ဘ၀ကိုေပ်ာ္ရႊင္ေပါ့ပါးစြာျဖတ္သန္းႏုိင္ဖို႔ ဒီစကားေလးေတြေျပာတာကုိေရွာင္ဖို႔လို…

ကိုယ္ေတြရဲ ႔စိတ္ကူးစိတ္သန္းေတြမွာ အစြမ္းေတြရွိပါတယ္တဲ႔။စိတ္ကူးစိတ္သန္းေတြဆိုတာ အတြင္းစိတ္ရဲ ႔နက္ရွိဳင္းတဲ႔ေနရာတစ္ခုမွာတည္ရွိေနတာျဖစ္ျပီး ဘ၀ရဲ ႔ေန႔စဥ္ လုပ္ေဆာင္မႈေတြအေပၚကို လည္းသက္ေရာက္မႈရွိေစပါတယ္။အေတြးေတြ၊ စိတ္ကူးေတြရွိလို႔သာလက္ေတြ႔လုပ္ေဆာင္မႈဆိုတာျဖစ္လာတာမဟုတ္လား?

ဥပမာ ေကာ္ဖီေသာက္မယ္လို႔ေတြးထားျပီးရင္ ေကာ္ဖီထေဖ်ာ္တာမ်ိဳးေပါ့။အဲ႔လိုပဲ ညဘက္မိတ္ကပ္ေတြ ဖ်က္ဖို႔ကုိပ်င္းျပီးမဖ်က္ေတာ့ဘူးလို႔ေတြးမိရင္ တကယ္လည္းထျပီး မဖ်က္မိေတာ့ပါဘူး။အဲ႔လုိမ်ိဳးအေတြးေတြက အျပဳအမူေတြေပၚသက္ေရာက္မႈရွိေစပါတယ္။သင့္ရဲ ႔အေတြးေတြကမေကာင္းရင္ အျပဳအမူကလည္းမေကာင္းႏုိင္ပါဘူး။ေကာင္းတဲ႔အေတြးအေခၚေတြ ကေတာ့ ဘ၀ကိုေအာင္ျမင္တဲ႔လမ္းေၾကာင္းကုိေခၚသြားပါတယ္။အဲ႔ဒါေၾကာင့္သင္တို႔ရဲ ႔မေကာင္းတဲ႔အေတြးေတြ၊စိတ္ကူးေတြကုိထိန္းခ်ဳပ္ကုိင္တြယ္ဖို႔ေတာ့လုိပါတယ္။

ေလ့လာခ်က္ေတြအရ ကိုယ္ေတြေန႔တိုင္းေျပာေနမိတတ္တဲ႔စကားေတြရွိပါတယ္။ အဲ႔ဒါေတြကေတြးေတာင္မေတြးမိပဲနဲ႔ပါးစပ္ကေန ေန႔တိုင္းနီးပါးလိုလိုထုတ္ေျပာမိတဲ႔စကားေတြပါ။ အမ်ားဆံုးသံုးေလ့ရွိတဲ႔စကားစုေလးေတြျဖစ္ျပီး အဲ႔ဒီစကားေတြကသင့္ဘ၀အတြက္ ဘာမွအက်ိဳးမရွိေစတဲ႔စကားေတြ၊ အဆုိးျဖစ္ေစတဲ႔စကားေတြလည္းျဖစ္ပါတယ္။အဲ႔ဒါေၾကာင့္ အခုေျပာျပမယ့္စကားစုေလးေတြက သင္အျမဲတမ္းေျပာေနက်ဆုိရင္ ဒီစာေလးကုိဖတ္ျပီးတာနဲ႔ အဲ႔လိုေျပာေနတာေတြကုိရပ္တန္႔ပစ္လိုက္ပါေတာ့။

*ငါက အျပစ္ရွိသူတစ္ေယာက္ပါ

(ဒီစကားက သင့္ကိုလည္းအားငယ္၀မ္းနည္းစိတ္ေတြျဖစ္ေစျပီး တျခားတစ္ဖက္ကိုလဲ အျပစ္ရွိသလိုခံစားသြားရေစပါတယ္။အေျပာနဲ႔မဟုတ္ပဲ အျပဳအမူနဲ႔ျပန္ျပင္ဆင္ပါ)

