Grammy ပွဲမှာ Beyonce သမီးလေးရဲ့အပြုမူကြောင့် စိတ်လှုပ်ရှားခဲ့ရတယ်ဆိုတဲ့ Camila Cabello

Blue Ivy လေးက စင်ပေါ်မှာပြောခဲ့တဲ့ Camila ရဲ့ကျေးဇူးတင်စကားကို မကြိုက်လို့များလား …

Queen B နဲ့ Jay တို့ရဲ့သမီးလေး Blue Ivy ဟာ ဂီတရဲ့အစိတ်ပိုင်းတစ်ခုလည်းဖြစ်သလို လူတိုင်းကိုစိတ်လှုပ်ရှားအောင်လုပ်သွားပြန်လေပြီ။ Camila ကတော့ ပြောစရာစကားမရှိခဲ့ဘူး။ Grammy ပွဲမှာ Camila စင်ပေါ်မှာ ကျေးဇူးတင်စကားပြောပြီးနောက် အားလုံးလက်ခုပ်တီးချိန် Blue Ivy လေးရဲ့လက်ကာပြတဲ့ ပုံစံက Camila Cabello ကို ဆွံအစေခဲ့တယ်

အင်တာနက်မှာ ပျံ့ သွားတဲ့ ဗီဒီယိုကိုကြည့်ပြီးနောက် Camila က ” ကျွန်မစကားပြောတာကို Ivy သဘောမကျလို့များလား ” လို့ နားမလည်နိုင်စွာပြန်မေးခွန်းထုတ်ခဲ့တယ်။ အဲ့ဒါ ဘာကိုဆိုလိုတယ်လို့ ထင်လဲ.. သူ့ကိုယ်သူလည်း အံ့သြမိသလို ၊ Ivy ဘာတွေတွေးနေလဲဆိုတာ သူလည်းမသိဘူး.. ဒါပေမယ့် Ivy သူ့ကို သဘောကျမယ်ထင်ပါတယ်လို့ Camila ကပြောပြန်တယ်။

တစ်ခြားသူတွေကတော့ ဒီအခြေအနေနဲ့ပတ်သတ်ပြီး စိတ်ထဲဘာမှမဖြစ်အောင် ဖျောင်းဖျပေမယ့် ကလေးရဲ့အမူရာကို သူမ နားလည်မှုလွဲသွားနိုင်တယ်လို့ဆိုကြတယ်။ ” တော်သေးတာပေါ့.. စကားပြောနေချိန် လူအုပ်ထဲကို သေချာလှမ်းမကြည့်တာကံကောင်းတယ်” လို့ Camila Cabello ကပြောပါတယ်။ Ivy လေးရဲ့အမူရာနဲ့ပတ်သတ်ပြီး သူမတကယ် နားမလည်နိုင်ဖြစ်နေပုံပါပဲ။

626 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.