ကနေဒီယန်ဝန်ကြီးချုပ် Justin Trudeau ဟာ သူ့ရဲ့မိသားစုနဲ့အတူ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတယ်လို့သိရပါတယ်။ဖေဖော်ဝါရီ ၂၁ ရက်နေ့ကတော့ ၀န်ကြီးချုပ်နဲ့သူ့မိသားစုဟာ ဘောလိဝုဒ်နာမည်ကျော်အနုပညာရှင် စူပါစတား Shah Rukh Khan ၊Aamir Khan အပါအ၀င် နာမည်ကျော်အနုပညာရှင်တွေနဲ့တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။
ဝန်ကြီးချုပ် Trudeau က အိန္ဒိယနိုင်ငံရိုးရာယဉ်ကျေးမှုကိုလည်းနှစ်သက်သူဖြစ်ပြီးတွေ့ဆုံပွဲမှာ သူတို့ရဲ့ ရိုးရာဝတ်စုံကိုဝတ်ဆင်ထားခဲ့တယ်လို့သိရပါတယ်။သူက တွစ်စ်တာမှာလည်း “ဒီနေ့ည ပွဲက ဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ကနေဒီယန်ရုပ်ရှင်ထုတ်လုပ်ရေး တို့ပူးပေါင်းလုပ်ဆောင်ပြီး အသစ်အသစ်သောရုပ်ရှင်တွေရိုက်ကူးသွားဖို့တွေ့ဆုံကတိပြုကြတဲ့ပွဲတစ်ခုပါ။ပြီးတော့ ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ ဘုရင် Shah Rukh Khan နဲ့တွေ့ဆုံရတာကိုလည်း ၀မ်းသာပြီး နာမည်ကြီး အနုပညာရှင် Aamir Khan ၊Farhan Akhtar ၊Anupam Khan နဲ့တခြားအနုပညာရှင်တွေ နဲ့တွေ့ဆုံရလို့ အရမ်းဝမ်းသာပါတယ်”ရေးသားပြီး သူတို့မိသားစုနဲ့အနုပညာရှင်တွေရဲ့ ပုံတွေကိုတင်ခဲ့ပါတယ်။
Shah Rukh Khan ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်တွေစောင့်မျှော်နေတဲ့ပရိသတ်တွေအတွက် ၀မ်းသာစရာသတင်းကတော့ အခုလောလောဆယ် Shah Rukh Khan ဟာ “Zero” ဆိုတဲ့ဇာတ်ကားအတွက်ရိုက်ကူးနေပြီး ဒါရိုက်တာ Anand L Raiက ရိုက်ကူးထားတာဖြစ်တယ် လို့သိရပါတယ်။Anushka Sharma နဲ့ Kaifတို့နဲ့အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အရင်ဇာတ်ရုပ်တွေနဲ့မတူညီကွဲပြားစွာနဲ့ Shah Rukh Khan ကိုလူပုလေးအဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့၂၀၁၈ ဒီဇင်ဘာ ၂၁ရက်နေ့မှာဖြန့်ချီမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး။