EXO အဖွဲ့ဝတ်စုံက KFC ကြက်ကြော်ဝတ်စုံနဲ့ဆင်တူနေတယ်ဆိုတဲ့ TIME မဂ္ဂဇင်းရဲ့ဆောင်းပါးကြောင့် EXO ပရိသတ်တွေဒေါသထွက်နေ

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က EXO အဖွဲ့ဟာ Pyeong chang အိုလံပစ်ပိတ်ပွဲအခမ်းအနားမှာဖျော်ဖြေ တင်ဆက်မှုလုပ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ ဖျော်ဖြေပွဲကိုကြည့်ရှုနေတဲ့ကမ္ဘာတစ်ဝန်းက ပရိသတ်တစ်ချို့ရဲ့ ဝေဖန်သံတွေထွက်လာခဲ့ပါတယ်။ပရိသတ်တွေက EXO အဖွဲ့ရဲ့ အ၀တ်အစားက KFC ဆိုင်ပိုင်ရှင် Colonel Sanders ရဲ့ အ၀တ်အစားနဲ့ဆင်တူနေတယ်လို့နှိုင်းယှဉ်ခဲ့ကြတာ ပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း KFC ကြက်ကြော်ကြော်ငြာပုံရိပ်ကိုသတိထားမိကြမှာပါ။

အင်တာနက်သုံးစွဲသူတစ်ယောက်က EXO အဖွဲ့ဖျော်ဖြေနေတာကိုမြင်တော့ KFC ရဲ့ ဝတ်စုံကိုသွားပြီးသတိရမိတာလဲ?ဒီလိုမျိုးမြင်နေတာသူတစ်ယောက်တစ်ယောက်တည်း ပဲလားဆိုပြီးတွစ်စ်တာမှာရေးခဲ့ပါတယ်။တခြားသူတွေကလည်း ဘာလို့ဒီလိုမျိုးဆင်တူနေတဲ့ ၀တ်စုံကိုဝတ်ရတာလဲဆိုပြီးရေးသားခဲ့ကြပါတယ်။

ဒီလိုပွက်လောရိုက်နေတဲ့အချိန်မှာ TIME မဂ္ဂဇင်းရဲ့ ဆောင်းပါးတစ်ပုဒ်က EXO ပရိသတ်တွေကိုစိတ်ဆိုးစေခဲ့ပါတယ်။သူတို့ရဲ့ ဆောင်းပါးခေါင်းစဉ်က အင်တာနက်သုံးစွဲသူတွေက EXO အဖွဲ့ဟာ အိုလံပစ်ပိတ်ပွဲအခမ်းအနားအတွက် KFC (Colonel Sanders) ရဲ့ ဝတ်စုံလိုမျိုး ၀တ်ဆင်လာတာဖြစ်တယ်လို့ထင်နေကြတယ်ဆိုပြီးရေးသားခဲ့တာပါ။

တကယ်တော့ EXO အဖွဲ့က Gucci အမှတ်တံဆိပ်အဖြူရောင်ဆင်တူဝတ်စုံပြည့်ဝတ်ဆင်ထားတာ ဖြစ်တယ်လို့သိရပြီး သူတို့က Colonel ရဲ့ စတိုင်လ်အတိုင်းတုပဖို့ကြိုးစားခဲ့တာမဟုတ်ဘူးလို့ Exo အမာခံပရိသတ်တွေကစိတ်ဆိုးစွာနဲ့ပြန်လည်ချေပပြောဆိုခဲ့ပါတယ်။

EXO Fan တစ်ယောက်က “ဒါဟာစော်ကားလိုက်တာပဲ။သူတို့က Colonel Sanders ရဲ့ ပုံစံအတိုင်းလိုက်ဝတ်တာမဟုတ်ပါဘူး။Gucci အမှတ်တံဆိပ်ဝတ်စုံကို ၀တ်ဆင်ထားကြတာဖြစ်တယ်” လို့တွစ်စ်တာမှာရေးသားခဲ့ပါတယ်။

နောက်တစ်ယောက်ကလည်း TIME မဂ္ဂဇင်းကို “သူတို့ရဲ့ Gucci ၀တ်စုံက သင်တတ်နိုင်တာထက်ပိုပြီးတန်ဖိုးကြီးပါတယ်။သူတို့ကိုစော်ကားမယ့်အစား အဆင့်အတန်းမြင့်တဲ့ဂျာနယ်တွေကိုသာထုတ်ဖို့ဘာလို့မကြိုးစားတာလဲ”ဆိုပြီး ပြန်လည်ဝေဖန်ခဲ့တယ်လို့သိရပါတယ်။

Source:Allkop

2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.