Barbecue နဲ့ပတ်သတ်ပြီး သင်မသိသေးတဲ့အရာတွေ..

ဆောင်းရာသီရောက်တိုင်း အမေရိကန်မြောက်ပိုင်းမှာဆို အလွန်အရသာရှိတဲ့ အသားကင်ပွဲတော်ကြီးအတွက် လတ်ဆက်တဲ့အသားတွေကို ဝယ်ယူပြင်ဆင်ကြတယ်။ ဒါပေမယ့် အသားကင်နဲ့ပတ်သတ်ပြီး ကျွန်တော်တို့ ဘယ်လောက်သိထားလဲ?စားသာစားနေတယ်.. Barbecue နဲ့ပတ်သတ်ပြီး သိထားတော့လည်း ကောင်းတာပေါ့။ သူငယ်ချင်းတွေနဲ့ အိမ်နီးချင်းတွေကို ပြန်ပြောပြလို့ရတယ်…ကဲ အသားကင်နဲ့ ပတ်သတ်ပြီး လူတွေသိပ်မသိသေးတဲ့အရာတွေက ဘာတွေဖြစ်မလဲ…

Barbecue က ဝက်သားကနေ စတင်ခွဲထွက်လာတာဖြစ်ပါတယ်။ အရင်က အမေရိကန်တောင်ပိုင်းမှာ ပြည်တွင်းစစ်တွေမတိုင်ခင်တည်းက လူတွေဟာ ဝက်တစ်ကောင်လုံးကို သတ်ပြီိး ချက်စားကြတယ်။

– အသားကို ကင်ပြီးစားကြတာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆ဝဝဝကျော်က စားလာကြတာဖြစ်ပြီး ဒီလိုစားတာကလည်း လုံခြုံစိတ်ချရတယ်လို့ထင်ကြတယ်။ အစားကိုကင်စားခြင်းက ဘတ်တီးရီးယားနဲ့ အင်းဇိုင်းဓာတ်တွေကို ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။

– သြစတေးလျမှာ barbecue ကိုများသောအားဖြင့် barbie လို့ ရည်ညွန်းကြတယ်။ သြစတေးလျ tourism ကြေငြာတွေမှာဆို “I’ll slip an extra shrimp on the barbie for you ” ဆိုတာ သူတို့နိုင်ငံကိုရည်ညွန်းတဲ့အနေနဲ့ မကြာခဏဖော်ပြလေ့ရှိပါတယ်။

– အခုခေတ်မှာတော့ အမေရိကန်မြောက်ပိုင်းမှာ တကယ့် barbecue အစစ်တွေသိပ်မရှိတော့ဘူး။ သူတို့အတွက် barbecue ဆိုတာ ရေဆူချိန်အမှတ် (180-220*F) နဲ့ ပြုတ်ပြီး အသားနူးညံ့အောင်လုပ်ကြတယ်..အသားရဲ့မူလရှိပြီးသား အချိုဓာတ်မပျောက်ပျက်သွားအောင်ပေါ့။

– Barbecue လုပ်ငန်းအဖွဲ့စည်းတွေအရ ယူအက်စ်မှာ marshmallows ကိုတစ်ဝက်လောက်ကင်ပြီး စားကြတယ်လို့သိရပါတယ်။

– barbecue ရဲ့မူလ စကားလုံးကိုတော့ သေချာကွဲပြားစွာမသိရသေးပါဘူး။ တစ်ချို့ ကပြောကြတာတော့ အမေရိကန် – အိန္ဒိယ စကားလုံးတွေက ကွဲထွက်လာတာလို့ ယူဆကြတယ်။ တစ်ချို့ ကလည်း ပြင်သစ်ကလာတယ်လို့ ဆိုကြတယ်။

Kansas City, Missouri နဲ့ Lexington, North Carolina တို့ကို ကမ္ဘာ့အကင်အစားဆုံး မြို့ တွေလို့ သတ်မှတ်ထားကြပါတယ်။ တစ်ချိန်တည်းမှာပဲ Memphis ကတော့ ဝက်သား barbecue ကို အစားအများဆုံးလို့ သိရပါတယ်။

191 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.