စာဖတ်ဝါသနာပါတဲ့သူတွေကိုချစ်သူတော်ထားရပြီဆိုရင်…

ကိုယ့်ချစ်သူဟာ စာအုပ်စာပေတွေကို ချစ်မြတ်နိုးတက်ပြီး စာဖတ်ရတာကို ၀ါသနာပါတဲ့သူလေးလား။ ဒါဆို သင်ဒီလိုစာဖတ်ဝါသနာ အိုးလေးတွေကို ချစ်သူတော်ထားရလို့ဘယ်လို အကျိုးကျေးဇူးလေးတွေခံစားရရှိနိုင်သလဲဆိုတာ ဖတ်ကြည့်ရအောင်…
(၁) တစ်ဖက်သားရဲ့စိတ်ကိုနားလည်လွယ်တယ်
စာများများ ဖတ်အားကောင်းတဲ့သူဟာ လူတော်တော်များများရဲ့စိတ်နေသဘောထားကို ကောင်းစွာနားလည်ခံစားနိုင်တဲ့ ပါဝါရှိတတ်ကြပါတယ်။ သူတို့ဖတ်ထားတဲ့စာအုပ်ထဲကအကြောင်းအရာတွေ စာအုပ်ထဲက ဇာတ်ကောင်တွေရဲ့စိတ်နေစိတ်ထားတွေ ကိုမြင်ပါများလာဖတ်ပါများလာပြီး လူတွေရဲ့ဖြစ်ရိုးဖြစ်စဉ်အချိန်အခါလိုက် အကြောင်းအရာလိုက်ခံစားတတ်တဲ့ ခံစားချက် များကို နားလည်လွယ်တက်ကြပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ထဲမှာ ဘာတွေဘယ်လိုခံစားနေရတယ်၊ဘာတွေဘယ်လို ဖြစ်နေတယ်ဆိုတာ သိရှိခံစားပေးနိုင်သူမို့ ချစ်သူခရီးလမ်းဟာ နည်းလည်းမှုတွေနဲ့ဖြတ်သန်းနိုင်ပါတယ်။
(၂) ပွင့်လင်းပြီး လေ့လာသင်ယူလိုစိတ်များတယ်
စာအုပ်ချစ်သူတွေဟာ အနေအထိုင်အပြောအဆိုပွင့်လင်းကြည်လင်တဲ့သူမျိုးတွေပါ။ သူတို့ဟာ အသစ်သစ်တွေကို လေ့လာလိုက်စားရတာ ကြိုက်ပြီး ဘယ်အရာကိုမဆို သတိထားပြီး သင်ယူလိုစိတ်ကြီးမားတတ်ကြတဲ့ ပညာရှိလေးတွေဆိုလည်း မမှားပါဘူး။ သူတို့ရဲ့စူးစမ်းမှုနဲ့ညဏ်ပညာကြီးမှုကြောင့် သူတို့နဲ့ချစ်သူဖြစ်ရတဲ့သူတွေဟာ အချိန်တိုင်း ဂုဏ်ယူနေကြရမှာပါ။
(၃) အချိန်မဖြုန်းတက်ကြဘူး
စာဖတ်ရတဲ့ကြိုက်တဲ့သူတို့အဖို့ တစ်ခြား ဖျော်ဖြေ အပန်းဖြေရေးတွေဆိုတာ စာအုပ်တစ်အုပ်လုပ် စိတ်ဝင်စားဖို့မကောင်းပါဘူး။ စာဖတ်နေရရင်ကို ပင်ပန်းတာလေးတွေပြေပျောက်တတ်ကြတာမို့ ချစ်သူကောင်လေးဆို အပျော်ရှာမှာလမ်းမှားရောက်မှာ မပူရသလို ချစ်သူကောင်မလေးဆိုလည်း ငွေကြေးအများကြီးကုန်မှ အပျင်းပြေတတ်တာမျိုး တွေမရှိလာနိုင်တော့ပါဘူး။ ငွေကြေးပိုမိုစုဆောင်းမိပြီး စိတ်အေးချမ်းသာတဲ့ RSလေးတစ်ခုဖြစ်လာမှာပါ။
(၄) အကျိုးရှိတဲ့ ဗဟုသုတလေးတွေကိုပြောပြတတ်ကြတယ်
ကိုယ်ပျင်းနေတဲ့အချိန်လေးတွေမှာ ကိုယ့်ဘေးနားမှာနေပြီး သူဖတ်ထားတဲ့စာအုပ်အထဲက ဗဟုသုတ ရစရာလေးတွေ ကို ပြောပြတာမျိုး၊ ကိုယ်စိတ်ပင်ပန်းနေတဲ့ အချိန် စိတ်ဝင်စားစရာကောင်းတဲ့ပညာပေးပုံပြင်လေးတွေပြောပြပေးပြီး ဖေးမတတ်တာမျိုးဟာ စာဖတ်ဝါသနာအိုးလေးတွေရဲ့ချစ်သူတွေ မဖြစ်မနေခံစားရမဲ့ကောင်းကျိုးသုခလေးပါ။
(၅) မဝေဖန်တက်ပဲ အကြံပေးထောက်ပံ့တက်ကြတယ်
စာဖတ်များပြီး ဗဟုသုတများတဲ့သူတွေဟာ လူတစ်ဖက်သားရဲ့ အမှား လူတစ်ဖက်သားရဲ့အပြစ်ကို ထိုင်ကဲ့ရဲ့ဝေဖန်တက်တဲ့သူမျိုးမဟုတ်ပါဘူး။ ကိုယ့်ချစ်ရသူမှာ အမှားတွေ အပြစ်တွေရှိနေရင်တောင် ထောက်ပံ့အကြံပေးတက်ပြီး ဘေးကနေချစ်တဲ့စိတ်လေးနဲ့ ကူညီပေးတက်ကြတဲ့စာဂျပိုးလေးတွေပါ။
(၆) စဉ်းစားဆင်ခြင်တတ်တယ်
စာအုပ်စာပေရဲ့ကောင်းမွန်တဲ့အကျိုးကျေးဇူးကြောင့် ချစ်သူယောက်ျားလေးဆိုရင်လည်း ကိုယ့်တစ်ဘ၀လုံးအတွက် ယုံကြည်အားထားရတဲ့ဆင်ခြင်တုံတရားရှိတဲ့ယောက်ျားလေးဖြစ်နိုင်ပြီး မိန်းကလေးဆိုရင်လည်း လူတိုင်းကချစ်ခင်ပြီး ပွဲတိုင်းတင့်တယ်တဲ့ အေးချမ်းသိမ်မွေ့တယ်မိန်းကလေးဖြစ်နိုင်ပါတယ်။
ဆိုတော့ ကိုယ့်မှာ စာဖတ်ဝါသနာအိုး ချစ်သူလေးရှိနေပြီလား ၊ ရှိနေပြီဆိုရင်တော့ ဒီလို ချစ်သူမျိုးလေးတွေကို အမိအရဖမ်းဆုပ်ထားပြီး ပိုချစ်ပေးဖို့မမေ့ကြနဲ့နော်…

362 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.