ပျော်ရွှင်နေတဲ့သူတွေရွေးချယ်ခဲ့ကြတဲ့အရာတွေဆိုတာ

လူတိုင်းဟာ နေ့တစ်လူလူဝလုပ်ငန်းဆောင်တာတွေ ကိစ္စ၀စ္စတွေနဲ့ရှုပ်ထွေးပြီး ပျော်တစ်လှည့်ငိုတစ်လှည့်နေထိုင်နေကြရတဲ့သူတွေကြီးပါပဲ။ ဒါပင်မဲ့ဘယ်လိုအချိန်ပဲရောက်ရောက်စိတ်ကိုပျော်ရွှင်စွာထားတတ်တဲ့သူတွေဟာ ဘယ်လိုအရာမျိုးတွေကို လုပ်ဆောင်နေသလဲ၊ ဘာတွေကို ရွေးချယ်ခဲ့သလဲဆိုတာတဲ့အချက်အနည်းကို ဖော်ပြပေးလိုက်ပါတယ်…
(၁) ကျန်းမာရေးလိုက်စားတယ်
စိတ်ချမ်းမြေ့စွာနဲ့ပျော်ရွှင်စွာနေတတ်ကြသူအများစုဟာ ကျန်းမာရေးအတွက် လည်းအလေးထားတတ်ကြသူတွေပါ။ အားကစားတစ်ခုကို အချိန်ပေးပြီး လုပ်ဆောင်တတ်ကြကာ ခန္ဓာကိုယ်နဲ့လိုက်လျောညီထွေဖြစ်မဲ့စားသောက်မှုပုံမှန်နဲ့ဝိတ်လည်းထိန်းရင်းစားလည်းစားရင်းနဲ့ပျော်ရွှင်စွာဖြတ်သန်းတတ်ကြပါတယ်။
(၂) ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပေးတယ်
လူတိုင်းမှာတော့ချို့ယွင်းချက် ကိုယ်စီရှိကြတယ်ဆိုပေမဲ့ ပျော်အောင်နေတတ်တဲ့သူတွေကတော့ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်တွေဖြစ်လာအောင်ကိုယ့်ကိုယ်ကိုယ်အကောင်းမြင်စိတ် ယုံကြည်စိတ်တွေနဲ့ပြန်လည်တည်ဆောက်ပြီး ပျော်ရွှင်စရာကောင်းတဲ့ဘ၀တွေကိုဖန်တီးကြပါတယ်။
(၃) အိပ်ရေး၀၀အိပ်တယ်
နေ့စဉ်နေ့တိုင်းပျော်ရွှင်ကျန်းမာချင်ရင်အိပ်ရေး၀၀ အိပ်ဖို့လိုပါတယ်။ အိပ်ရေးဝမှ ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးအတွက်ရော အဆင်ပြေစေနိုင်တာမလို့ ကျန်းမာပျော်ရွှင်နေရသူတွေဟာ အိပ်ရေး၀၀အိပ်ဖို့ရွေးချယ်တတ်ကြပါတယ်။
(၄) မိသားစုကိုအလေးထားတယ်
ပျော်ရွှင်မှုအစစ်မှန်ကိုရရှိပိုင်ဆိုင်ထားကြတဲ့သူတော်တော်များများ မိသားစုကို တန်ဖိုးထားချစ်ခင်တတ်ကြတဲ့သူတွေပါ။ အားလပ်ချိန်တော်တော်များများကို ချစ်တဲ့မိသားစုအတွက် အချိန်ပေးတတ်
ကြပြီး ပျော်ရွှင်မှုအနှစ်သာရစစ်စစ်ကို ခံစားနေကြသူတွေပါ။
(၅) ယဉ်ကျေးတယ်
တစ်နေ့တစ်နေ့လူမျိုးစုံနဲ့ပေါင်းသင်းဆက်ဆံပြောဆိုရတဲ့အခါမှာ စိတ်ရှုပ်စရာစိတ်ကုန်စရာတွေအများကြီးတွေ့ရတတ်ကြပါတယ်။ ဒါပင်မဲ့ပျော်ရွှင်နေကြတဲ့သူတွေက ဒီလိုကိစ္စတွေကြုံတွေ့လာတိုင်းယဉ်ကျေးပျုငှာတဲ့နည်းနဲ့ပဲ ပြောဆိုဖြေရှင်းတာကြောင့်လူအများကြားမှာ လူချစ်လူခင်ပေါများလာပြီး နေ့စဉ်နေထိုင်မှုဘ၀မှာပိုပျော်လာကြပါတယ်။
(၆) ကောင်းမွန်တဲ့အိမ်မက်တွေရှိတယ်
သူတို့ဟာ အတွေးခေါ်ကောင်းတွေ အိမ်မက်ကောင်းတွေကို သာတွေးခေါ်ပြီး ဒီအိမ်မက်ကောင်းတွေ ဖြစ်မြောက်လာဖို့ဘယ်လောက်ပင်ပန်းပင်ပန်း အားမလျော့ပဲလုပ်ဆောင်ဖို့ရွေးချယ်ထားကြသူတွေပါ။ ဒါကြောင့်သူတို့ဘ၀မှာကောင်းတဲ့အနာဂတ် ကောင်းမွန်တဲ့စိတ်ကူးတွေနဲ့ပျော်ရွှင်စွာရှေ့ဆက်နိုင်ကြတာပါ။
(၇) သူတစ်ပါးကိုကူညီတတ်တယ်
လောကမှာပျော်ရွှင်စွာနေထိုင်နိုင်ရသူတွေဟာ သူတစ်ပါးကို ကူညီနေထိုင်းရင်းပျော်ရွှင်နေကြရတဲ့သူတွေဆိုလည်းမမှားပါဘူး။ လူတစ်ဖက်သားအပေါ် မုန်းတီးစိတ်မနာလိုစိတ်မထားပဲ မုဒိတာစိတ်ကူညီလိုစိတ်တွေနဲ့ လူအများပေါ်ဆက်ဆံတတ်တဲသူတွေရဲ့နိဂုံးကတော့စိတ်အေးချမ်းသာခြင်းပါပဲ။
ပျော်ရွှင်အေးချမ်းနေကြတဲ့လူတွေတိုင်းဟာ ဘာ အခက်ခဲမှမရှိလို့မဟုတ်ပါဘူး။ အခက်ခဲကို အခက်ခဲလို့သဘောမထားပဲ ပျော်ရွှင်စွာကျော်ဖြတ်နိုင်တဲ့နည်းလမ်းကောင်းတွေကို ရွေးခဲ့ကြလို့
ဆိုတာမမေ့ပါစေနဲ့…

182 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.