ဗီယမ်နမ်ရောက်ရင် ဘယ်နေရာတွေကို လည်ပတ်သွားကြမလဲ…

ဗီယမ်နမ်ဟာ စိတ်ဝင်စားစရာ သမိုင်းကြောင်းတွေ ၊ သဘာဝတိုင်းလှပနေတဲ့ အံ့သြစရာ ရှုခင်းတွေနဲ့ လျှာကျွမ်းပြန်သွားမယ့် အစားသောက်တွေကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်ခုပါပဲ ။ ဗီယမ်နမ်ကိုသွားပြီးရင် မမေ့နိုင်စရာအမှတ်တရလေးတွေ အိမ်အထိယူဆောင်သွားနိုင်မယ်လို့ ထင်ပါတယ်။ ထိုနေရာမှာ ပျော်စရာကောင်းတဲ့အရာတွေအများကြီးလုပ်လို့ရတယ်။ ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင် …

The Lunch Lady


Ho Chi Minh မြို့ မှာ အရသာရှိ အစားသောက်ကောင်းတွေရနိုင်တဲ့ The Lunch Lady လည်းရှိနေပါပြီ။ ဗီယမ်နမ် ရိုးရာအတိုင်း ချက်ပြုတ်ထားတဲ့ အစားသောက်မျိုးစုံရရှိနိုင်ပါတယ်။ ထိုဆိုင်က ဟင်းအမယ်တွေက အရမ်းကောင်းလွန်းလို့ ခဏလေးနဲ့ ကုန်တယ်လို့ကြားရပါတယ်။ ဗီယမ်နမ်ရောက်ရင် ဒီဆိုင်လေးမှာသွားရောက်ပြီး အရသာမြည်းစမ်းသင့်တယ်နော်

Sapa Trek


ဗီယမ်နမ်ရဲ့ သဘာဝ တောတောင်အလှတရားတွေနဲ့ နီးစပ်မှုရှိတဲ့ Sapa ဒေသကိုတော့ သွားရောက်လည်ပတ်ဖို့ ညွန်းချင်ပါတယ်။ လှေကားထစ် စိုက်ခင်းတွေဟာ အခြေချနေထိုင်နေတဲ့ ဒေသခံတွေက စိုက်ပျိုးထားတာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတစ်ခုရဲ့  ပြိုင်ဘက်ကင်းအလှတရားတစ်ခုပါပဲ။ အခြား လှေကားထစ် စိုက်ခင်းတွေလည်းရှိပါသေးတယ်။

Con Son Island


ဗီယမ်နမ် အရှေ့ တောင်ပိုင်းက Con Son ကျွန်းကို သူတို့ဆီမှာ ပုံမှန်အားဖြင့် ခရီးသွားတွေ အသွားများတဲ့နေရာဆိုပြီး သတ်မှတ်ထားတယ်။ ဆူညံ့မှုတွေမရှိပဲဆိတ်ငြိမ်တဲ့ နေရာကိုကြိုက်ရင် ထိုနေရာကိုအလည်သွားကြည့်ပါ။ ချစ်သွားပါလိမ့်မယ်။ scuba diving လုပ်ရတာကို ကြိုက်နှစ်သက်တယ်ဆိုရင် ဒီနေရာက အကောင်းဆုံးပါပဲ။

Hanoi Botanical Garden


Hanoi ဟာ လှပတဲ့ပန်းခြံတွေရှိတဲ့ မြို့ တော်တစ်ခုဖြစ်ပါတယ်။ အလှဆုံးကတော့ Botanical Garden လို့ပြောရပါမယ်။ ဓာတ်ပုံရိုက်လို့ အကောင်းဆုံးနဲ့ ပန်းခြံထဲရောက်သွားရင် လှလွန်းလို့ ထွက်ချင်တော့မှမဟုတ်ဘူး။ ပန်းခြံမှာ အများပြည်သူလေ့ကျင့်ခန်းလုပ်တဲ့နေရာ၊ အနှေးလမ်းလျှောက်တဲ့ နေရာဆိုပြီး သီးသန့်ခွဲထားတာလေးတွေရှိတော့ အေးဆေးအနားယူချင်တဲ့ လူတွေအတွက်လည်း စိတ်မရှုပ်ရတော့ဘူးပေါ့။

Ha Long Bay


ဗီယမ်နမ်ရဲ့ နာမည်ကြီးနေရာတစ်ခုပါပဲ။ ထိုနေရာမှာ နဂါးရှိတယ်လို့ ဒဏ္ဍာရီဆန် ပြောကြတာတွေရှိပါတယ်။ UNESCO World Heritage Site မှာတော့ ထိုနေရာကို“descending dragon” လို့ နာမည်ပေးထားတယ်။ အလည်ပတ်သွားဖူးတဲ့ လူတိုင်းHa Long Bay ကို အရမ်းသဘောကျကြတယ်။ စွန့်စားချင်တယ်ဆိုရင် ခရီးသွားလမ်းညွန်မပါပဲနဲ့တောင် ကိုယ့်ဘာသာသွားလို့ရပါတယ်။ သေချာတာတစ်ခုကတော့ ဗီယမ်နမ်ရောက်ပြီဆို Ha Long Bay ကိုတော့ အလည်သွားသင့်တယ်။

103 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.