အကြွားသန်တဲ့ချစ်သူကောင်မလေးတွေကိုပိုင်ဆိုင်ထားပြီလား

     မိန်းကလေးတော်တော်များများ မှာမရှိဘူးဆိုရင်တောင်နည်းနည်းလေးဖြစ်ဖြစ်တော့ကြွားဝါပြိုင်ဆိုင်လိုစိတ်ရှိကြတာသဘာဝပါ။ ကိုယ့်အကြောင်းကို သူများကြွားရတာအားမရပဲ ကိုယ့်ချစ်သူအကြောင်းကိုလည်း ဘယ်နေရာရောက်ရောက်ကောင်းတာတွေပဲရွေးပြောတက်တဲ့ အကြွားကောင်မလေးမျိုးကိုသင်ပိုင်ဆိုင်ထားရပြီဆိုရင်တော့ သူလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ကြွားနိုင်ဖို့ဒါလေးတွေအလိုက်သိပေးဖို့လိုပါတယ်…
(၁) သင့်ကိုသင်အမြဲတိုးတက်အောင်ကြိုးစားနေထိုင်ပါ
မိန်းမဆိုတာမျိုးက ကိုယ့်ဘာသာဘယ်လောက်တော်နေတော်နေ တက်နေတက်နေ ကိုယ့်ချစ်သူကို ကိုယ့်ထက်အမြဲသာနေစေချင်ပြီး အားကိုးချင်ကြတာအများစုပါ။ ကိုယ့်ချစ်သူရဲ့အောင်မြင်မှုတွေ တိုးတက်မှုတွေကို လက်ခုပ်တီးပြီး အားပေးချင်တက်ကြတဲ့သူတွေပါ။ ဆိုတော့သူတို့အပေါင်းသင်းကြား မိတ်ဆွေကြားမှာ သင့်ရဲ့အောင်မြင်မှုတွေကို ပါးစပ်ကပေါ်တင်ထုတ်မကြွားရင်တောင် မမြင်မြင်အောင်ထုတ်ကြွားမှာ အသေအချာပါ။ ဒီလိုအကြွားသန်တဲ့ကောင်မလေးတွေဟာ အောင်မြင်တဲ့အချိန်မှာပဲကြွားတက်ကြပြီး ရှုံးနိမ့်တဲ့အချိန် ပျောက်သွားတတတ်တယ်လို့ထင်ရင် သင်မှားသွားပါလိမ့်မယ်။ အများစုကရှိတာကိုကြွားတက်ကြတဲ့စိတ်လေးကလွဲရင်လောဘစိတ် ကင်းတက်ကြပါတယ်။
(၂) လူချစ်လူခင်ပေါတဲ့သူဖြစ်အောင်နေပါ
လူချစ်လူခင်ပေါအောင်နေတာဟာ ကိုယ့်ဘ၀အတွက်လည်း အကျိုးမယုတ်သလို သူ့အတွက်လည်းကြွားဖို့ပိုလွတ်လပ်ပါတယ်။ ကိုယ်သာ လူမုန်းများပြီး ကိုယ့်အပေါ်အပြစ်တင်ကဲ့ရဲ့တက်သူ
များရင် ကိုယ့်ချစ်သူလေးလည်း ကိုယ့်အကြောင်းကိုလွတ်လွတ်လပ်လပ် ကြွားနိုင်မှာမဟုတ်ပါဘူး။
(၃) စိတ်ထဲမှာပဲချစ်တက်တာမျိုးတင်မကပဲအပြင်မှာပါချစ်တက်ပါစေ
အကြွားသန်တဲ့ကောင်မလေးတွေဟာ ကိုယ့်ချစ်သူရဲ့အချစ်ကို အများရှေ့မှာခံယူချင်တက်ကြတဲ့မိန်းကလေးတွေပါ။ သူ့သူငယ်ချင်းတွေကြားမှာ သူ့ကိုဂရုစိုက်ပြချစ်ပြရင်ထခုန်မတက် ကြည်နူးမဆုံး တပြုံးပြုံးနဲ့ရင်ထဲမှာပန်းတွေဝေတက်သူပါ။ သူတို့သူငယ်ချင်းတွေစုံတဲ့အချိန် ဟယ် နင့်ကောင်လေးက နင့်ကိုချစ်လိုက်တာဟယ်၊ ဂရုစိုက်လိုက်တာ ဘာညာပြောသံတွေကို နှစ်ခြိုက်ခုံမက်နေသူမျိုးပါ။ ယောက်ျားလေးတွေရဲ့အတွေးကတော့ကိုယ်တကယ်ချစ်ရင်ပြီးတာပဲ ဟိုလူ့ရှေ့ပိုချစ်ရမယ်ဒီလူ့ရှေ့ပိုချစ်ရမယ်ဆိုတာမျိုး မလိုဘူးလို့ထင်ပေမဲ့မိန်းမဆိုတာမျိုးက သူများအားကျ တာကိုသဘောကျနေတက်တာမျိုးမို့ကိုယ့်ချစ်သူလေးကိုချစ်ရင် အလိုက်သိဖို့လိုပါတယ်။
