မနက်ခင်းနိုးနိုးချင်း တစ်ပန်းကန်စာ Oatmeal စားပေးရင် တစ်နေ့တာကိုအကောင်းဆုံးဖြတ်သန်းဖို့ အပြည့်စုံဆုံးနည်းလမ်းပါပဲ။ ဘာကြောင့် Oatmeal ကိုစားပေးသင့်တယ်၊ အရသာရှိအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ရှင်းပြပေးသွားပါမယ်။
Oatmeal လုပ်တဲ့အခါ ကိုယ်ကြိုက်နှစ်သက်ရာ အရသာကိုမျိုးစုံလုပ်ကြည့်လို့ရပါတယ်။ American Cancer Society အရ Oatmeal စားပေးရင် –
(၁) သူ့မှာပါရှိတဲ့ အမျှင်ဓာတ်ကြောင့် ကင်ဆာကိုခြေဖျက်ပေးနိုင်ပြီး အဆိပ်သင့်နိုင်တဲ့ အက်ဆစ်ရည်တွေကို ညှစ်ထုတ်ပေးနိုင်ပါတယ်။
(၂) Soluble fiber က LDL ကိုလက်စထရောကို လျော့ကျစေတယ်။ HDL ကိုလက်စထရောကိုတော့ ထိန်းပေးထားတယ်တဲ့။ LDL ကကောင်းတယ် ။ HDL ကဆိုးတယ်လို့သိရပါတယ်။
(၃) အစာခြေစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။ ဆီးချိုရောဂါသမားများအတွက် ပိုပြီးထိရောက်မှုရှိပါတယ်။ အစာခြေစနစ်နှေးကွေးတဲ့အခါ သွေးထဲမှာသကြားဓာတ်တွေမြင့်တက်လာနိုင်တာကြောင့်ပါ။
(၄) နှလုံးရောဂါရှိသူများအတွက်လည်း အကျိုးသက်ရောက်မှုကောင်းစေတယ်လို့ သိရပါတယ်။ ထိုရောဂါက အခုလောလောဆယ်တော့ အမေရိကန်မှာအဖြစ်များနေပါတယ်။
(၅) Oatမှာပါဝင်တဲ့ phytochemicals က ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်တယ်။
(၆) Oat မှာ ကောင်းမွန်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင် အီး ၊ Zinc ၊ selenium,copper, iron, manganese နဲ့ magnesium တို့ပါဝင်ပြီး ပရိုတိန်းဓာတ်
လည်း အပြည့်ဝပါဝင်ပါတယ်။
အရသာရှိတဲ့ Oatmeal ကိုဘယ်လိုလုပ်မလဲ..
– Oatmeal ကို နို့နဲ့ရောသောက်ပါက ကယ်စီယမ်နဲ့ ပရိုတိန်းဓာတ်တွေရရှိစေပါတယ်။
– Stevia ပေါင်ဒါမှုန့်ရောထည့်ပါ။ သကြားထက် ထိုအမှုန့်က အဆိမ့်ဓာတ်ပါလို့ပါ။
– နောက်ဆုံးအနေနဲ့ ကြိုက်နှစ်သက်ရာ အသီးနဲ့တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။
( ဘယ်လူးဘယ်ရီ ၊ စတော်ဘယ်ရီ ၊ သင်္ဘောသီး စသဖြင့်ပေါ့ ) ။
မနက်ခင်းတိုင်း ပုံမှန်သုံးဆောင်ပေးပါက ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ အရသာလေးလည်းရှိ ၊ ကျန်မာရေးနဲ့လည်း ညီိညွတ်ဆိုတော့ စားရပျော်တာပေါ့။