အင်္ဂလန်နိုင်ငံရဲ့အကြီးဆုံးမြစ်ဖြစ်တဲ့ River Thames ဟာ လန်ဒန်မြို့ ရဲ့အဓိကကျောက်မျက်ရတနာတစ်ခုလို့ပြောလို့ရတယ်။ လန်ဒန်မှာ သမိုင်းဝင်အနုပညာတွေနဲ့ပြည့်နှက်နေတယ်။ သင်ဟာ သိပ်မကြာခင်မှာပဲ လန်ဒန်ကိုအလည်သွားဖို့ စီစဉ်နေပြီလား ? လူတိုင်းအတွက် ဒီမြို့ ဟာ တစ်နေ့ထက်တစ်နေ့ ကွဲပြားလာတယ်လို့ပဲပြောရမယ်။ လူတွေအလိုက် ယဉ်ကျေးမှုတွေလည်း ပြောင်းလဲလာတယ်။ အလည်ပတ်သွားဖို့ စဉ်းစားထားတယ်ဆို အံ့သြစရာကောင်းတဲ့မြို့ ကြီးရဲ့အကောင်းဆုံးနေရာတွေကို လမ်းညွန်ပေးချင်ပါတယ်။ သင့်အတွက် လိုအပ်မယ့်အရာတွေဖြစ်တဲ့ ဘယ်နေရာမှာစားမလဲ.. ၊ ဘယ်မှာ နေမလဲ..၊ ဘယ်နေရာတွေကို အလည်သွားမလဲ..ဘယ်လိုနေရာတွေမှာသောင်းကျန်းလို့မကောင်းမလဲ ပြောပြပေးသွားပါမယ်။ လန်ဒန်မှာ လုပ်စရာတွေအများကြီးရှိတယ်။ မြောက်များစွာသော ပွဲတော်တွေနဲ့ မြို့ ရဲ့ အလှပတွေကို ခံစားနိုင်ဖို့…..
လန်ဒန်ကို ဧပြီနဲ့ စက်တက်ဘာလအတွင်း ခရီးသွားကြတာများတယ်။ ခရစ်မတ်အချိန်ခါဆို လန်ဒန်မှာ အရမ်းမိုက်တယ်။
လန်ဒန်မြို့ တစ်ဝှိက်
လန်ဒန်မှာ လမ်းပန်းဆက်သွယ်ရေးက ဇုန်လိုက်ကွဲသွားတယ်။ ကိုယ်သွားတဲ့နေရာပေါ်မူတည်ပြီး ဈေးကြီးချင်ကြီးသွားမယ်။ အကောင်းဆုံး မြေအောက်ရထားတစ်ခုကိုသင်တွေ့ပါလိမ့်မယ်။ တစ်ယောက်ကို ၂.၅ ဒေါ်လာနဲ့စတယ်။ တက္ကစီငှားသွားလို့လည်းရတယ် ( အဲ့ဒီအငှားကားတွေက smart cards တွေကိုတော့ လက်မခံဘူး) လှေ ၊ ဘတ်စ်ကားနဲ့ အသွားအပြန်ရထားတွေရှိပါတယ်။ အခြား စိတ်အနှောင့်ယှက်ဖြစ်စရာတွေ မကြုံရအောင် ကိုယ်ပိုင် smart card တစ်ခုလုပ်ပြီး အပတ်စဉ် ခရီးသွားစရိတ် ကာဗာဖြစ်အောင် ဒေါ်လာ ၅ဝလောက်ဆောင်ထားပါ။
လန်ဒန် ရာသီဥတု
ရာသီဥတု နွေးနွေးလေးကိုကြိုက်တယ်ဆိုရင် ဇူလိုင်လလောက် လန်ဒန်ကိုသွားလည်
အတော်ပါပဲ။ ဇန်နဝါရီကတော့ လန်ဒန်မှာအအေးဆုံးလလို့ သိရပါတယ်။
လန်ဒန်ကိုသွားမလည်ခင် ဘာတွေသိထားသင့်လဲ
ဥရောပက မြို့ တော်တော်များများနဲ့မတူဘူး။ လန်ဒန်မှာ နည်းနည်းဈေးကြီးတယ်။ သွားဖို့စီစဉ်ထား
တယ်ဆို လေယာဉ်လက်မှတ်၊ တည်းဖို့ ဟော်တယ်နဲ့ အခြားအစီစဉ်တွေကိုတော့
မလွဲအောင် သေချာလုပ်ထားဖို့လိုပါတယ်။
လန်ဒန်ရဲ့အကောင်းဆုံးနေရာတွေ…
SEALIFE London Aquarium
SEALIFE London Aquarium မှာ ရေအောက် သတ္တဝါမျိုးစုံကို ကြည့်လို့ရတယ်။ မိသားစုတွေအတွက်တော့ ပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ ပိုင်ဆိုင်စေမှာပါ။
The Coca-Cola London Eye
လန်ဒန်ရဲ့ skyline တစ်ခုဖြစ်တဲ့ Coca-Cola London Eye မှာ Capsules ၃၂နှစ်ခု
ရှိပြီး တစ်မြို့ လုံးရဲ့အလှကို ခံစားလို့ရနိုင်မှာပါ။ အသက်ရှုမှားလောက်မယ့် ရှုခင်းကို တစ်သက်မေ့နိုင်မှာတောင်မဟုတ်ဘူး။
The View from The Shard
အမြင့်ပေ ၈ဝဝ(၂၄၄မီတာ)ရှိ ဥရောပရဲ့အမြင့်ဆုံး အဆောက်အုံဖြစ်ပါတယ်။ ထိုအဆောက်အုံကနေလည်း တစ်မြို့ လုံးအလှကို စီးမျောခံစားလို့ရတယ်။
Bus Tour
လန်ဒန်မှာ Bus Tour စီးမယ်ဆို သေချာ ကြိုတင်ဘိုကင်လုပ်ပါ။ ၂၄နာရီစီးလို့ရတဲ့ လက်မှတ်နဲ့ လန်ဒန်ရဲ့အထင်ကရနေရာတွေကိုသာလိုက်ပိုတဲ့ လက်မှတ်ဆိုပြီး နှစ်မျိုးရှိတယ်။ လန်ဒန်မြို့ ဆင်ခြေဖုံးက ရွာငယ်လေးတွေဆီသွားပြီး အရမ်းလှတဲ့ ပင်လယ်ကမ်းခြေရှုခင်းတွေနဲ့ ဓာတ်သွားဖမ်းချင်လည်းရတယ်။
Sherlock Holmes Museum
စာအုပ်နဲ့ သီချင်းတွေ မြတ်နိုးတယ်ဆို သေချာပေါက်သွားသင့်တဲ့နေရာတစ်ခုပါပဲ။
လန်ဒန်က အခြားလည်ပတ်စရာနေရာများ…
Wembley Stadium, Emirates Stadium
Warner Bros studio
The Royal Parks
The West End
London Dungeon
Thorpe Park
Legoland Winsor
Historic Destinations (Salisbury, Warwick Castle,
Stonehenge tours
Shakespeare’s Stratford