*ငါေတာင္းပန္ပါတယ္

(ေတာင္းပန္ဖုိ႔လိုတဲ႔အရာအတြက္ပဲေတာင္းပန္ပါ မလိုအပ္တဲ႔အရာေတြအတြက္ ေတာင္းပန္ပါတယ္ေျပာေနတာက တစ္ခါတစ္ေလ ရြဲ႔ေနသလိုျဖစ္တတ္ျပီးကုိယ့္ကုိယ္ကုိယ္လည္း အသံုးမက်ဘူးလို႔ခံစားမိေစပါတယ္)

*င့ါမွာအခ်ိန္မရွိဘူး

(အခိ်န္ေပးခ်င္တဲ႔သူအတြက္ အခ်ိန္ဆိုတာရွိပါတယ္။အခိ်န္မရွိဘူးလို႔ေျပာလိုက္တာက သူမ်ားအတြက္လည္းၾကားရတာမေကာင္းသလို ကိုယ္ကိုယ္ကုိယ္တိုင္လည္း စိတ္ဖိစီးမႈမ်ားလာတတ္ပါတယ္)

*ငါပင္ပန္းေနျပီ

(ဒီစကားက တစ္ဖက္လူအတြက္ အျပစ္ရွိသလို၊အျပစ္မကင္းသလုိခံစားရေစျပီး သင့္အတြက္လည္းစိတ္ဖိစီးမႈမ်ားလာေစပါတယ္)

*ငါက ဒီအရာနဲ႔မထုိက္တန္ပါဘူး

(ဒီလုိစကားမ်ိဳးေျပာတာက ကိုယ့္ကိုယ္ကုိယ္သိမ္ငယ္ေစျပီး အသံုးမက်သလို၊အသံုးမ၀င္သလို ခံစားရေစပါတယ္။ကိုယ့္ကိုယ္ကုိယ္အျပစ္တင္အားငယ္ေနမယ့္အစား လက္ေတြ႔ဘာလို႔ဒီအရာက ငါ့အတြက္မျဖစ္ႏုိင္တာလဲစဥ္းစားျပီး ကိုယ့္စိတ္ကုိျပင္ဆင္ဖို႔လိုပါတယ္)

*သူမရွိပဲ ငါမေနႏုိင္ဘူး

(ခ်စ္သူစံုတြဲေတြေတာ္ေတာ္မ်ားမ်ားေျပာေလ့ရွိပါတယ္။ဒီစကားက တစ္ဖက္လူက သူဟာ သင့္အတြက္မရွိမျဖစ္အေရးၾကီးတယ္လို႔မာန္တက္သြားျပီး  သူလုပ္ခ်င္တာပဲလုပ္ေနေတာ့ မွာပါ။သူဘာလုပ္လုပ္ သင္ကသူမရွိရင္မေနႏုိင္ဘူးေျပာထားတဲ႔အတြက္ အျမဲအေလ်ာ့ေပး နားလည္ေနရေတာ့မွာ မဟုတ္လား။ဒါဆို ေရရွည္က်ရင္ သင့္စိတ္မွာလည္းဖိအားေတြ မ်ားလာေတာ့မွာပါ)

*ငါအဆင္ေျပပါတယ္

(တစ္ခ်ိဳ႔သူေတြက အဆင္မေျပေပမဲ႔လည္း တစ္ျခားသူေတြစိတ္မေကာင္းမျဖစ္ေအာင္ ငါအဆင္ေျပပါတယ္လို႔ေျပာေလ့ရွိပါတယ္။အဲ႔ဒီလိုမလုပ္ပဲ အဆင္မေျပရင္မေျပတဲ႔အေၾကာင္း ရင္းႏွီးတဲ႔သူေတြကုိေျပာျပပါ။တကယ္အဆင္ေျပလို႔ေျပတယ္ေျပာတာက ကိစၥမရွိေပမဲ႔ အဆင္မေျပပဲနဲ႔ေျပတယ္လို႔ေျပာတာက သင့္အတြက္လံုး၀အက်ိဳးမရွိမေကာင္းေစတဲ႔ ကိစၥတစ္ခုပါပဲ)

