အတင်းအဖျင်းပြောတတ်တဲ့သူတွေကိုရှောင်ချင်ရင်

 တစ်ချို့တွေအတင်းပြောတယ်ဘာညာဆိုတာစည်းတွေဘောင်တွေနဲ့ပြောသင့်သလောက်ပဲသူများအကြောင်းကို အပျင်းပြေပြောတတ်ကြပေမဲ့ တစ်ချို့ကတော့….လောကမယ် လူအမျိုးမျိုးစိတ်အထွေထွေပါပဲလေ ။ ရှေ့ တစ်မျိုးကွယ်ရာတစ်မျိုးနဲ့စကားကို နှစ်ခွပြော ဟန်ဆောင်အပြုံးတွေ ဟန်ဆောင်ချီးကျူးစကားတွေပြောတတ်တဲ့လူတစ်ချို့ဟာကိုယ့်ပတ်ဝန်းကျင်မှာ အနည်းနဲ့အများရှိတတ်ကြမှာပါ ။ ဒီလိုအာရုံနောက်တဲ့သူမျိုးတွေကို စကားမပြောချင် ပဲရှောင်ချင်တဲ့အခါ ဘယ်လိုနည်းလမ်းလေးတွေသုံးရင် အဆင်ပြေနိုင်မလဲဆိုတာသိရှိစေနိုင်ဖို့အနီးစပ်ဆုံးအသုံးတဲ့မဲ့ အချက်အနည်းငယ်ကိုဖော်ပြပေးလိုက်ပါတယ်…
(၁) သူပြောသမျှကို နားမလည်ယောင်ဆောင်ပါ
သူများအတင်းလာပြောတတ်တဲ့သူတစ်ယောက်ဟာ ကိုယ့်နားမှာရှိနေပြီဆိုရင်သတိထားပါ။ ဒီလူဟာကိုယ့်အတင်းကို သူများကိုပြန်ပြောဖို့ဝန်မလေးတတ်ကြတာမလွဲနိုင်ပါဘူး။ဆိုတော့ သူကိုယ့်ကို လာပြောသမျှသူများအကြောင်းအတင်းအဖျင်းတွေကို ပညာသားပါပါရှောင်ချင်ရင် သူပြောတဲ့အကြောင်းတွေကို ကိုယ်ကအခုမှသိသလိုသူပြောနေတာတွေကိုနားလည်နေရင်တောင်နားမလည်ချင်ယာင်ဆောင်ပြီး သူပြောရတာစိတ်ပျက်သွားလောက်တဲ့အထိ ငတုံးပုံဖမ်းပါ။ ကြာတော့ကိုယ့်ကိုပြောရတာ ကျွဲပါးစောင်းတီးသလိုဖြစ်တယ်လို့ထင်သွားပြီးကိုယ့်ဆီအတင်းလာပြောတာမျိုး မလုပ်တတ်ကြတော့ပါဘူး။ သူတို့ပြောတဲ့စကားကို စိတ်ဝင်တစားနားထောင်ပြီး Followလိုက်ပေးလိုက်လို့ကတော့ပြီးတော့မှမဟုတ်တဲ့အတင်းအဖျင်း
တွေကို အမြဲလာပြောပြီးနားပူနေရမှာပါ။
(၂) သူကိုချီးကျူးပေးပါ
အယ် ဒီအကွက်လေးတွေလည်းသုံးရတာပေါ့လေ သူတို့လိုအတင်းအဖျင်းပြောတတ်တဲ့သူတွေဆိုတာ ကိုယ့်အတင်းကိုယ့်မကောင်းကြောင်းကို သူများရှေ့ပြောတတ်ကြတာမို့သူတို့နဲ့လူမှု
ပေါင်းသင်းဆက်ဆံရေးမှာ မဖြစ်မနေပေါင်းသင်းရတော့မယ်ဆိုရင် ကိုယ်လည်း ရေလိုက်ငါးလိုက်သူတို့သုံးနေကြ အကွက်လေးတွေသုံးပေးဖို့လိုပါတယ်။ သူတို့ကို အရမ်း overဖြစ်တာမျိုး မဟုတ်ပဲနည်းနည်း တည်တည်ငြိမ်ငြိမ်နဲ့ချီးကျူးစကားလေးတွေပြောပေးတာဟာ ကိုယ့်ကိုအမြင်ကြည်စေပြီးကိုယ့်အတင်းပြောတာနည်းနည်းလျော့သွားတတ်ပါတယ်။
(၃) လေးစားအောင်နေပါ
ဒါလည်းအရေးပါတဲ့အချက်ပါ။ ကိုယ်ဟာဒီလိုအတင်းအဖျင်းပြောတတ်တဲ့သူမျိုးကို မကြိုက်ဘူးဆိုရင်အစကတည်းက မလိုအပ်ပဲရင်းရင်းနှီးနှီးမနေပါနဲ့။ ခင်တော့ခင် ကြပေမဲ့ကိုယ့်ရဲ့လေးစားအောင်နေတဲ့ပုံစံကြောင့်တော်ရုံ အတင်းအဖျင်းကို ကိုယ့်ကိုလာပြီး ပြောတတ်တာမျိုး မလုပ်ရဲတော့ပါဘူး။
(၄) စိတ်မ၀င်စားဟန်ပြပါ
သူတို့ဘာလာပြောပြော ကိုယ်နားမထောင်ချင်တဲ့ အတင်းအဖျင်းတွေကိုနားမထောင်ရလေအောင် ပြောတဲ့အကြောင်းအရာတွေကို စိတ်မ၀င်စားဟန်ပြပါ။ ကြာလာတော့သူတို့ဘာသာကိုယ်စိတ်မ
ဝင်စားတာကိုနားလည်ပြီး ရှောင်ထွက်သွားပါလိမ့်မယ်။
(၅) မှတ်ထားပြီး ပြန်ချေပါ
သူတို့ကိုယ့်ကို လာပြောတဲ့သူတွေအကြောင်းအတင်းအဖျင်းတွေကြောင်းကိုအကြမ်းဖျင်းလောက်မှတ်ထားပြီး သူတို့အတင်းတုတ်တဲ့သူနဲ့သူတို့ဟီးဟီးဟားဟား ပြောဆိုနေတဲ့အချိန်မှာ အံ့သြတကြီးနဲ့သူကိုကြည့်ပြီး လှောင်ပြုံးပြုံးလိုက်ပါ။သူ့လိပ်ပြာသူမလုံပဲ နောက်ပိုင်း လိုက်မေးရင်တောင် သူများအတင်းကိုယ့်ကိုပြောပြဖို့ကြောက်သွားပါလိမ့်မယ်။
အတင်းအဖျင်းတွေ သွားပုပ်လေလွင့်တွေပြောတတ်တဲ့အာရုံနောက်နောက် သူတွေ ကို ပညာသားပါပါ မြွေမသေတုတ်မကျိုးနည်းလေး တွေနဲ့ရှောင်နိုင်ပြီး လူမှုပတ်ဝန်းကျင်မှာ အဆင်ပြေကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.