သင့်ကို သေချာပေါက် ဆွဲဆောင်နိုင်မယ့် အလန်းစားနည်းပညာတွေ

ဒီခေတ်ကြီးက နည်းပညာခေတ်ကြီးလို့တောင်ပြောလို့ရနေပါပြီ။ တစ်နေ့တစ်ခြားပြောင်းလဲတိုးတက်လာတဲ့နည်းပညာရေစီိးကြောင်းတွေထဲ ပိုးလိုးပက်လက်မျောပါနေရတာဟာလည်း ပိုက်ဆံတွေတော်တော်ကုန်ပါတယ်။ အတည်ကုန်တာပါ။ I Phone တွေပဲကြည့် တစ်နှစ်တစ်ခါလောက်ကိုထွက်ထွက်နေပြီး သာမန်လူလတ်တန်းစားတစ်ယောက်တစ်သက်လုံးရှာရင်တောင် မရလောက်တဲ့ဈေးတွေနဲ့။ ထားပါတော့လေ။ ခုပြောပြမှာက 2018 အတွင်းမှာထွက်ရှိလာဖို့ရှိတဲ့ အလန်းစားနည်းပညာသုံးပစ္စည်းတွေပါ။ ဘာတွေဖြစ်မလဲဆိုတော့…

 

Stapp One Fitness Tracker

ဒီတစ်ခုကတော့ ဖုန်းတွေထဲက App တွေလိုပဲ ကိုယ်လှမ်းတဲ့ခြေလှမ်းတွေရဲ့အကွာအဝေး၊ကိုယ့်ရဲ့ ကိုယ်အလေးချိန်အရပ်အမြင့်စတာတွေနဲ့ချိန်ထိုးပြီး ကိုယ့်ကျန်းမာရေးကိုတွက်ချက်အကြံပေးမယ့်ပစ္စည်းလေးပါ။အခြား Fitness Tracker တွေနဲ့မတူတာကတော့ သူက ရှုးဖိနပ်ထဲကိုထည့်ရတဲ့ သားရေပြားအပါးလေးဖြစ်နေတာပါပဲ။ ဖိနပ်အောက်ခြေပေါ်ထည့်ထားပြီး ပုံမှန်ပဲဖိနပ်စီးရင်းလမ်းလျှောက်သွားရုံပါပဲ။သူက ကြိုးမဲ့နည်းပညာနဲ့ ဖုန်းထဲက App နဲ့ ဆက်နေတာမို့ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကိုဖုန်းမှာရှိတဲ့ App ကနေတစ်ဆင့်အသိပေးပါတယ်။ သူက ဖိနပ်အောက်ခြေမှာထည့်ထားတာမို့ ကိုယ်အလေးချိန်တိုင်းတာတာကအစ တိတိကျကျရှိပြီး အခြား Fitness Tracker တွေထက် ပိုပြီး တိကျမှန်ကန်တယ်လို့လည်းဆိုပါတယ်။ နောက်ထပ်အားသာချက်တစ်ခုကတော့ ဖိနပ်ထဲမှာသာထည့်ထားရင် သူက ဖုန်းထဲက App ကို ဆက်တိုက် update တွေပို့ပေးနေမှာဖြစ်ပြီး ဘယ်သွားသွားဖုန်း အလုံးလိုက်ကြီးကို ယူသွားစရာမလိုတော့ အဆင်ပြေတယ်လို့လည်းပြောလို့ရပါတယ်။

 

Snoozle – Snooze-proof alarm clock

မနက်မနက်အိပ်ရာကထဖို့ဆိုတာ တကယ့်တိုက်ပွဲကြီးတစ်ခုပါပဲ။ ငါးမိနစ်ငါးမိနစ်ဆိုပြီးပြန်ပြန်အိပ်ပျော်သွားလို့ အချိန်နောက်ကျပြီးကမန်းကတမ်းတွေလုပ်ခဲ့ရတဲ့နေ့တွေ အရေးကြီးတဲ့ ချိန်းဆိုမှုတွေကို နောက်ကျမှရောက်သွားတာတွေကလည်း မရေမတွက်နိုင်အောင်ပါပဲ။ မပူပါနဲ့ snoozle နဲ့ဆို အရာရာအဆင်ပြေမှာပါ။ နောက်ဆုံးပေါ်နည်းပညာနဲ့တီထွင်ဖန်တီးထားတဲ့ Snoozle ဆိုတဲ့ နှိုးစက်နာရီလေးဟာ သူ့နာရီအထိုင်လေးနဲ့သူလာတာပါ။ နှိုးစက်မြည်တဲ့အခါ ပိတ်ဖို့ခလုတ်မပါပါဘူး။နာရီအထိုင်လေးပေါ်တင်လိုက်မှသာ အလိုအလျောက်ပိတ်သွားမှာပါ။ ဒါကြောင့် နာရီအထိုင်လေးကို အိပ်ရာနဲ့ဝေးဝေးမှာထားလိုက်တဲ့အခါ နာရီနှိုးစက်သံလည်းတိတ်ရော အိပ်ချင်မူးတူးဖြစ်နေတာတွေလည်းပျောက်ရောပေါ့။