ေကာင္းမြန္တဲ႔အေတြးေလးေတြ၊ေကာင္းမြန္တဲ႔စကားေလးေတြေျပာျပီး ဘ၀ကုိေအးေအးေဆးေဆးေပ်ာ္ေပ်ာ္္ရႊင္ရႊင္ျဖတ္သနး္ၾကရေအာင္ပါ…

Unicode

ကိုယ်တွေရဲ ့စိတ်ကူးစိတ်သန်းတွေမှာ အစွမ်းတွေရှိပါတယ်တဲ့။စိတ်ကူးစိတ်သန်းတွေဆိုတာ အတွင်းစိတ်ရဲ ့နက်ရှိုင်းတဲ့နေရာတစ်ခုမှာတည်ရှိနေတာဖြစ်ပြီး ဘဝရဲ ့နေ့စဉ် လုပ်ဆောင်မှုတွေအပေါ်ကို လည်းသက်ရောက်မှုရှိစေပါတယ်။အတွေးတွေ၊ စိတ်ကူးတွေရှိလို့သာလက်တွေ့လုပ်ဆောင်မှုဆိုတာဖြစ်လာတာမဟုတ်လား?

ဥပမာ ကော်ဖီသောက်မယ်လို့တွေးထားပြီးရင် ကော်ဖီထဖျော်တာမျိုးပေါ့။အဲ့လိုပဲ ညဘက်မိတ်ကပ်တွေ ဖျက်ဖို့ကိုပျင်းပြီးမဖျက်တော့ဘူးလို့တွေးမိရင် တကယ်လည်းထပြီး မဖျက်မိတော့ပါဘူး။အဲ့လိုမျိုးအတွေးတွေက အပြုအမူတွေပေါ်သက်ရောက်မှုရှိစေပါတယ်။သင့်ရဲ ့အတွေးတွေကမကောင်းရင် အပြုအမူကလည်းမကောင်းနိုင်ပါဘူး။ကောင်းတဲ့အတွေးအခေါ်တွေ ကတော့ ဘဝကိုအောင်မြင်တဲ့လမ်းကြောင်းကိုခေါ်သွားပါတယ်။အဲ့ဒါကြောင့်သင်တို့ရဲ ့မကောင်းတဲ့အတွေးတွေ၊စိတ်ကူးတွေကိုထိန်းချုပ်ကိုင်တွယ်ဖို့တော့လိုပါတယ်။

လေ့လာချက်တွေအရ ကိုယ်တွေနေ့တိုင်းပြောနေမိတတ်တဲ့စကားတွေရှိပါတယ်။ အဲ့ဒါတွေကတွေးတောင်မတွေးမိပဲနဲ့ပါးစပ်ကနေ နေ့တိုင်းနီးပါးလိုလိုထုတ်ပြောမိတဲ့စကားတွေပါ။ အများဆုံးသုံးလေ့ရှိတဲ့စကားစုလေးတွေဖြစ်ပြီး အဲ့ဒီစကားတွေကသင့်ဘဝအတွက် ဘာမှအကျိုးမရှိစေတဲ့စကားတွေ၊ အဆိုးဖြစ်စေတဲ့စကားတွေလည်းဖြစ်ပါတယ်။အဲ့ဒါကြောင့် အခုပြောပြမယ့်စကားစုလေးတွေက သင်အမြဲတမ်းပြောနေကျဆိုရင် ဒီစာလေးကိုဖတ်ပြီးတာနဲ့ အဲ့လိုပြောနေတာတွေကိုရပ်တန့်ပစ်လိုက်ပါတော့။

*ငါက အပြစ်ရှိသူတစ်ယောက်ပါ

(ဒီစကားက သင့်ကိုလည်းအားငယ်ဝမ်းနည်းစိတ်တွေဖြစ်စေပြီး တခြားတစ်ဖက်ကိုလဲ အပြစ်ရှိသလိုခံစားသွားရစေပါတယ်။အပြောနဲ့မဟုတ်ပဲ အပြုအမူနဲ့ပြန်ပြင်ဆင်ပါ)

