင်ဟာ သင့်ရဲ့First Dateတွေမှာခံစားခဲ့ဖူးတယ်ဆိုရင် Dateတွေကိုကြောက်နေတတ်သူဖြစ်ပြီးလူတိုင်းပေါ်ကို မယုံကြည်တဲ့စိတ် များနေပြီးသားလူတစ်ယောက်ဆိုတာမမှားနိုင်ပါဘူး။ Dating တိုင်းဟာ အပေါ်လို စိုးရိမ်စရာတွေကြီးဖြစ်နေတာမဟုတ်ပဲ Happy Endingနဲ့ပြီးဆုံးသွားတဲ့ First Dateတွေ အများကြီးမလို့ ပျော်ရွှင်စရာကောင်းတဲ့ Dating တွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းရင်း….
First Dateကိုကြောက်ရွံ့တတ်ကြတဲ့သူတွေဆိုတာ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။