(၄) လူကြားထဲပွဲထုတ်ပါ
အကြွားသန်တဲ့ကောင်မလေးမှမဟုတ်ပါဘူး ပုံမှန်ကောင်မလေးတွေတောင် ကိုယ့်ချစ်သူ ပွဲထုတ်တာကို လိုချင်တက်ကြတာပါ။ အကြွားသန်တဲ့babyလေးတွေကတော့ပိုဆိုးတာပေါ့လေ။ ဒါကြောင့်
ကိုယ်တကယ်ချစ်တဲ့ မိန်းကလေးရဲ့လက်ကိုရဲရဲတွဲပြီး ကိုယ့်ရဲ့အရေးပါတဲ့လူတွေရှေ့မှာ ထုတ်ပြဖို့လိုပါတယ်။
(၅) အမှတ်တရနေ့တိုင်းကိုအမေ့ပါနဲ့
အထူးသဖြင့်ချစ်သူဘ၀ရဲ့မမေ့မဖြစ် သိနေရမဲ့နေ့လေးတွေ မွေးနေ့တွေ anniတွေကို သတိထားပါ။ ဒီနေ့တွေမှာ သူ့အတွက် အမှတ်တရလက်ဆောင်တစ်ခုခုကို သူတောင်းတနေမှာပါ။ တန်ဖိုးနည်းတယ် များတယ်ရယ် မရှိပဲ အဲ့နေ့ကို ပျော်စရာကောင်းကောင်းတဲ့ သူများတွေကိုပြန်ကြွားလို့ရတဲ့အမှတ်တရမျိုးလက်ဆောင်မျိုးကို မျှော်တက်ကြပါတယ်။
(၆) နေရာဒေသကြည့်ပြီးဆူပါ
စိတ်တိုင်းမကျတာစိတ်တိုစရာ တွေ့လိုဆူချင်ပြောချင်ရန်ဖြစ်ချင်တဲ့အခါ နေရာဒေသကြည့်ပြီး ပြောပါ။ သူ့သူငယ်ချင်း အပေါင်းသင်းတွေကို ငါ့ချစ်သူကဘာတွေချစ်တာ ဘယ်လိုတွေလုပ်ပေးတာ လို့ကြွားထားတက်ကြတာမို့အပေါင်းသင်းမိတ်ဆွေတွေကြားဆူမိပြောမိတဲ့အခါ ရှက်တဲ့စိတ်နဲ့ပိုပြီးစိတ်နာသွားတက်ကြပါတယ်။ သူတို့လေးတွေအကြွားသန်ထားတာကို လည်းပြန်တွေးရင်း
ရှက်သွားတက်ပြီး ကိုယ့်အပေါ်မုန်းတီးသွားတက်ကြပါတယ်။
တကယ်တော့အကြွားသန်တဲ့ကောင်မလေးတွေဟာ ကိုယ်ပိုင်ဆိုင်တဲ့ကိုယ့်ချစ်သူရဲ့မရှိရှိတဲ့ကောင်းကွက်လေးတွေကို သာချစ်စရာကောင်းစွာကြွားနေတက်ကြသူတွေပါ။ ကောင်လေးကျရှုံးချိန်ရောက်လို့အောင်မြင်မှုတွေ ကြွားစရာစကားလုံးနေနဲ့ဝေးကွားနေရင်တောင် အရှုံးတွေကို ဘယ်လိုကြံ့ကြံ့ခိုင်နေတာ ဘယ်လိုရင်ဆိုင်နေတာဆိုပြီး တစ်မျိုးလှည့်ကြွားတက်ကြတာပါ။ ဒါကြောင့်အကြွားသန်တဲ့ကိုယ့်ချစ်သူကောင်မလေးကို ပိုချစ်ပေးပြီး သူပိုကြွားလို့ရအောင်များများအောင်မြင်နိုင်ကြပါစေလို့ဆုတောင်းရင်း…

181 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.