အားလုံးစောင့်မျှော်နေကြတဲ့ Disney Home Store ဖွင့်ပြီ !

ကမ္ဘာပေါ်က ပျော်စရာအကောင်းဆုံးနေရာတစ်ခုက အမှတ်တရပစ္စည်းလေးတွေ သင့်အိမ်ကို ဝယ်ယူသွားလို့ရနေပြီနော် … 😉

ကယ်လီဖိုးနီးယားက Disneyland မှာ ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ Disney Home Store မှာ ရရှိနိုင်တဲ့ ပစ္စည်းလေးတွေကို Disney ပရိတ်သတ်များဆီ လက်တို့ပေးလိုက်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်း ၊ အိမ်မွေးတိရစ္ဆာန်လေးတွေအတွက် အသုံးဝင်တဲ့ Accessories ၊ ချစ်စရာ အိမ်အလှဆင် ပစ္စည်းများနဲ့ အခြား ပစ္စည်းလေးတွေများစွာရှိပါသေးတယ်။ ရာသီအလိုက် သူတို့ဆိုင်မှာရောင်းတဲ့ ပစ္စည်းတွေတော့ ပြောင်းလဲမှုရှိသွားပါမယ်တဲ့။ နောက်ထပ် ဒီဇိုင်းအသစ်တွေလိုချင်တယ်ဆို ၃ – ၄လလောက်စောင့်ရမှာပါ။ Minnie and Mickey နဲ့ ကြိုက်တဲ့ သားသား၊ မီးမီး ၊ ကိုကို မမတွေအားလုံးအတွက်ခွက်၊ ပန်းကန်ပြား ၊ ပန်းကန်လုံးနဲ့ အခြားပစ္စည်းလေးတွေများစွာ ဖန်တီးထားပါတယ်။ အားလုံးကတော့ လိုချင်စရာချည်းပဲနော်… 🙁 ။ မြင်မိတော့ အကုန်ဝယ်ချင်နေမှာပဲ။ Ariel ရဲ့ ပရိသတ်တွေအတွက်လည်း လိုချင်စရာလေးတွေ တန်းစီရှိနေပါတယ်။ ဆိုင်ရဲ့အခင်းကျင်းနဲ့ ပစ္စည်း ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

29 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.