Stormi လေးနဲ့ပတ်သတ်ပြီး ပရိတ်သတ်တွေကသိချင်နေလို့ Kylie က ခုလိုပြောပြခဲ့တာပါ။
Kylie Jenner နဲ့ Travis Scott တို့ရဲ့ သမီးလေး ဖေဖော်ဝါရီ ၄ရက်နေ့မှာ မွေးဖွားတဲ့သတင်းဟာ တစ်ကမ္ဘာလုံးကိုပျံ့ နှံ့သွားပြီးနောက် သမီးလေးကို Stormi Webster လို့ အမည်ပေးထားတာကလွဲပြီး ကျန်တဲ့သတင်းအစနတွေ ဘာကိုမှ ပရိသတ်တွေမသိရလို့ပါ။ ကးလေးလေးချီထားတဲ့ပုံမှအပ ကလေးကိုသေချာရိုက်ပြထားတဲ့ပုံတစ်ခုတောင် မတွေ့ရတာကြောင့် ပရိသတ်တွေကလည်း မြင်ချင်လွန်းလှပြီ။
Kylie လက်မကို လက်ပိစိလေးနဲ့ ကိုင်ထားတဲ့ပုံ တက်လာပြီးနောက် ပရိသတ်တစ်ယောက်က ကလေးလေးပုံစံကိုကြည့်ချင်တယ်လို့ တောင်းဆိုတော့ သမီးလေးက သူမငယ်ငယ်တုန်းကအတိုင်းပါပဲလို့ Kylie ကပြောပြခဲ့ပါတယ်။ မျက်နှာလေးတောင် မပြသေးဘူး… လက်ပုံလေးပဲတင်ရုံရှိသေး … ၂၁နာရီအတွင်း Likes ပေါင်း ၁၄မီလီလျံရှိသွားပါတယ်တဲ့။ Beyonce ရဲ့ကလေးပုံတွေထက်တောင် စံချိန်ချိုးသွားကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ (ဖေဖော်ဝါရီ ၁၉)ရက်နေ့မှာတော့ Stormi လေးနဲ့ပတ်သတ်ပြီး Travis ကိုအင်တာဗျုးတော့ Stormi လေးကို မီဒီယာတွေနဲ့ဝေးဝေးမှာထားချင်တယ်။ ကလေးကို သာမန်ဘဝတစ်ခုကိုပဲ ပိုင်ဆိုင်စေချင်တယ်လို့ ဆိုပါတယ်။ သေချာပါတယ်.. Stormi လေးလည်း အမေတူသမီးလေး ဖြစ်မယ်ဆိုတာ ပရိတ်သတ်တွေလည်း ယုံကြည်တယ်။