မိန်းကလေးတွေအတွက် မလိုအပ်တဲ့နှုတ်ခမ်းမွှေးတွေကို ဘယ်လိုဖယ်ရှားကြမလဲ

ကြည့်စမ်း..ကောင်မလေးကချောရဲ့သားနဲ့ နှုတ်ခမ်းမွှေးကြီးကဖျက်နေတာတို့ မိန်းကလေးဖြစ်ပြီး ဘယ့်နှယ်နှုတ်ခမ်းမွှေးပေါက်နေရတာတုန်းတို့ နေပါဦးမိန်းမအစစ်မှဟုတ်ရဲ့လားတို့ဘာတို့ အထင်ခံရရင်တော့ ကိုယ်ကျိုးနည်းပါပြီ။  မိန်းကလေးတွေအတွက်တော့ ပါးစပ်ပေါ်မှာ ခန့်ခန့်ကြီးတည်ရှိနေတဲ့ နှုတ်ခမ်းမွှေးရေးရေးက ဂြိုလ်ဆိုးပါပဲ။ ဒီတော့ ဒီနှုတ်ခမ်းမွှေးကို ဘယ်လိုပျောက်အောင်လုပ်ရမလဲဆိုတာက အရေးပါလာပြီပေါ့။ စိတ်မပူပါနဲ့။လုံးလုံးပျောက်အောင်မလုပ်နိုင်ရင်တောင် အရောင်ပြောင်းသွားအောင် မှိန်ဖျော့သွားအောင်လုပ်နိုင်တာမို့ လုပ်နည်းလေးတွေသာသိထားရင်အဆင်ပြေပါတယ်။အလှဖျက်တဲ့နှုတ်ခမ်းမွှေးတွေကိုအမြစ်ဖြုတ်ဖို့နည်းလမ်းလေးတွေဖော်ပြပေးလိုက်ပါတယ်နော်။

 

ပျားရည်နဲ့သကြား

ပျားရည်နဲ့သကြားက အိမ်တွင်းဖြစ်အမွှေးချွတ်ဆေးအဖြစ်ရှေးခေတ်ကလူကြီးသူမတွေအစဉ်ဆက်သုံးခဲ့ကြတဲ့ပစ္စည်းပါ။သကြားက ကြေးချွတ်သန့်စင်ပေးတဲ့ အကျိုးကျေးဇူးရှိပြီး ပျားရည်က အသားအရည်ကိုစိုပြည်ဝင်းပအောင်ထိန်းသိမ်းပေးတာမို့ ပျားရည်နဲ့သကြားအတွဲအစပ်က အတော်လေးအဆင်ပြေတယ်လို့ဆိုရမှာပါ။ လုပ်ပုံလုပ်နည်းလေးကလည်းအင်မတန်မှရိုးရှင်းပါတယ်။ ပျားရည်နဲ့သကြားကို ဒယ်အိုးထဲထည့်ပြီးအပူပေးပါ။ သကြားတွေပျော်သွားတဲ့အခါ ချပြီးအအေးခံပါ။အအေးခံထားတဲ့ အရောထဲကို သံပုရာရည်လေးတစ်စက်နှစ်စက်ညှစ်ပေးပါ။ ပြီးရင် နှုတ်ခမ်းမွှေးပေါ်သုတ်ပါ။အပေါ်က စက္ကူပဲဖြစ်ဖြစ် ပိတ်ဖြူအသန့််လေးပဲဖြစ်ဖြစ်အုပ်ထားပါ။ ပျားရည်နဲ့သကြားရောထားတဲ့အနှစ်တွေခြောက်သွားတဲ့အခါ အပေါ်ကအစကိုကိုင်ပြီးဆတ်ခနဲဆွဲခွာပစ်ပါ။ နည်းနည်းတော့နာမှာပေါ့နော်။ Peeling mask တွေလို သာမန် waxing လုပ်သလိုပါပဲ။ ပြီးရင်ရေဆေးပြီး အစိုဓာတ်ထိန်းခရင်မ်လေးလူးပေးထားပါ။

 

