၂နှစ်နီးပါးဒရာမာဇာတ်လမ်းတွဲတွေနားထားခဲ့ပြီး မကြာခင်ပရိသတ်တွေရှေ့ပြန်လာတော့မယ့် So Ji Sub

မကြာသေးခင်ကမှ ချန်နယ်7 မှာပြသသွားခဲ့တဲ့ Master’s Sun ( လချစ်သောနေ) ဇာတ်လမ်းတွဲ ရဲ့ မင်းသား So Ji Sub ဟာ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်း ဦးလေးကြီးဆိုလည်းမမှားပါဘူး။

တီဗီမှာ ဟိုတလောကတွေ့ရတယ်ဆိုပေမဲ့ တကယ်တော့မင်းသား So Ji Sub ဟာ ရုပ်ရှင်မရိုက်တာ ၂နှစ်နီးပါးလောက်ရှိပါပြီ။“လချစ်သောနေ” က ၂၀၁၃ခုနှစ်ကရိုက်ကူးထားတဲ့ ဒရာမာဇာတ်လမ်း တွဲဖြစ်ပြီး နောက်ဆုံးရိုက်ကူးခဲ့တဲ့တဲ့ “Oh My Venus” ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်။မင်းသမီး Shin Min Ah နဲ့တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပြီး ၂၀၁၅ နိုဝင်ဘာလကနေ ဇန်န၀ါရီ ၅ရက်နေ့ထိ ကိုရီးယားမှာပြသခဲ့တဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။

အဲ့ဒီကတည်းက မင်းသား So Ji Sub ရဲ့ ဒရာမာဇာတ်လမ်းတွဲအသစ်တွေ ကိုမတွေ့ခဲ့ရတာပါ။ ဖေဖော်ဝါရီ ၂၂ရက်နေ့ကတော့ So Ji Sub ရဲ့ အေဂျင်စီကတာဝန်ရှိသူ တစ်ယောက်က So Ji Subဟာ MBC ရုပ်သံအစီအစဉ်က ဗုဒ္ဓဟူး ကြာသပတေးပြသမယ့် “Terius Behind Me” ဆိုတဲ့ဒရာမာ ဇာတ်လမ်းမှာပါဝင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရိုက်ကူးဖို့အချိန်ဇယားကတော့ မဆုံးဖြတ်ရသေးပါဘူး လို့အတည်ပြုပြောကြားခဲ့ပါတယ်။

Terius Behind Me ဇာတ်လမ်းတွကို ဒါရိုက်တာ Park Sang Hoo ရိုက်ကူးမှာဖြစ်ပြီး သူရိုက်ခဲ့တဲ့ “To the Beautiful You” ၊ “Jang Bori is Here” နဲ့ “Shopping King Louie” တို့ဟာ နာမည်ကြီးခဲ့တဲ့ဇာတ်လမ်းတွဲတွေဖြစ်ပါတယ်။

မင်းသား So Ji Sub ကိုတော့ ၂နှစ်ကျော်မတွေ့ခဲ့ရတာဖြစ်ပြီး ဒီဇာတ်လမ်းတွဲကသူ့ရဲ့ ပထမဆုံးပြန်ရိုက်တဲ့ဇာတ်လမ်းလည်းဖြစ်ပါတယ်။ “Terius Behind Me” ဇာတ်လမ်းတွဲကို ၂၀၁၈ သြဂုတ်လကုန်လောက်နဲ့စက်တင်ဘာလအစောပိုင်းလောက်မှာ ကိုရီးယားရုပ်သံ အစီအစဉ်တွေမှာပြသမယ်လို့လည်းမျှော်လင့်ရပါတယ်။ So Ji Sub ရဲ့ ပရိသတ်တွေအတွက်လည်း ဒီသတင်းက သတင်းကောင်းတစ်ခုဖြစ်မယ်ဆိုတာသေချာပါတယ်။

 

295 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.