သေချာတဲ့ဘ၀လက်တွဲဖော်ကိုရှာတွေ့ခဲ့ပြီ

လူတစ်ယောက်နဲ့တစ်ယောက် နှစ်သက်ဖို့လွယ်တယ် ကြိုက်ဖို့လွယ်တယ် စိတ်ဝင်စားဖို့လွယ်ကူပါတယ်။ ဒါပင်မဲ့လူတစ်ယောက်ကို ချစ်ဖို့ချစ်မိဖို့ဆိုတာ လုံးလုံး မလွယ်ကူတဲ့အချစ်ပါ။
လူတိုင်းကြိုက်တဲ့ကိုယ့်ရဲ့ကောင်းကွက်တွေကို သဘောကျတာဟာ ကိုယ့်ရဲ့အပေါ်ယံ တွေကို တပ်မက်ရုံပါ။ လူတိုင်းမလက်ခံနိုင်တဲ့ကိုယ့်ရဲ့အားနည်းချက်တွေကိုဖြည့်တွေးပေးနိုင်၊ လက်ခံပေးနိုင်မှသာဘ၀အတွက်လက်တွဲဖော်ကောင်းဖြစ်နိုင်မှာပါ။ ဆိုတော့ဘယ်အချက်တွေက နေလူတစ်ယောက်ဟာသင့်ရဲ့ဘ၀လက်တွဲဖော်ကောင်းဆိုတာသေချာစေသလဲ…
(၁) သူနဲ့မှကိုယ့်ဘ၀တိုးတတ်လာတယ်
ကိုယ့်ဘ၀မှာ သူနဲ့တွေ့မှပိုရင့်ကျက်လာတာမျိုး ကောင်းသောဘက်တွေမှာပိုတိုးတတ်လာတာမျိုး၊ ပိုပျော်ရွှင်လာရတာမျိုးဖြစ်နေပြီဆိုရင် သူ့ကို ကိုယ့်ဘ၀အတွက်ရွေးချယ်ထားတာဟာ မမှားနိုင်ပါဘူး။လူတစ်ယောက် ဘ၀ကိုတိုးတတ်ကောင်းမွန်အောင်လုပ်ပေးနိုင်တာ ပြောင်းလဲသွားအောင်လုပ်ပေးနိုင်တာဟာ တော်ရုံတန်ရုံစိတ်ရှည်မှု တော်ရုံချစ်တာတွေနဲ့ဖြစ်မလာနိုင်တာမို့ပါ။
(၂) တစ်ယောက်နဲ့တစ်ယောက် အားလုံးမျှဝေတယ်
တစ်ယောက်နဲ့တစ်ယောက် အားလုံးကို မချွင်းမချန် မျှဝေပြီးပြောပြတတ်ကြတယ်။ အေးအတူအပူမျှနဲ့ချစ်သူရည်းစား ဘ၀မှာ တစ်ယောက်ကို တစ်ယောက် အရာ အားလုံးအတူတူ မျှဝေခံစားနေတတ်ကြပြီဆိုရင်တော့ သင်လူရွေး မမှားပါဘူး။ ဒီလူဟာ သင့်ဘ၀အတွက် အကောင်းဆုံးလက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်လာနိုင်ပါတယ်။
(၃) တစ်ယောက်ပေါ်တစ်ယောက်လက်ခံတယ်
တစ်ယောက်ရဲ့အပေါ်ယံကောင်းတဲ့အေချက်တွေကိုပဲ ခုံမင်တတ်ကြတာမျိုးမဟုတ်ပဲ သူဘာကြီးဖြစ်နေ ဘယ်လို အခြေနေပဲရောက်နေရောက်နေ တစ်ယောက်ပေါ်ထားတဲ့မေတ္တာကတော့ဘယ်တော့မှာလျော့သွားမှာ မဟုတ်ဘူးလို့သင်တို့နှစ်ယောက်လုံးစိတ်ထဲ မှာခံစားနေရပြီဆိုသူ့ကိုသင့်ဘ၀ရဲ့လက်တွဲဖော်ရာထူးကိုသင့်ရင်ထဲကပေးပြီးနေပါပြီ။
(၄) တစ်ဖက်အသိုင်းဝိုင်းနဲ့တစ်ဖက်ရင်းနှီးတယ်