 

Movpak – Backpack skateboard hybrid

ဒီတစ်ခုကတော့ လူငယ်တွေအကြိုက်တွေ့စေမယ့်ပစ္စည်းပါ။ ကျောပိုးအိတ်နဲ့ စကိတ်ဘုတ်ပြားနဲ့တွဲထားပြီး သူ့ကို စကိတ်ကျောပိုးအိတ်၊ကျောပိုးအိတ်စကိတ် စသဖြင့် ကြိုက်သလိုခေါ်လို့ရပါတယ်။သူ့နာမည်ကတော့ Movpak ပါ။ ကြည့်လိုက်ရင်တော့ သာမန်ကျောပိုးအိတ်ပဲ ဘာထူးဆန်းလို့လဲပေါ့။ ထူးဆန်းတဲ့အရာတွေကသူ့ထဲမှာပေါင်းဆုံနေကြတာပါ။ သူ့ကို ကျောပိုးအိတ်လိုပဲသီးသန့်လွယ်လို့ရသလို စကိတ်ဘုတ်ပြားကြီးပဲသီိးသန့်ထုတ်စီးလို့လည်းရပါတယ်။စကိတ်က remote control နဲ့သွားတာပါ။ သူ့ကိုနှစ်နာရီအတွင်းမှာအားအပြည့်သွင်းနိုင်တဲ့အပြင် သူ့မှာ တစ်နာရီကို 16မိုင်အထိသွားနိုင်တဲ့ ဘီးလေးတွေလည်းပါပါတယ်။ အထဲမှာ built in battery ပါပြီးဖြစ်တာကြောင့် သူ့ထဲကနေလည်းဖုန်းကို အားသွင်းလို့ရပါသေးတယ်။ဈေးကတော့ မသက်သာဘူးပဲပြောရပါမယ်။ $1000 ဝန်းကျင်ပေါက်ဈေးရှိနေတာမို့ မြန်မာနိုင်ငံအရောက်ဆိုရင် ဆယ်သိန်းကိုအေးအေးလေးကျော်မယ့်သဘောမှာရှိနေပါတယ်။

 

Snow-C – Wireless charging jacket

ဒါလေးကတော့ သိပ်ပြီးအထူးတဆန်းရယ်တော့မဟုတ်ပေမယ့် လူတော်တော်များများသဘောကျစေမယ့်ပစ္စည်းလေးလို့ပြောရင် ပိုအံ့မထင်ပါဘူး။ သူက အနွေးထည်လေးပါ။ မြင်ရတဲ့အတိုင်းပဲ တော်တော်ကိုနွေးစေမယ့်အနွေးထည်ပါ။ဒါပေမယ့် သူ့ရဲ့ဂုဏ်သတ္တိက ဒါအကုန်မဟုတ်ပါဘူး။သူ့အထဲမှာ Battery အပြားလေးပါပြီး အဲဒီိ့ Battery က သူနဲ့အဆင်ပြေကိုက်ညီိတဲ့ ဖုန်းတစ်လုံးလုံး Jacket ထဲရောက်လာတာနဲ့ အဲဒီ့ဖုန်းကိုကြိုးမဲ့စနစ်နဲ့ အားသွင်းပေးတာမျိုးတန်းလုပ်ပါတယ်။Battery ကိုလည်းကိုယ့်စိတ်ကြိုက် အားများများသွင်းလို့ရတဲ့ ပစ္စည်းမျိုးနဲ့လဲယူလို့ရပြီး 2012 ခုနှစ်နောက်ပိုင်းမှာထုတ်တဲ့ဖုန်းအမျိုးအစားတော်တော်များများနဲ့ အသုံးပြုလို့ရတာကြောင့် အဆင်ပြေတဲ့ပစ္စည်းလေးပါပဲ။

45 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.