*ငါတောင်းပန်ပါတယ်

(တောင်းပန်ဖို့လိုတဲ့အရာအတွက်ပဲတောင်းပန်ပါ မလိုအပ်တဲ့အရာတွေအတွက် တောင်းပန်ပါတယ်ပြောနေတာက တစ်ခါတစ်လေ ရွဲ့နေသလိုဖြစ်တတ်ပြီးကိုယ့်ကိုယ်ကိုယ်လည်း အသုံးမကျဘူးလို့ခံစားမိစေပါတယ်)

*င့ါမှာအချိန်မရှိဘူး

(အချိန်ပေးချင်တဲ့သူအတွက် အချိန်ဆိုတာရှိပါတယ်။အချိန်မရှိဘူးလို့ပြောလိုက်တာက သူများအတွက်လည်းကြားရတာမကောင်းသလို ကိုယ်ကိုယ်ကိုယ်တိုင်လည်း စိတ်ဖိစီးမှုများလာတတ်ပါတယ်)

*ငါပင်ပန်းနေပြီ

(ဒီစကားက တစ်ဖက်လူအတွက် အပြစ်ရှိသလို၊အပြစ်မကင်းသလိုခံစားရစေပြီး သင့်အတွက်လည်းစိတ်ဖိစီးမှုများလာစေပါတယ်)

*ငါက ဒီအရာနဲ့မထိုက်တန်ပါဘူး

(ဒီလိုစကားမျိုးပြောတာက ကိုယ့်ကိုယ်ကိုယ်သိမ်ငယ်စေပြီး အသုံးမကျသလို၊အသုံးမဝင်သလို ခံစားရစေပါတယ်။ကိုယ့်ကိုယ်ကိုယ်အပြစ်တင်အားငယ်နေမယ့်အစား လက်တွေ့ဘာလို့ဒီအရာက ငါ့အတွက်မဖြစ်နိုင်တာလဲစဉ်းစားပြီး ကိုယ့်စိတ်ကိုပြင်ဆင်ဖို့လိုပါတယ်)

*သူမရှိပဲ ငါမနေနိုင်ဘူး

(ချစ်သူစုံတွဲတွေတော်တော်များများပြောလေ့ရှိပါတယ်။ဒီစကားက တစ်ဖက်လူက သူဟာ သင့်အတွက်မရှိမဖြစ်အရေးကြီးတယ်လို့မာန်တက်သွားပြီး  သူလုပ်ချင်တာပဲလုပ်နေတော့ မှာပါ။သူဘာလုပ်လုပ် သင်ကသူမရှိရင်မနေနိုင်ဘူးပြောထားတဲ့အတွက် အမြဲအလျော့ပေး နားလည်နေရတော့မှာ မဟုတ်လား။ဒါဆို ရေရှည်ကျရင် သင့်စိတ်မှာလည်းဖိအားတွေ များလာတော့မှာပါ)

*ငါအဆင်ပြေပါတယ်

(တစ်ချို့သူတွေက အဆင်မပြေပေမဲ့လည်း တစ်ခြားသူတွေစိတ်မကောင်းမဖြစ်အောင် ငါအဆင်ပြေပါတယ်လို့ပြောလေ့ရှိပါတယ်။အဲ့ဒီလိုမလုပ်ပဲ အဆင်မပြေရင်မပြေတဲ့အကြောင်း ရင်းနှီးတဲ့သူတွေကိုပြောပြပါ။တကယ်အဆင်ပြေလို့ပြေတယ်ပြောတာက ကိစ္စမရှိပေမဲ့ အဆင်မပြေပဲနဲ့ပြေတယ်လို့ပြောတာက သင့်အတွက်လုံးဝအကျိုးမရှိမကောင်းစေတဲ့ ကိစ္စတစ်ခုပါပဲ)

ကောင်းမွန်တဲ့အတွေးလေးတွေ၊ကောင်းမွန်တဲ့စကားလေးတွေပြောပြီး ဘဝကိုအေးအေးဆေးဆေးပျော်ပျော််ရွှင်ရွှင်ဖြတ်သနး်ကြရအောင်ပါ…

 

 

 

284 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.