ကြက်ဥအကာ

ကြက်ဥအကာက အသားအရည်ကိုတင်းရင်းစေတဲ့အပြင်ကြည်လင်လှပစေတဲ့ အကျိုးကျေးဇူးပါရလို့ သူ့ကိုအသုံးပြုရတာက တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်စေမှာပါ။အသုံးပြုပုံကလည်းလွယ်လိုက်တာမှ သူ့ထက်လွယ်တာတောင်သူ့လောက်မလွယ်ပါဘူး။ ကြက်ဥတစ်လုံးကိုဖောက်ပြီးအနှစ်နဲ့အကာနဲ့ခွဲလိုက်ပါ။အကာကို နှုတ်ခမ်းမွှေးပေါ်သုတ်လိမ်းပါ။တစ်ရှုးစလေးကိုအပေါ်ကကပ်ထားပါ။ခြောက်သွားတဲ့အခါ အပေါ်မှာပြောခဲ့သလိုပဲ တစ်ရှုးစကိုဆတ်ခနဲဆွဲခွာလိုက်ပါ။ရေဆေးချပြီး အစိုဓာတ်ထိန်းခရင်မ်လူးထားပါ။

 

ပူတီနာ

ပူတီနာဆိုတာက ပူစီနံလို နံနံပင်လိုအရွက်တစ်မျိုးပါ။ ဒါပေမယ့်ပူတီနာကပူတီနာပါပဲနော်။ ကျန်တာတွေနဲ့မတူပါ။ အဲဒီ့ပူတီနာကို ဟင်းချက်ရာမှာအနံ့လိုချင်လို့ချက်စားကြတာတွေလည်းရှိပါတယ်။ပူတီိနာကိုရေနွေးဖျောပြီးတို့ကြတာတွေလည်းရှိပါရဲ့။ နောက်တစ်ခုက ပူတီနာကိုရေနွေးစိမ်ပြီး သောက်ပေးရင် နှုတ်ခမ်းမွှေးလိုမလိုအပ်တဲ့အမွှေးအမျှင်တွေကို ထိန်းပေးတယ်ဆိုတာပါပဲ။ မျက်နှာနဲ့ခန္ဓာကိုယ်မှာပေါက်တဲ့မလိုအပ်တဲ့အမွှေးအမျှင်တွေကိုပူတီနာက နိုင်ပြီး ဆံပင်ကိုတော့ဘာမှအကျိုးသက်ရောက်မှုမရှိကြောင်းလည်းသိရပါတယ်။ဒီလိုပြောရင်တချို့က ဆံပင်တွေပါကျွတ်ကုန်မှာလားဆိုပြီး စိုးရိမ်တတ်ကြလို့ပါ။

 

သေဘာၤသီး

သဘောင်္သီးကလည်းနှုတ်ခမ်းမွှေးကိုဖယ်ရှားပေးနိုင်ပါတယ်။ သဘောင်္သီိးကိုအနှစ်ရတဲ့အထိကြိတ်ချေပြီိး နနွင်းမှုန့်အနည်းငယ်နဲ့ရောနယ်ပါ။ရတဲ့အနှစ်ကို လက်ချောင်းလေးတွေနဲ့ နှုတ်ခမ်းမွှေးပေါ်မှာစိမ့်ဝင်တဲ့အထိလိမ်းပေးပါ။ဆယ့်ငါးမိနစ်လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ်တစ်ခါလောက်ပြုလုပ်နိုင်ပါတယ်။

 

စိတ်အခြေအနေ

နောက်ဆုံးနဲ့အရေးအကြီးဆုံးအချက်လို့ပဲဆိုပါရစေ။စိတ်ဆောင်တော့လူအောင်တယ်၊စိတ်ပျိုတော့ကိုယ်နုတယ်၊စိတ်ထောင်းလို့ကိုယ်ကြေတယ်ဆိုတာတွေလည်းရှိတယ်မဟုတ်လား။စိတ်သာရှင်စောဘုရားဟောဆိုတာလည်းအရှိသားပဲကို။ စိတ်က စိတ်ဖိစီးမှုတွေတရားလွန်များနေမယ်ဆိုရင် ဟော်မုန်းအပြောင်းအလဲကြောင့်ခန္ဓာကိုယ်မှာရှိတဲ့အပြောင်းအလဲတွေပိုများလာနိုင်ပါတယ်။ ဒါကြောင့် စိတ်တည်ငြိမ်အောင်ထားဖို့လည်းလိုသေးကြောင်းသတိပြုစေချင်ပါတယ်။

 

224 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.