ကိုယ့်ချစ်သူကောင်လေး က ကိုယ့်အတွက် ချစ်ဖို့သက်သက်ချစ်သူရည်းစားအနေနဲ့ပဲလား (ဒါမှမဟုတ်) ကိုယ့်ရဲ့အချစ်ဆုံးသူငယ်ချင်း ကောင်းတစ်ယောက်လိုရော ကိုယ့်အတွက်ရှိနေပေးတက်လား ဆိုတာ အောက်ကအချက်ကလေးတစ်ချို့ကနေသိစေနိုင်ပါတယ်…
(၁) ဘယ်အကြောင်းအရာမဆိုအပြိုင်လိုက်ပြောနိုင်တယ်
ကိုယ်ချစ်သူကောင်လေးဆိုပြီး ကိုယ့်ကို မချစ်တော့မှာ အထင်သေးမှာကြောက်ရွံ့နေစရာမလိုပဲ ကိုယ့်ထင်မြင်ယူဆ ချက်အတိုင်း အကြောင်းအရာတစ်ချို့ကိုငြင်းခုန်ပြောဆိုနိုင်ပြီဆိုရင် ဘေးနားကကိုယ့်ချစ်သူဟာ ကိုယ့်အတွက် သူငယ်ချင်းတစ်ယောက်အနေနဲ့လည်းရှိနေပါပြီ။
(၂) နာကျင်မှုတိုင်းကိုသက်သာစေတယ်
ကိုယ့်ရဲ့အိမ်တွင်းရေးပြဿနာပဲဖြစ်ဖြစ် ကိုယ့်ပြဿနာပဲဖြစ်ဖြစ် သေးသေး လေးကအစ အကြီးဆုံး အထိ သူ့ကိုတိုင်ပင်ပြောဆိုလို့ရပြီး ကိုယ့်ရဲ့နာကျင်ခံစားမှုတိုင်းကို ဘယ်လိုပုံစံနဲ့ရင်ဖွင့်ဖွင့် အဆုံးထိ သည်းခံနားထောင်ပေးပြီး ကိုယ့်နာကျင်မှုကို တက်နိုင်သမျှလျော့အောင် ချော့တစ်ခါ
ပေါတစ်လှည့် ဖြေဖျောက်ပေးတက်တဲ့ ချစ်သူကောင်လေးရှိနေပြီဆိုရင်တော့သူဟာ ကိုယ့်အတွက် အကောင်းဆုံးသူငယ်ချင်းပါ ဖြစ်နေပြီဆိုတာသတိရပါ။
(၃) ကိုယ့်ရဲ့ပုံစံတိုင်းကိုလက်ခံနိုင်တယ်
Effectတွေသုံးပြီး ရိုက်ထားတဲ့ပုံတွေပို့တဲ့အခါလည်း ကျေကျေနပ်နပ်ကြီးလက်ခံသလို ဆံပင်ရှုပ်ပွကြီးနဲ့ကိုယ့်ရဲ့အိပ်ချင်မူးတူးပုံ သူ့ကိုပို့ရမှာကိုယ့်အတွက်ရှက်ကြောက်စရာကိစ္စလို့မခံစားရတော့ဘူးဆိုရင် ကိုယ်ဟာသူ့အပေါ်ကို ချစ်သူရည်းစားလိုရောသူငယ်ချင်းကောင်းလိုပါ အရမ်း ယုံကြည်မိနေပါပြီ။
(၄) ပွင့်လင်းလာမယ်
ဥပမာပေါ့ကွာ တူတူလျှောက်သွားရင်းနဲ့ဗိုက်ဆာတဲ့အခါ ရှက်ပြီး ဆာရင်ဆာကြောင်း မပြောရဲတာမျိုးတွေ မရှိပဲ ကိုယ်ဆာရင်ဆာတယ်။ကိုယ်ဘာစားချင်ရင်စားချင်တယ် ဆိုတာမျိုး ကိုယ့်ကောင်လေးကို ရဲရဲဝံ့ဝံ့ပြောတက်တနေပြီဆိုရင် ကိုယ့်စိတ်ထဲမှာကိုယ့်ကောင်လေးဟာသူငယ်ချင်းကောင်းဖြစ်နေပါပြီ။
(၅) ချီးကျူးစကားပြောတယ်
ကိုယ့်ရဲ့တိုးတက်အောင်မြင်မှု သေးသေးပဲဖြစ်ဖြစ် ကြီးကြီးပဲဖြစ်ဖြစ် ဘာကို မဆိုကိုယ်နည်းနည်းလေးလုပ်နိုင်တာနဲ့တင် တော်လိုက်တာဆိုတာမျိုး အမြဲတစ်ဖွဖွ ချီးကျူးစကားပြောပေးတက်ကြပါတယ်။ ကိုယ့်အတွက် ချီးကျူးစကားပြောရမှာ ကို သူဝန်မလေးသလို သူချီကျူးပေးလို့ကိုယ်
ပျော်တာကို ကြည့်ရင်းကြည်နူးနေတက်သူပါ။
ဆိုတော့ကိုယ်ချစ်သူကောင်လေးရော ကိုယ့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေဖြစ်နေပြီလား???
ချစ်သူကောင်းရောသူငယ်ချင်းကောင်းပါဖြစ်နိုင်တဲ့ကောင်လေးဆိုတာ

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။