အကျိတ်ရောဂါတစ်ခုကြောင့် ခွဲစိတ်မှုခံယူဖို့လိုအပ်နေတဲ့ မင်းသမီး Kim Yoo Jung

အသက် ၁၈နှစ်အရွယ်သာရှိသေးတဲ့ မင်းသမီး Kim Yoo Jung ဟာကလေးဘ၀တည်းက သရုပ်ဆောင်လုပ်ခဲ့တာဖြစ်ပြီး တဖြည်းဖြည်းနဲ့ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ ရရှိခဲ့တာဖြစ်ပါတယ်။အရွယ်ရောက်လာချိန်မှာလည်း Moonlight ဇာတ်ကားနဲ့အောင်မြင်မှုတွေ တခဲနက်ရရှိခဲ့ပါတယ်။

အခုတော့ မင်းသမီးလေးက သိပ်ပြီးနေမကောင်းဘူးလို့သိရပါတယ်။သူမနဲ့ရင်းနှီးသူတစ်ယောက်ရဲ့ အဆိုအရ “Kim Yoo Jung ဟာ မကြာသေးခင်က ကျန်းမာရေးဆိုးဝါးစွာထိခိုက်ခဲ့ပါတယ်။ အဲ့ဒါကြောင့်သူမကိုဆေးရုံပို့ခဲ့ရပြီးလိုအပ်တဲ့ဆေးကုသမှုတွေလုပ်ခဲ့ရတယ်”လို့သိရပါတယ်။

သူမဟာ hypothyroidism လို့ခေါ်တဲ့ သိုင်းရွိုက်အကျိတ်က လုံလောက်တဲ့ သွိုင်းရွိုက်ဟော်မုန်းကို မထုတ်ပေးတာကြောင့်ဖြစ်ပေါ်လာတဲ့ရောဂါအခြေအနေကို ခံစားနေရတာဖြစ်တယ်လို့သိရပါတယ်။ဖေဖော်ဝါရီ ၂၆ရက်နေ့ကတော့ ပြည်ပမီဒီယာတစ်ခုက မင်းသမီးဟာဆေးကုသမှုခံယူနေပြီးအနားယူနေတယ်လို့ဖော်ပြခဲ့ပါတယ်။

သူမရဲ့ အေဂျင်စီကလည်း မင်းသမီး Kim Yoo Jung ဟာ ပင်ပန်းနွမ်းနယ်ပြီးရုပ်ပိုင်းဆိုင်ရာ အရလည်း ခန္ဓာကိုယ်ကြံ့ခိုင်သန်မာမှုမရှိလို့ဆေးရုံသွားပြခဲ့ရာမှ အကျိတ်နဲ့သက်ဆိုင်တဲ့ ပြဿနာတစ်ခု ရှိနေတာကိုသိခဲ့တာပါ။ခွဲစိတ်ရတဲ့အဆင့်ထိမရောက်သေးပေမဲ့ အခုလောလောဆယ် မှာသူမရဲ့ ကျန်းမာရေးပြန်ကောင်းဖို့နဲ့လိုအပ်တဲ့ဆေးကုသမှုခံယူဖို့ပဲ အာရုံစိုက်နေပါတယ် လို့ပြောခဲ့ပါတယ်။

မင်းသမီးရဲ့ ဒရာမာဇာတ်လမ်းအသစ်ဖြစ်တဲ့ Clean With Passion For Now ဇာတ်လမ်းတွဲ ကိုလည်း ရိုက်ကူးနေတုန်းတန်းလန်းလို့သိရပါတယ်။ ဒါပေမဲ့ကျန်းမာရေးအခြေအနေကြောင့် ဆက်ပြီးရိုက်ဖြစ်ဦးမယ်မထင်ပါဘူး။ သူမရဲ့ အေဂျင်စီကလည်း “မင်းသမီးရဲ့ ကျန်းမာရေးအခြေအနေကိုနားလည်ပေးတဲ့အတွက် ဒရာမာဇာတ်လမ်းတွဲတာဝန်ရှိသူတွေ ကိုကျေးဇူးတင်တယ်လို့ပြောခဲ့ပါတယ်။ပြီးတော့ မင်းသမီးဇာတ်လမ်းအသစ်ကိုစောင့်မျှော်နေတဲ့ ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်၊အခုသူမရဲ့ ကျန်းမာရေးပြန်ကောင်းဖို့အတွက် အချိန်ခဏတော့ပေးရပါဦးမယ်”လို့ပြောခဲ့ပါတယ်။မင်းသမီးကျန်းမာရေးပြန်ကောင်းလာဖို့အတွက်လည်း ခွန်အားတွေအားပေးစကားတွေပေးပါလို့တောင်းဆိုခဲ့ကြောင်းသိရပါတယ်။

 

 

 

507 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.