လောကဓံအဆိုးတွေကြုံတဲ့အခါ မှန်ကြည့်ဖို့မေ့နေကြသလား?

လောကကြီးမှာအဆိုးအကောင်းအားလုံးဒွန်တွဲနေကြပါတယ်။ကောင်းတဲ့ကိစ္စဖြစ်လာရင် ဆိုးတဲ့ကိစ္စဆိုတာကလည်းမကြုံတော့ဘူးမဟုတ်၊ကြုံလာရမှာပါ။အဲ့ဒီအခါမှာ ရင်ဆိုင်ဖြေရှင်းတတ် ဖို့လည်းလိုပါသေးတယ်။ဘာဖြစ်လို့လိုတာလဲဆိုရင် တစ်ချို့လူတွေက အောင်မြင်တဲ့အခါမှာသာ ကိုယ့်ကိုယ်ကိုယ်ချီးကျူးပြီးသူများကိုချီးကျူးဖို့မေ့နေတတ်ကြပါတယ်။အဲ ကျရှုံးမှုကြုံလာရင်တော့ ဒါက ဒီလူ့ကြောင့်၊ဒါကဟိုလူ့ကြောင့်ဆိုပြီး အပြစ်တင်တတ်ကြပါတယ်။ကိုယ်ကတော့ အမှားမလုပ်ထား တဲ့ဒီဇိုင်းနဲ့ပေါ့။အဲ့လိုလူတစ်ယောက်က အောင်မြင်မှုရလည်း တစ်ပွဲစားပါပဲ။နောက်ထပ်အောင်မြင်မှုတွေရအောင် သူမလုပ်နိုင်ပါဘူး။ပေါင်းသင်းဆက်ဆံရေး ဆိုတာလည်းညံ့ဖျင်းသလို တာဝန်ယူစိတ်ဆိုတာလည်းမရှိတဲ့အတွက် ရေရှည်အောင်မြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။

“လူတွေက အောင်မြင်မှုတွေရလာတဲ့အခါ၊ ပစ္စည်းဥစ္စာတွေပေါကြွယ်ဝလာတဲ့အခါ မှန်ရှေ့မှာဝံ့ကြွားတတ်ကြပါတယ်။အောင်မြင်မှုသေးသေးလေးရရင်တောင် မှန်ထဲမှာကိုယ့်ပုံကိုကြည့်ပြီး ငါတော်လိုက်တာ၊င့ါလောက်တော်တဲ့သူရှိမှာမဟုတ်ဘူး။ငါက စိတ်ကောင်းရှိတာကိုး၊ကြိုးစားတာကိုး၊အောင်မြင်မှာပေါ့ဆိုပြီး လက်မလေးတထောင်ထောင်နဲ့ ဘ၀မြင့်တတ်ကြပါတယ်။

ဒါပေမဲ့ ကျရှုံးလာတဲ့အခါမှာ၊လုံးဝအဆင်မပြေတာတွေများလာလို့ စိတ်ညစ်လာတဲ့ အချိန်တွေမှာတော့ မှန်ကိုမကြည့်ကြတော့ဘူး။ မှန်နဲ့ကပ်ရပ်ပြတင်းပေါက်ကို ဖွင့်ပြီးလောကကြီးကို အပြစ်တင်တတ်ကြပါတယ်။မြင်မြင်သမျှအရာတွေကိုမင်းတို့ကြောင့်ကျရှုံးရတာ၊လွဲချော်ရတာဆိုပြီး ကိုယ်ကိုယ်တိုင်တော့ ထည့်မတွက်အပြစ်မတင်ပဲ တခြားသူတွေကိုလက်ညှိုးထိုး အပြစ်တတ်ကြပါတယ်။

လူတွေက အောင်မြင်တဲ့အခါ၊ပျော်ရွှင်မှုတွေပိုင်ဆိုင်လာရတဲ့အခါ၊ အစစအရာရာ အဆင်ပြေနေတဲ့အခါ မှန်ကိုကြည့်ပြီး ငါကွလို့လက်မထောင်ကြသလို ကျရှုံးတဲ့အခါမှာလည်း ကိုယ့်ကြောင့်လို့တာဝန်ယူရဲရပါမယ်။သူများကြောင့်ဆိုတဲ့ခပ်ညံ့ညံအတွေးအခေါ်တွေနဲ့လက်ညှိုးထိုးတာမျိုးမလုပ်သင့်ပါဘူး”။

စာဖတ်သူတွေလည်း အကောင်းကိုလက်ခံနိုင်စွမ်းရှိတယ်ဆိုရင် အဆိုးတွေကြုံလာတဲ့အခါမှာလည်း တာဝန်ယူဖြေရှင်းနိုင်စွမ်းရှိမယ်လို့မျှော်လင့်ပါတယ်။

Reference:ဦးဘုန်း (ဓာတု) ကြည့်မှန်

 

86 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.