ကနေဒါနဲ့ အိန္ဒိယနှစ်နိုင်ငံရုပ်ရှင်ထုတ်လုပ်ရေးပူးပေါင်းဆောင်ရွက်ဖို့တွေ့ဆုံကြတဲ့ပွဲကိုတက်ရောက်ခဲ့တဲ့ Shah Rukh Khan

ကနေဒီယန်ဝန်ကြီးချုပ် Justin Trudeau ဟာ သူ့ရဲ့မိသားစုနဲ့အတူ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတယ်လို့သိရပါတယ်။ဖေဖော်ဝါရီ ၂၁ ရက်နေ့ကတော့ ၀န်ကြီးချုပ်နဲ့သူ့မိသားစုဟာ ဘောလိဝုဒ်နာမည်ကျော်အနုပညာရှင် စူပါစတား Shah Rukh Khan ၊Aamir Khan အပါအ၀င် နာမည်ကျော်အနုပညာရှင်တွေနဲ့တွေ့ဆုံပွဲကျင်းပခဲ့ပါတယ်။

ဝန်ကြီးချုပ် Trudeau က အိန္ဒိယနိုင်ငံရိုးရာယဉ်ကျေးမှုကိုလည်းနှစ်သက်သူဖြစ်ပြီးတွေ့ဆုံပွဲမှာ သူတို့ရဲ့ ရိုးရာဝတ်စုံကိုဝတ်ဆင်ထားခဲ့တယ်လို့သိရပါတယ်။သူက တွစ်စ်တာမှာလည်း “ဒီနေ့ည ပွဲက ဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ကနေဒီယန်ရုပ်ရှင်ထုတ်လုပ်ရေး တို့ပူးပေါင်းလုပ်ဆောင်ပြီး အသစ်အသစ်သောရုပ်ရှင်တွေရိုက်ကူးသွားဖို့တွေ့ဆုံကတိပြုကြတဲ့ပွဲတစ်ခုပါ။ပြီးတော့ ဟောလိဝုဒ် ရုပ်ရှင်လောကရဲ့ ဘုရင် Shah Rukh Khan နဲ့တွေ့ဆုံရတာကိုလည်း ၀မ်းသာပြီး နာမည်ကြီး အနုပညာရှင် Aamir Khan ၊Farhan Akhtar ၊Anupam Khan နဲ့တခြားအနုပညာရှင်တွေ နဲ့တွေ့ဆုံရလို့ အရမ်းဝမ်းသာပါတယ်”ရေးသားပြီး သူတို့မိသားစုနဲ့အနုပညာရှင်တွေရဲ့ ပုံတွေကိုတင်ခဲ့ပါတယ်။

Shah Rukh Khan ရဲ့ ရုပ်ရှင်ဇာတ်ကားအသစ်တွေစောင့်မျှော်နေတဲ့ပရိသတ်တွေအတွက် ၀မ်းသာစရာသတင်းကတော့ အခုလောလောဆယ် Shah Rukh Khan ဟာ “Zero” ဆိုတဲ့ဇာတ်ကားအတွက်ရိုက်ကူးနေပြီး ဒါရိုက်တာ Anand L Raiက ရိုက်ကူးထားတာဖြစ်တယ် လို့သိရပါတယ်။Anushka Sharma နဲ့  Kaifတို့နဲ့အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး အရင်ဇာတ်ရုပ်တွေနဲ့မတူညီကွဲပြားစွာနဲ့ Shah Rukh Khan  ကိုလူပုလေးအဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့၂၀၁၈ ဒီဇင်ဘာ ၂၁ရက်နေ့မှာဖြန့်ချီမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး။

 

52 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.