သားသားမီးမီးတွေကိုရော ဖိုးဖိုးဖွားဖွားတွေကိုပါ အဖော်ပြုပေးမယ့် ချစ်စရာ iPal Robot လေး

သူ့ထက်ငါရှေ့ရောက်အောင်ပြေးနေကြတဲ့ဒီနေ့ခေတ်ကြီးမှာ အချိန်ဆိုတာ ရွေလည်းဖြစ်သလိုငွေလည်းဖြစ်တာပါပဲ။ ဒါကြောင့် လူလတ်ပိုင်းအများစုက ကိုယ့်မိသားစုကိုအချိန်မပေးနိုင်ကြတော့ပါဘူး။ မိသားစုအတွက်ပိုက်ဆံများများရအောင် ကုန်းရုန်းရှာဖွေနေချိန်မှာ အိမ်က အမေတွေအဖေတွေကို ပြုစုယုယမှုလည်းမလုပ်နိုင်တော့သလို ရင်နှစ်သည်းချာ သားရတနာတွေသမီးရတနာတွေကိုလည်းကိုယ်ဖိရင်ဖိသင်ကြားပြသလမ်းညွှန်တာတွေမလုပ်နိုင်တော့တာမို့ မိသားစုကြားမှာ နွေးထွေးမှုပျောက်ဆုံးလာတာနဲ့အမျှ အထင်လွဲမှားမှုတွေပဋိပက္ခတွေဖြစ်လာရပါတယ်။ ဒါပေမယ့် ဒီလိုမဖြစ်ရအောင် ခေတ်ပေါ်နည်းပညာနဲ့တီထွင်ဖန်တီးထားတဲ့ စက်ရုပ်လူသားလေးက ကူညီနိုင်ပြီဆိုရင်ရော … မျက်မှောင်မကြုံ့ပါနဲ့။ပင့်ထားတဲ့မျက်ခုံးတွေကိုပြန်ချလိုက်ပါ။ ဟုတ်ပါတယ်။ ဒီသတင်းကအမှန်ပါပဲ။

Avatarmind ဆိုတဲ့ Companyက တီထွင်လိုက်တဲ့ စက်ရုပ်လူသားလေးရဲ့နာမည်က iPal လို့ခေါ်ပါတယ်။ သူ့ကိုမြင်လိုက်တာနဲ့ ချစ်မြတ်နိုးခင်မင်ချင်စရာပုံစံလေးနဲ့ပါ။ ကလေးတွေရဲ့စိတ်မှာအလွယ်တကူပဲ ကစားဖော်အဖြစ် လက်ခံသွားနိုင်မယ့်ပုံစံလို့ဆိုရင်လည်း မှားနိုင်စရာမရှိပါဘူး။ သူက ပုံစံတင်ချစ်ဖို့ကောင်းတာမဟုတ်ပဲ သင့်ရဲ့ကလေးတွေကို စိတ်ပျော်ရွှင်စေတဲ့ အစွမ်းလည်းရှိပါသေးတယ်။ သူ့မှာ လုပ်ဆောင်ချက်ပေါင်းများစွာပါဝင်ပါတယ်။ အာရုံခံစနစ်တွေ၊Applications တွေလည်းများစွာပါဝင်တာမို့ ကလေးတွေ လူကြီးတွေကို စောင့်ရှောက်တာတင်မကပဲ အခြားခိုင်းလို့ရတာတွေလည်းများစွာပါဝင်ပါသေးတယ်။

သင့်ကလေးငယ်ကို သင်ပေးချင်တာတွေရှိရင် iPal ထဲကို လွယ်ကူစွာပဲ app တွေထည့်ပြီးတစ်နေ့ကိုဘယ်လောက်သင်ပေးမယ်ဆိုပြီး ကြိုတင်အစီအစဉ်ချထားလို့ရပါတယ်။ သူငယ်ချင်းတွေစကားဆို ဘာမဆိုနားထောင်တတ်တဲ့ကလေးတွေကလည်းလိမ်လိမ်မာမာနဲ့ စက်ရုပ်လူသားရဲ့သင်ပေးတာကို လက်ခံပါလိမ့်မယ်။

ဒါတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။သူ့မှာ လူတွေရဲ့အမိန့်ကိုနာခံနိုင်တဲ့ sensors တွေ၊အလိုက်အထိုက်စကားပြန်ပြောပေးနိုင်တဲ့ Feature တွေပါဝင်တာကြောင့် အသက်ကြီးသူဖိုးဖိုးဖွားဖွားတွေကိုလည်း အဖော်ပြုပေးနိုင်မှာအမှန်ပါပဲ။

46 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.