ဒါတော့သိပ်ရိုးရှင်းတဲ့အချက်ပါ လူနှစ်ယောက်ပေါင်းစပ်ဆိုတာ စိတ်ကူးရင်ဆန်ဆန် နှစ်ကိုယ်တူချစ်ရင်ပြီးတာပဲဆိုတာမျိုး မရိုးရှင်းပါဘူး။ သူ့အသိုင်းဝိုင်းကိုယ့်အသိုင်းဝိုင်းနဲ့သူ့ပတ်ဝန်းကျင် ကိုယ့်ပတ်ဝန်းကျင်ကပါ နှစ်ဦးနှစ်ဖက်လက်ခံလာပြီဆိုရင် ဒီလူဟာ ကိုယ့်ကိုတကယ်တန်ဖိုးထားချစ်မြတ်နိုးသူဖြစ်တာကြောင့်စိတ်ချလက်ချလက်တွဲလို့ရပါပြီ။
(၅) သီးသန့်ကြီးဆွဲဆောင်စရာမလို
ကိုယ့်ချစ်သူကိုယ့်ကို ချစ်လာအောင် ဒီလိုနေမှရမယ် ဟိုလိုနေမှရမယ်ဆိုတာမျိုးစဉ်းစားလုပ်ယူနေစရာမလိုပါဘူး။ ကိုယ်ရဲ့ပြင်ဆင်ထားတဲ့ပုံစံပဲဖြစ်ဖြစ် ရှိရင်းစွဲကိုပဲဖြစ်ဖြစ် အကောင်းဆုံးလက်ခံပေးထားသူမို့ ကိုယ့်ဘ၀အတွက်ကောင်းမွန်တဲ့သူဆိုတာ သေချာနေပါပြီ။
(၆) တစ်ယောက်ကိုတစ်ယောက်ပြုစုရတာပျော်တယ်
တစ်ယောက်နေမကောင်းလို့တစ်ယောက် အနားမှာ ရှိနေပေးရတာကို ဘယ်တော့မှ မငြီးငြူတတ်ကြပါဘူး။ တစ်ယောက်ရဲ့လိုအင်ဆန္ဒကို တစ်ယောက် ဖြည့်ဆည်းပေးရင်း တစ်ယောက်မကျန်းမာချိန်တစ်ယောက်ကိုတစ်ယောက်ပြုစုပေးရတာကို စိတ်ထဲမှာကြည်နူးစွာခံစားမိနေတယ်ဆိုရင်တော့ဒါဟာ ကိုယ့်ရဲ့ဆံဖြူသွားကျိုးတဲ့အချိန်ထိဘေးနားမှာနေပေးနိုင်မဲ့သူဆိုတာသေချာနေသလောက်ပါပဲ။
(၇) ကိုယ့်ခံစားမှုတိုင်းကိုထုတ်ပြဖို့မရှက်ဘူး
တစ်ယောက်ရှေ့မှာတစ်ယောက်ဖြစ်သမျှအကြောင်းခံစားရသမျှအကြောင်းကို ရှက်လို့ကြောက်လို့ရယ်ဖုံးကွယ်ထားစရာမလိုပါဘူး။ ကိုယ့်ရင်ထဲက ဖြစ်နေသမျှခံစားရသမျှကို ရဲရဲဝံ့ဝံ့နဲ့တစ်ယောက်ကိုတစ်ယောက်ထုတ်ဖော်ပြတတ်တာမို့အနာဂတ်အတွက် စိတ်ချယုံကြည်ရတဲ့သူတစ်ဦးဖြစ်နေပါလိမ့်မယ်။
အပေါ်ကအချက်တွေရှိတိုင်း လက်တွဲဖော်ကောင်းလို့မဆိုလိုနိုင်ပေမဲ့ လက်တွဲဖော်ကောင်းတိုင်းဒီအချက်တွေကို ပိုင်ဆိုင်ထားကြလို့ကိုယ်လက်ရှိတွဲထားတဲ့သူဟာကိုယ့်ဘ၀အတွက်လက်တွဲဖော်ကောင်းလားဆိုတာသိရှိပြီး ပျော်ရွှင်သာယာကြပါစေလို့ဆုတောင်းရင်း…

302 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.