ငယ်ရွယ်စဉ်မှာကြုံတွေ့နိုင်တဲ့ချစ်ရေးချစ်ရာများ

အချစ်ကြောင်းများ မသိခဲ့ဘူး ငယ်စဉ်က အသက်အရွယ် မှာ ဆိုသလိုပါပဲ ငယ်သေးတဲ့စိတ်ကစားတက်တဲ့ အရွယ် ပျမ်းမျှ ၁၅ နှစ်က နေ ၂၅ ကြားလောက်ပေါ့။ အဲ့လိုအရွယ်မှာ ချစ်ရေးချစ်ရေး
နဲ့ပတ်သတ်ပြီး အဖြစ်များဆုံး အဖြစ်တက်ဆုံး အရာလေးတွေက ဘာတွေဖြစ်နိုင်မလဲ။ ကိုယ်တိုင်ရောငယ်ရွယ်တဲ့ အရွယ်ဆိုရင် ကိုယ်ကြုံတွေ့နေတဲ့ချစ်ရေးချစ်ရာဖြစ်စဉ်လေးတွေနဲ့ကိုက်ညီမှုရှိသလားကြည့်ရအောင်…
(၁) အမှားတွေလုပ်မိကြမယ်
ငယ်ရွယ်စဉ်မှာ အမှားလုပ်မိကြတာ အနည်းပါဘူးလေ အထူးသဖြင့် အချစ်နဲ့ပတ်သတ်ရင် ဆိုပိုတောင်မှားတက်ကြသေး၊ အချစ်ဆိုတာ ကြိုတင်ခန့်မှန်းလို့ရပြီး လုပ်ယူလို့ရတဲ့ အရာလည်းမဟုတ်
ပျော်စရာရှိရင်လည်း မတရားပျော်စရာကောင်းပြီး စိတ်ညစ်စရာ ကြုံရရင်လည်း ကိုယ့်တစ်ဘ၀လုံးပျက်စီးသွားမတက်ခံစားတက်ကြပြီး အချစ်ကို ဘ၀ထင်တက်ကြတဲ့ အရွယ်လေးတွေမို့
မှားတက်ကြပါတယ်။
(၂) တစ်ကိုယ်ကောင်းဆန်တက်ကြတယ်
မရင့်ကျက်သေးပဲငယ်ရွယ်တဲ့ အတွေးခေါ်ပဲရှိတဲ့လူငယ်တွေရဲ့ အချစ်ဟာ တစ်ခါတလေ မိုက်ရူးရဲဆန်သလို တစ်ခါတလေ ကိုယ့်အတွက်ပဲကိုယ်ကြည့်တက်ကြတဲ့ တစ်ကိုယ်ကောင်းဆန်ဆန် အချစ်တွေပါ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲချစ်ခဲ့ကြတယ်ဆိုအုံးတော့ တစ်ယောက်ကို တစ်ယောက် နားလည်ရတော့မယ် ပေးဆပ်ရတော့မယ် ကိုယ့်လွတ်လပ်ခွင့်ကိုသူ့ကြောင့်ရပ်တန့်ပစ်ရတော့မယ်စသည်ဖြင့် စိတ်ရှုပ်စရာကိစ္စတွေဝင်လာတဲ့ အခါ တစ်ချို့ကငယ်ရွယ်မရင့်ကျက်မှုကြောင့်လည်းကောင်း တကယ်မဖြစ်တာကြောင့်လည်းကောင်း ပြတ်ဆဲသွားတက်ကြပါတယ်။
(၃) Single ခဏခဏ ပြန်ဖြစ်တက်ကြတယ်
လူငယ်ဘ၀မှာ RS ဖြစ်လိုက် Single ဖြစ်လိုက်နဲ့ ခဏခဏ ကွဲလိုက် တွဲလိုက် အရင် EX နဲ့ပြန်ဆက်လိုက် အသစ်ရသွားလိုက်နဲ့RS ဘ၀နဲ့RO လိုက် Single is the best ဖြစ်လိုက်နဲ့တစ်ကယ်ကို မျိုးစုံကြိုးခုန်ခဲ့ကြတာ နူနယ်ငယ်ရွယ်တဲ့ အရွယ်ရဲ့ချစ်ရေးချစ်ရာတစ်ခုပါပဲ ။ ဒါလည်း အမှားလို့မဆိုလိုနိုင်ပါဘူးလေ အမှန် ကို မရောက်သေးခင်တော့လူတိုင်းဟာ အမှားတွေလုပ်မိနေအုံးမှာပါ။
(၄) လူရွေးမှားခဲ့ကြတယ်
မဆန်းပါဘူးလေ။ ငယ်ရွယ်တဲ့ အရွယ်မှာ ကိုယ်နဲ့အဆင်ပြေ၏ မပြေ၏ သင့်တော်၏ မသင့်တော်၏ မတွေးတက်တာမျိုး အဆင်ပြေမယ်ထင်ပေမဲ့နောက်ပိုင်းမှလူရွေးမှားတယ်ဆိုတာသိသွားတာမျိုး ဖြစ်တက်ကြတာလည်း ငယ်ရွယ်တဲ့ချစ်ရေးချစ်ရာပါပဲ။
(၅) ဘ၀နဲ့အချစ်ကိုတစ်သတ်မှတ်တည်းတွေးတက်ကြတယ်
ငယ်ရွယ်နုပျိုတဲ့အချိန်မှာတစ်ချို့သောလူငယ်တွေဟာ အချစ်ကို ဘ၀တစ်ခုလို့သတ်မှတ်တက်ပြီး ကိုယ့်တစ်ဘ၀လုံးအတွက် ဒီလူကိုပဲ ရွေးချယ်ထားတယ် ဒီလူနဲ့ပဲ ယူမယ်။ စသည်ဖြင့်လူတစ်ယောက်အပေါ်လွန်ကဲတဲ့စိတ်ထားတက်ပြီး ကိုယ့်ဘ၀အတွက် အဆင်ပြေ၏ မပြေ၏ ကိုယ်နဲ့သဘောထားခြင်း တူ၏မတူ၏ မတွေးတက်ပဲ စကားကုန်ပြောတက်ကြပါတယ်။ ဒီလိုနဲ့တစ်ယောက်နဲ့တစ်ယောက် ကွဲကွာ ပြတ်ဆဲသွားတဲ့ အခါကျမှ အော် ထင်သလောက် မလွယ်ပါလား ခိုင်မြဲမှုဆိုတာ ဖူးစာဆိုတာ တကယ်လိုပါလားဆိုတာမျိုးတွေးတက်လာပါလိမ့်မယ်။
ဆိုတော့ ကိုယ်ရောငယ်ရွယ်တဲ့ ဘ၀မှာကြုံတွေ့ခဲ့ရတဲ့ချစ်ရေးချစ်ရာတွေဟာ ဒီလိုလေးတွေပဲလား ဒီလိုငယ်ရွယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ ချစ်ရေးချစ်ရာအမှားလေးတွေကို သင်ခန်းစာယူပြီး ကောင်းမွန်အေးချမ်းတဲ့ချစ်ခြင်းတရားတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းရင်း…

90 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.