Photoshop တွေက တကယ့်ကျွမ်းကျင်သူတွေလုပ်ရင် အစစ်အတိုင်းပါပဲ။သူတို့ရဲ့ အလုပ် ကျွမ်းကျင်မှုကြောင့် ကိုယ်တွေတကယ်အစစ်လို့ထင်ရတဲ့ပုံတွေလည်းရှိပါတယ်။ တကယ်မဟုတ်မှန်းသိလိုက်ရတော့လည်း သူတို့ရဲ့ ကြိုးစားမှုကိုအထင်ကြီး အသိအမှတ်ပြုရပြန်ပါတယ်။
Average Rob ဆိုတဲ့အမျိုးသားကလည်း Photoshop Master တစ်ယောက်ပါပဲ။သူဟာ ဘယ်လ်ဂျီယံနိုင်ငံမှာနေထိုင်သူဖြစ်ပြီး ၁၉၉၂ခုနှစ်၊ဖေဖော်ဝါရီ ၂၇မှာမွေးဖွားခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင် အသက် ၂၅နှစ်ရှိပါပြီ။သူ့ရဲ့ အင်စတာဂရမ်မှာလည်း ပရိသတ်သောင်း ၂၉၀၀၀၀ ရှိပြီး နာမည်ကျော်အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေမှာ သူ့ကိုယ်သူအများဆုံးထည့်သွင်းပြီး Photoshop လုပ်ရာကနေ နာမည်ကျော်ကြားလာခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ ပထမဆုံးအင်စတာဂရမ်မှာ တင်ခဲ့တဲ့ပုံက ဘောလုံးသမား Romelu Lukaku ရဲ့ ပုံမှာသူ့ကိုယ်သူထည့်သွင်းခဲ့တဲ့ပုံဖြစ်ပါတယ်။
နောက်ပိုင်းမှာ သူ့ပုံကို နာမည်ကျော်အနုပညာရှင်တွေဖြစ်တဲ့ Beyonce ၊ Eminem ၊Britney Spears ၊Brad Pitt စတဲ့အနုပညာရှင်တွေရဲ့ ပုံတွေမှာထည့်သွင်းပြီး Photoshop တွေလုပ်ခဲ့တာဖြစ်ပါတယ်။သူ့ရဲ့ကျွမ်းကျင်မှု လက်ဖျားခါလောက်အောင်ပါပဲ။Photoshop အကြောင်းမသိတဲ့သူမြင်ရင် တကယ့်အစစ် လို့ထင်မိမှာပါ။သူဘယ်လိုတွေကြိုးစားထားတယ် ဆိုတာကြည့်လိုက်ရအောင်