SISTAR ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Hyorin ဟာ သူမရဲ့သီချင်းအသစ်ဖြစ်တဲ့ “One Way Love”နဲ့ Billboard K-Pop ဇယားမှာ နံပါတ်တစ်နေရာ ရရှိခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဒီဇင်ဘာလ (၅)ရက်နေ့မှာ U.S Billboard က Hyorin’s ရဲ့ ပထမတစ်ကိုယ်တော် အယ်လ်ဘမ်သစ်ဖြစ်တဲ့ LOVE & HATE ရဲ့ title song ဖြစ်တဲ့ “One Way Love” ဟာ နံပါတ်တစ်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
သူမရဲ့ တခြား title song တွေဖြစ်တဲ့ “LONELY” ကိုလည်း K-Pop Hot 100 မှာ နံပါတ်(၃)နေရာ ရရှိထားတာ တွေ့နိုင်ပါတယ်။ Starship Entertainment က “Hyorin ရဲ့ ပထမ တစ်ကိုယ်တော်အယ်လ်ဘမ်က ကိုရီးယားမှာသာမက နိုင်ငံရပ်ခြားမှာပါ အောင်မြင်ခဲ့တဲ့အတွက် ကျွန်ုပ်တို့အနေနဲ့ အလွန်ဝမ်းသာရပါတယ်။ သူမ သီချင်းဆိုနေသမျှ ကာလပတ်လုံး အားပေးကြပါလို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောသွားပါတယ်။
“One Way Love” သီချင်းကို Brave Brothers မှ ထုတ်လုပ်တာဖြစ်ပြီး R&B နောက်ခံ ဂီတသံက သူမရဲ့ ခပ်ရှရှအသံပြာနဲ့လည်း လိုက်ဖက်ပါတယ်။
ဇယားရဲ့ နံပါတ်နှစ်နေရာမှတော့ 2NE1 နဲ့ နံပါတ်(၄)နေရာမှာတော့ Sung Si Kyung တို့က နေရာယူထားပါတယ်။
Ref:kpopstarz