နာမည်ကျော်ဘောလုံးစတားကြီး David Beckham ကတော့သူ့ကလေးတွေကို ချစ်လိုက်တာလည်းတုန်လို့ပါ။အစ်မဖြစ်သူ Joanne ရဲ့ ဘေဘီလေးတူမလေးကိုလည်း စနောက်ပျော်ရွှင်နေတာကိုအင်စတာဂရမ်မှာတင်ထားတဲ့ပုံရိပ်တွေမှာမြင်တွေ့ရပါတယ်။
တူမလေးက ဒီဇင်ဘာလကမှ လူ့လောကထဲကိုရောက်လာခဲ့တာပါ။ David Beckhamက သူ့ရဲ့ ကလေးတွေက တဖြည်းဖြည်းလူကြီးဖြစ်လာပြီဆိုတော့ တူမဖြစ်သူသေးသေးလေးနားမှာ ကလူကျီစယ်နေတာပဲဖြစ်ပါတယ်။
မကြာသေးခင်က အင်စတာဂရမ်မှာတူမလေးကိုသူ့ရဲ့ ခြေထောက်ပေါ်မှာတင်ထားတဲ့ပုံလေး ကိုတင်ခဲ့ပါတယ်။ပုံထဲမှာ တူမလေး Peggy ကရယ်မောနေတာကိုမြင်တွေ့ရပါတယ်။ ကလေးလေးမွေးစကတည်းက တူမလေးအနားမှာ အချိန်တော်တော်များများပေးပြီး ချော့မြူဆော့ကစားခဲ့တာပါ။ ဒီနှစ်စတုန်းကလည်း တူမလေးနဲ့ဆံပင်ပုံစံအတူတူထားခဲ့တယ် လို့သိရပါတယ်။တူမလေးနဲ့ပျော်ရွှင်နေတဲ့ပုံရိပ်လေးတွေကို ပရိသတ်တွေလည်းမြင်တွေ့ရအောင် ပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။