Public Speakerကောင်းတစ်ယောက်ဆိုတာ

 နေရာတကာမှာ လူတိုင်းနဲ့လိပ်ပတ်လည်အောင်ပြောတက်ဆိုတက်ဖို့ဆိုတာ လွယ်လွယ်လေးလို့ထင်ရပင်မဲ့ တစ်ချို့သောသူတွေအတွက်တော့သိပ်ကို ခက်ခဲတဲ့ အရာတစ်ခုဖြစ်နေတက်ပါတယ်။ တစ်ချို့သောသူတွေဟာ အရည်ချင်တွေရှိ ပညာတွေတက်ပြီး အရမ်းထူးချွန်နေပင်မဲ့ လူအများနဲ့ပြောဆိုရတော့မယ်လူအများရှေ့မှာ ပြောဆိုရတော့မယ်ဆိုရင်ကြောက်တက်လန့်တက်ကြပါတယ်။ ဆိုတော့ ကောင်းမွန်တဲ့ Public Speaker တစ်ယောက်ဖြစ်ဖို့ ဘယ်အချက်လေးတွေလိုအပ်သလဲဆိုတာ…
(၁) သေချာနားလည်အောင်လုပ်ပါ
ကိုယ်ပြောမဲ့အကြောင်းအရာ ကိုယ်လူအများရှေ့မှာပြောရမဲ့ အကြောင်းအရာရဲ့ သဘောတရား အကျိုးအသင့်အကြောင်းသင့်များကို အပြောခင်ထဲကသေချာနားလည်အောင်ကြိုးစားထားပါ။ ကိုယ်ပြောမဲ့ အကြောင်း နဲ့ပတ်သတ်တဲ့ ကောင်းကျိုး ဆိုးကျိုးတွေ အသေးအမွှားကိစ္စလေးတွေက အစနားလည်အောင်လုပ်ဖို့လိုပါတယ်။ လူအများနားလည်အောင် နားထောင်ကောင်းအောင်ပြောဖို့ဆိုတာ ကိုယ်တိုင်အသေးစိတ်သိထားမှဟာကွက်မရှိပဲပြောဆိုနိုင်တာမလို့ကိုယ်တိုင်သေချာသိထားဖို့လိုပါတယ်။
(၂) ကိုယ့်သေချာမှုကိုယုံကြည်ပါ
ကိုယ်ပြောမဲ့အကြောင်းအရာရဲ့ သေချာကြောင်းကို ကိုယ်တိုင်ကယုံကြည်မှသူများတွေ ယုံကြည်နားလည်လွယ်အောင်ပြောလို့ရမှာပါ။ ကိုယ်ပြောမဲ့ အကြောင်းအရာရဲ့ အဓိပ္ပါယ်တွေကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိရှိနဲ့ ပြောဆိုမှသာ လူအများက ကိုယ့်ကို အထင်ကြီးလေးစားပြီး ယုံကြည်လာမှာဖြစ်ပါတယ်။ ဒါကြောင့် သူများတွေ ကိုယ့်ကို ယုံကြည်ဖို့အတွက် ပထမဆုံးခြေလှမ်းက ကိုယ့်ကိုယ်ကိုယ်ယုံကြည်ဖို့ပါပဲ။
(၃) ကိုယ်ပိုင်ဟန်သုံးပါ
လူအများရှေ့စကားပြောတဲ့အခါတိုင်း နာမည်ကြီးတွေပုံနဲ့တူအောင် လူကြိုက်များတဲ့လူတွေရဲ့စတိုင်နဲ့တူအောင် ကြိုးစားပြောဆိုဖို့မလိုပါဘူး။ဒီလို လူပိုကြိုက်လာမလားဆိုပြီး သူများ ပုံစံ အတုယူတာဟာ ပို အထင်သေးခံရတက်ပါတယ်။ ဒါကြောင့် ဘယ်မှာပဲပြောပြော ဘယ်သူနဲ့ပဲပြောပြော ကိုယ့်ရဲ့ကိုယ်ပိုင်ဟန် ကိုယ်ပိုင်မူလေးနဲ့ ယုံကြည်မှုရှိရှိပြောဆိုတက်ဖို့လိုပါတယ်။
(၄) အသံ အနေထားမှန်ကန်ပါစေ
အသံကိုမြှင့်ပြီး ယုံကြည်မှုရှိရှိပြောပါ။ ကိုယ်ပြောတဲ့အကြောင်းအရာတွေက မှန်နေသော်ငြားလည်း ကိုယ့်ရဲ့အသံက တိုးတိုး လေးနဲ့ဖြစ်နေတဲ့အခါ ကိုယ်ပြောနေတဲ့အကြောင်းတွေကို နားလည်ယုံကြည်ဖို့ခက်ပါလိမ့်မယ်။ အသံအကျယ်ကြီးနဲ့မတရားအော်ပြောတာမျိုး၊ အမိန့်ပေးတဲ့လေသံနဲ့ပြောတာမျိုး၊ ဆရာကြီး လုပ်ပြီးနားထောင်နေတဲ့လူတွေကို နှိမ်တဲ့ပုံမျိုးနဲ့ပြောတာမျိုး စတဲ့ Best Sepaker တစ်ယောက်မလုပ်သင့်တဲ့ အသံအမူယာ မျိုးကိုရှောင်ပေးဖို့လိုပါတယ်။
(၅) ဥပမာ သာဓက ထည့်ဖို့မမေ့ပါနဲ့
ကိုယ်ပြောဆိုတဲ့ အကြောင်းအရာနဲ့လိုက်ဖက်ပြီး လူနားလည်လွယ်မဲ့ ဥပမာလေးတွေ သာဓက လေးတွေထည့်ထည့်ပြီး ပြောပေးပါ။ဒီနည်းလေးဟာ ပြောနေတဲ့ကိုယ်ကိုယ်တိုင် အတွက်လည်း ကိုယ့် စကားတွေအတွက် ကိုယ်ပိုယုံကြည်မှုရှိလာသလို နားထောင်သူတွေအတွက်လည်း
ကိုယ်ပြောတဲ့ အကြောင်းအရာပေါ် ပိုမြင်လာပြီး နားလည်ရလွယ်ကူစေကာကိုယ့်အပေါ်ပိုယုံကြည်လာတက်ကြပါတယ်။
ဆိုတော့ ဘယ်နေရာဘယ်ဒေသရောက်ပြီး ဘယ်သူတွေနဲ့ပြောပြော Best Speaker တစ်ယောက်ဖြစ်နိုင်ကြပါစေလို့ဆုတောင်းရင်း…

183 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.