အသည်းရောဂါဖြစ်နေပြီဆိုတာဘယ်လိုသိနိုင်သလဲ

ရောဂါဆို ဘယ်ရောဂါမှ မကောင်းပါဘူးလေ။ အသည်းရောဂါဆိုတာလည်း ရောဂါတွေကြီးတွေထဲမှာတစ်ခုအပါအ၀င်ပါပဲ။ ဆိုတော့ဘယ်လို လက္ခဏာတွေပြရင် အသည်းရောဂါဖြစ်နေပြီလဲ ဆိုတာသိရှိစေနိုင်ဖို့အနီးစပ်ဆုံး လက္ခဏာတစ်ချို့ကိုဖော်ပြပေးလိုက်ပါတယ်…
(၁) ပင်ပန်းနွမ်းနယ်နေတက်တယ်
ပြင်းပြင်းထန်ထန် လှုပ်ရှားမှုလုပ်ထားလို့နာကျင်နေတာမဟုတ်ပဲ ဒီတိုင်းကိုလူကပင်ပန်းနွမ်းနယ်နေပြီး ထိုင်းမှိုင်းနေတယ်ဆိုရင်တော့ နည်းနည်းသတိထားသင့်ပါတယ်။အသည်းရောဂါဆိုတာမျိုးက လူကြီး ကလေး အမျိုးသားအမျိုးသမီးရွေးတာမျိုးမဟုတ်ပါဘူး။ အရက်သောက်များတဲ့သူတွေသာ အဖြစ်များတဲ့ရောဂါ လို့သာထင်ရပင်မဲ့ ပြာဓာတ်များတဲ့ဆေးသောက်မိတဲ့အခါ ပဲဖြစ်ဖြစ် ကိုယ်နဲ့မတဲ့တဲ့ဆေးသောက်မှားလို့အသည်းထိတာမျိုးတွေ အများကြီးရှိပါတယ်။ ဒါကြောင့်ကိုယ်တွေလက်တေါမသယ်ချင်လောက်အောင်ပင်ပန်းနေတယ်ဆိုရင် တစ်ခြားရောဂါလည်းဖြစ်နိုင်ပင်မဲ့ အသည်း မဟုတ်ဘူးလို့လည်း မဆိုနိုင်ပါဘူး။
(၂) နောက်ကျောနဲ့ရင်ဘတ်အောက်ကနာတက်တယ်
နောက်ကျောနဲ့ရင်ဘတ်အောက်အသည်း ရှိတဲ့နေရာက တစ်ဆစ်ဆစ်နဲ့ကိုက်ခဲတာမျိုးဆိုရင် သတိထားဖို့လိုပါပြီ။ အသည်းရောင်တာ အသည်းအဆီဖုံးတာတို့ရဲ့သင်္ကေတဟာ အသည်းရှိတဲ့ရင်ဘတ်အောက်နဲ့နောက်ကျောဘက်က တစ်ဆစ်ဆစ်ထိုးထိုး ပြီး ကိုက်တာမျိုးပါ။ရယ်ချင်သလိုငိုချင်သလို ခံစားချက်ကြီးနဲ့တစ်ဆစ်ဆစ်ထိုးကိုက်နေပြီဆိုရင် သေချာစစ်ဆေးကုသဖို့လိုအပ်နေပါပြီ။
(၃) အသည်းအဆီဖုံးရောဂါခံစားရတက်
အသည်းရောဂါအမျိုးအစားတွေ ထဲကမှ အသည်း အဆီဖုံးတဲ့ရောဂါဟာ သိပ်ကိုအဖြစ်များကြတဲ့ရောဂါတစ်ခုပါ။ အဆီစားများတာကြောင့်သော်လည်းကောင်း၊အရက် ဘီယာသောက်သုံးမှုများတာကြောင့်သော်လည်းကောင်း ဒီရောဂါကို ခံစားရတက်ကြပါတယ်။ ဒါမျိုး အစဖြစ်သွားပြီဆိုရင် နောက်ပိုင်းအသည်းနဲ့ပတ်သတ်ပြီးတစ်ခြားရောဂါပိုးတွေ ၀င်ရောက်နိုင်တာ မလို့ အသည်းအဆီဖုံးတာလောက်ကတော့ အေးဆေးပါလို့ပေါ့ပေါ့လေး မတွေးလိုက်ပါနဲ့။
(၄) ဆီးတွေညစ်နေတက်တယ်
ကိုယ့်ရဲ့ဆီး အရောင်တွေဟာ ပုံမှန်ဆီးရောင်အတိုင်း မဟုတ်ပဲ ပုံမှန်ထက်ပိုဝါနေပြီး အရောင်ညစ်ညစ်ကြီးဖြစ်နေမယ်ဆိုရင် (သို့) ဆီးရောင်မသန့်ဘူးဖြစ်နေမယ်ဆိုရင်ဒါဟာလည်း အသည်းရောဂါကို ဖြစ်စေနိုင်တဲ့လက္ခဏာဖြစ်ပါတယ်။
(၅) အသားတွေဝါနေတက်တယ်
သိပ်ကိုသိသားတဲ့ လက္ခဏာပါပဲ အသည်းရောင် အသားဝါဖြစ်ဖို့ပြနေတဲ့Sign တစ်မျိုးပါ။ နဂို အသားရည်ထက် ပိုပြီး ၀ါနေပြီး မျက်လုံးတွေပါအ၀ါရောင်သန်းနေမယ်ဆိုရင် ဒါဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အသည်းဟာ တစ်ခုခုဖြစ်နေပြီဆိုတာသေချာသလောက်ဖြစ်နေပါပြီ။
အသည်းရောဂါကင်းစင်ပြီး ကျန်းမာသုခအဖြာဖြာကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း…

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.