ယနေ့ခေတ်မှာ အလုပ်သင်ကျောင်းသားတွေ ဟာပညာရေးနယ်ပယ်ပေါင်းစုံမှာ ရှိနေကြပါပြီ။ အလုပ်ခွင် အကြီးကြီးထဲကို Position ကောင်းကောင်းကြီးတစ်ခုနဲ့ချက်ချင်းပြီးဝင်လိုက်တာမျိုး
မဟုတ်ပဲ အလုပ်ခွင်ဝင်ဖို့လိုအပ်တဲ့အရည်ချင်းတွေကို ဒီအလုပ်သင်ကျောင်းသားဘ၀မှာ အတွေ့ကြုံတစ်ခုအနေနဲ့ရရှိနိုင်တယ်ဆိုတာမမှားပါဘူး။ ဆိုတော့ Internship ကာလမှာသိထားသင့်တဲ့အချက်အနည်းငယ်ကို သိရှိစေရန်ရည်ရွယ်ပြီး အနီးစပ်ဆုံးဖော်ပြပေးလိုက်ပါတယ်…
(၁) မေးခွန်းများများမေးပါ
Internship အလုပ်သင်ကျောင်းသားဆိုတာ မေးခွန်းတွေသိပ်မေးလို့ကောင်းပြီး သိချင်တာတွေများနိုင်တဲ့အခြေနေတစ်ခုပါ။ ဒီလိုအခြေအနေမှာ တစ်စုံတစ်ယောက်ကို ကြောက်လို့မမေးရဲတာမျိုး
မေးရမှာရှက်လို့ မမေးတာမျိုးလုံးဝမလုပ်သင့်ပါဘူး။ အကြာခင် လုပ်ငန်းခွင်ထဲအတည်တကျဝင်ရောင်လုပ်ကိုင်ရတော့မှာဖြစ်တာကြောင့် ကိုယ်သိသင့်တာ သင်ယူသင့်တာမှန်သမျှကိုလေ့လာသင်ယူပြီးမသိသမျှကို စီနီယာတွေကို မေးဖို့လိုအပ်ပါတယ်။ မေးခွန်တွေမေးရင်း အဖြေတွေရှာရင်းကနေ ကိုယ်မသိသေးတဲ့ ကိုယ့်အလုပ်ရဲ့သဘာတရားတွေ အော်ဒီလိုပါလား ဆိုတဲ့အရာတွေ အများကြီးပေါ်လာနိုင်တာမလို့မသိတဲ့အရာတွေကိုမေးခွန်းတွေဟာ ကိုယ့်ဘ၀အတွက်တက်လမ်းပါပဲ။
(၂) ထင်မြင်ချက်ကောင်းရအောင်နေထိုင်ပါ
ကိုယ်ကအခုမှအလုပ်သင်နေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အလုပ်ခွင်မှာတွေ့သမျှလူတိုင်းကို ရိုရိုသေသေဆက်ဆံတက်တဲ့အလေ့ကျင့်ကောင်းမျိုး ၊ အလုပ်ချိန်မှန်မှန်ရောက်တာမျိုး ၊ ကိုယ်လုပ်မဲ့အလုပ်ပေါ်မှာ Focus ထားပြီးလုပ်တာမျိုး စတဲ့ အကျင့်ကောင်းတွေကို ဂရုတစိုက်လုပ်သင့်ပါတယ်။ တကယ်တော့ ဒီလိုအပြုမူတွေဟာ အလုပ်သင်မှလုပ်သင့်တာမျိုးမဟုတ်ပါဘူး ။ ကိုယ်ဘယ်Positionရောက်ရောက် လိုက်နာသင့်တဲ့ကျင့်ဝတ်တွေပါ။ ဒါပင်မဲ့အလုပ်သင်ကျောင်းသားဘ၀မှာ ပိုပြီး ကိုယ့်အပေါ်ထင်မြင်ချက်ကောင်းကောင်းပေးအောင်ဂရုတစိုက်နေထိုင်တတ်ဖို့လိုပါတယ်။
(၃) စာအုပ်နဲ့မှတ်တက်တဲ့အကျင့်လုပ်ပါ
Internship ကျောင်းသားဘ၀မှာ မှတ်သားစရာ သင်ယူစရာလေ့လာစရာတွေ အများကြီးရှိပါတယ်။ သင်သမျှမှတ်သမျှကို ခေါင်းကြီးပဲသုံးလို့မရသေးပါဘူး အသစ်အသစ်တွေပဲမှတ်သားသင်ယူနေရပြီး အသားအကျသေးတဲ့ အခြေအနေတွေမို့ စာအုပ်(သို့) ရေးမှတ်ထားလို့ရပြီး နောက်လိုရင်လိုသလို အချိန်မရွေးပြန်ကြည့်လို့ရအောင် မှတ်သားထားဖို့လိုပါတယ်။
(၄) အချိန်ပြည့်အတည်တကျအလုပ်အတွက်အခွင့်လမ်းတွေရှာပါ
ကိုယ်ကဒီတစ်သတ်လုံး အလုပ်သင်ဘ၀နဲ့ပြီးသွားမှာမှ မဟုတ်တာ။ ဒါကြောင့် Internship ဆင်းရင်းနဲ့အလုပ်အတွေ့ကြုံကောင်းတွေယူရင်း အတည်တကျလုပ်ရဲ့positionကောင်းတစ်ခု အတွက် လေ့လာရမဲ့အရာတွေကိုကြိုတင်လေ့လာရင်း ပိုပိုကောင်းတဲ့အခွင့်ရေးသစ်တွေဆီကို ထိုးဖောက်သွားနိုင်ဖို့လိုပါတယ်။
(၅) နာမည်တွေကိုမှတ်မိပါစေ
ကိုယ်Intern ကာလတစ်လျှောက်လုံးမှာ ကိုယ်နဲ့တူတူတွဲလုပ်နေတဲ့သူတွေ ကိုယ့်ကို ကြီးကြပ်ပေးနေတဲ့သူတွေကိုယ်နဲ့တိုက်ရိုက်မဆက်ဆံရပေမဲ့ ကိုယ့်လုပ်ငန်းနဲ့ဆက်စပ်နေတဲ့
သူတွေကရဲ့နာမည်လောက်ကိုတော့သိအောင်ကြိုးစားထားပါ။ ဒါမှInternကာလလည်း အလုပ်ခွင်မှာ အဆင်ပြေနိုင်ပြီး Internပြီးသွားရင်တောင် ဘယ်လုပ်ငန်းခွင်ရောက်ရောက်လူသိများပြီး လူမှုဆက်ဆံရေးကောင်းတာကြောင့် အကျိုးအမြတ်အခွင့်အလမ်းတွေပိုရရှိနိုင်ပါတယ်။
Internကာလကို အကျိုးရှိစွာဖြတ်သန်းရင်း အတွေ့ကြုံကောင်း လုပ်ငန်းကောင်းတွေနဲ့ရှေ့ဆက်နိုင်ကြပါစေလို့ဆုတောင်းရင်း…
Intrernshipအလုပ်သင်ကျောင်းသားဘ၀သိထားသင့်သောအချက်များ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။