ခရစ္စမတ်နဲ့ နယူးရီးယား နီးလာပြီဆိုတော့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲဖြစ်တဲ့ အနုပညာရှင် အောင်ရဲလင်းက သူဘယ်မှာရှိမယ်၊ ဘာတွေလုပ်မယ်ဆိုတာနဲ့ ပတ်သက်ပြီး ခုလိုပြောပြပေးသွားပါတယ်။ ‘ခရစ္စမတ်မှာကားပဲရိုက်သွားမှာပါ။ လိုချင်တဲ့လက်ဆောင်ကတော့ ဘယ်အရာရယ်လို့သတ်မှတ်ထားတာမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ လက်ဆောင်ဆိုတာ ဘာပဲဖြစ်ဖြစ်ပေးချင်တဲ့စိတ်ရှိတဲ့ လက်ဆောင်က အကောင်းဆုံးပါ။ ကိုယ်လဲဒီလိုပဲ။ တန်ဖိုးထက် ပေးချင်တဲ့စိတ်က အရေးကြီးဆုံးလို့ထင်ပါတယ်။ တစ်နှစ်က ခရစ်စမတ်က စင်ကာပူမှာ ကားရိုက်နေတယ်ဆိုတော့ အမှတ်တရပါပဲ။ ဒီနှစ်ကလဲ ကားရိုက်တွေနဲ့ပဲဖြတ်သန်းဖြစ်မှာပါ။ တစ်နှစ်ကဆိုရင် စင်ကာပူသွားနေတဲ့အချိန်ဆိုတော့ လမ်းမှာပဲ ကားရပ်ပြီး New Year လို့ အော်ခဲ့ရတယ်။ အဲဒါလေးကတော့ အမှတ်တရပါပဲ။ ခရစ်စမတ်တို့ New Year တို့က နှစ်သစ်ကူး အချိန်တွေပဲဆိုတော့ ပျော်စရာတွေကြီးပါပဲ။ ပျော်မယ်ပေါ့။ နှစ်သစ်ကူးအချိန်ကြီးမှာ စိတ်တော့မညစ်ချင်ဘူး။ ကျွန်တော်တို့ဆီမှာလဲ သင်္ကြန်ဆိုတာက မြန်မာတွေရဲ့ နှစ်သစ်ကူးပွဲတော်တစ်ခု၊ သူတို့ဆီမှာကလဲ ခရစ်စမတ်တို့ New Year တို့ဆိုတာက သူတို့ရဲ့ပွဲတော်တစ်ခုဆိုတော့ ကိုယ်တွေလဲသူတို့နဲ့အတူတူလိုက်ပျော်တယ်ပေါ့။ ၂၀၁၄ မှာ ဘာလုပ်မယ်ဆိုပြီး Planချထားတာမျိုးမရှိပါဘူး။ အနုပညာအလုပ်တွေပဲ ဆက်လုပ်ဖြစ်မယ်။ ဆက်ပြီးကြိုးစားဖြစ်မယ်။ ပရိသတ်အတွက် အနုပညာအလုပ်တွေနဲ့ ပေးဆပ်မယ်။ ပရိသတ်တွေကိုလဲ နှစ်သစ်ကူးအချိန်အခါမှာ ကျွန်တော်နဲ့ထပ်တူ ပျော်စေချင်ပါတယ်။’သူက လို့ပြောပြခဲ့ပါတယ်။
ရိုက်ကူးရေးတွေနဲ့သာ ခရစ္စမတ်နဲ့ နယူးရီးယားကို ကျော်ဖြတ်ရမှာပါလို့ ပြောတဲ့ အောင်ရဲလင်း

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။