Luhan နဲ့ Guan Xiaotong တို့စုံတွဲ ဆေးလိပ်သောက်တာနဲ့ပတ်သက်ပြီး နိုင်ငံသားတွေရဲ့ အဝေဖန်ခံနေရ

တရုတ်နိုင်ငံက နာမည်ကျော်စုံတွဲဖြစ်တဲ့ Luhan နဲ့ Guan Xiaotong တို့ဟာ မကြာသေးခင်က ဂျပန်နိုင်ငံကို အတူတူခရီးထွက်ခဲ့ကြတယ်လို့သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ရက်နေ့တုန်းက တရုတ်နိုင်ငံမီဒီယာတစ်ခုကနေ သူတို့စုံတွဲဟာဂျပန်နိုင်ငံကို သွားရောက်လည်ပတ်ကြတာဖြစ်ပြီးသူတို့စုံတွဲနဲ့အတူ မင်းသား Chen He နဲ့ဇနီး Zhang Zixuan တို့လည်းအတူတူသွားခဲ့တာဖြစ်တယ်လို့ပရိသတ်တွေတစ်ယောက်ရဲ့ မြင်တွေ့ချက် အရ
အခိုင်အမာသတင်းရေးသားခဲ့တာဖြစ်ပါတယ်။

တိုကျိုမြို့ရောက်နေတဲ့သူတို့ စုံတွဲနှစ်တွဲကို ပရိသတ်တစ်ယောက်ကမှတ်မိသွားခဲ့ပြီး “သူတို့က ကျွန်တော်တို့နားမှာထိုင်နေပြီး ဆေးလိပ်သောက်ရင်းစကားစမြည်ပြောနေခဲ့တာဖြစ်တယ်” လို့ပြောပြခဲ့ပါတယ်။

ထိုပရိသတ်ရဲ့ ပြောစကားကြောင့်တရုတ်နိုင်ငံသားတွေက ရှော့ခ်ဖြစ်ခဲ့ကြပါတယ်။တရုတ်မင်းသမီး Guan Xiaotong ဟာ “ဆေးလိပ်မသောက်ရလှုပ်ရှားမှု”ကြော်ငြာရဲ့ အကျိုးဆောင် ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။စီးပွားရေးအရ ခွင့်ပြုချက်နဲ့ဆေးလိပ်သောက်တာ မျိုးကိုပရိသတ်တွေကမဝေဖန်ကြပေမဲ့ အခုသတင်းကိုကြားရတဲ့ ပရိသတ်တွေကတော့ ဝေဖန်စပြုနေပြီလို့သိရပါတယ်။

source:Allkop

243 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.