တောင်ကိုရီးယားမင်းသားချော Lee Seung Gi ဟာ မကြာသေးခင်က သူငယ်ချင်းဖြစ်သူ IU ရဲ့ ရုပ်ရှင်ရိုက်ကွင်းကို ကော်ဖီကားတစ်စီးပို့ပေးခဲ့တဲ့သတင်းဟာ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။
Lee Seung Gi ဟာ ကော်ဖီနဲ့မုန့်အပြည့်ပါဝင်တဲ့ထရပ်ကားကို IU ရဲ့ ရုပ်ရှင်ကားသစ် My Ahjussi ဇာတ်ကားရိုက်ကူးရေးလုပ်နေတုန်းပို့ပေးခဲ့တာဖြစ်ပါတယ်။သူက “Ji Eun (IU) နဲ့ My Ahjussi ရုပ်ရှင်အတွက်ကြိုးစားနေတဲ့လုပ်ဖော်ကိုင်ဖက်တွေအားလုံး မုန့်နဲ့ကော်ဖီသောက်ပြီး အားသစ်ယူပါ”လို့ သူ့ရဲ့ နာမည်၊လက်မှတ်နဲ့အတူပို့ပေးခဲ့တာဖြစ်ပါတယ်။
Lee Seung Gi နဲ့ IU ဟာ ၂၀၀၉ခုနှစ်က SBS Variety show တစ်ခုဖြစ်တဲ့ Strong Heart မှာစတင်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက Lee Seung Gi က အစီအစဉ်တင်ဆက် သူဖြစ်ခဲ့တာပါ။အဲ့ဒီနောက်သူငယ်ချင်းတွေဖြစ်လာခဲ့ပြီး ၂၀၁၅တုန်းက IU ရဲ့ရုပ်ရှင်ဇာတ်ကား Producer မှာဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့သေးတယ်လို့သိရပါတယ်။
၂၀၀၉ခုနှစ်တုန်းကစခင်ခဲ့တဲ့သံယောဇဉ်ဖြစ်ပြီး အခုဆိုရင် ၈နှစ်ကျော်နီးပါးမောင်နှမ သံယောဇဉ်လိုဖြစ်နေပါပြီ။အခုလည်း IU ရဲ့ ရုပ်ရှင်ကားသစ်အတွက်အားပေးတဲ့အနေနဲ့ ကော်ဖီလက်ဆောင် ပို့ပေးတာဖြစ်လို့သူတို့နှစ်ယောက်ကိုသဘောကျနှစ်သက်ကြတဲ့ ပရိသတ်တွေကလည်းပျော်ရွှင်ကြည်နူးနေကြတယ်လို့သိရပါတယ်။