Everykey ကိရိယာလေးကြောင့် Password တွေမမှတ်မိရင် ခေါင်းခြောက်စရာမလိုတော့ဘူး…

အရမ်းခက်ခဲတဲ့ password တွေကို မှတ်မိဖို့ခဲယဉ်းပါတယ်။ ဝက်ဆိုဒ်ထဲ အလျင်စလို sign in ဝင်ချင်ရင် ကိုယ်ပေးထားတဲ့ password တွေကို ပြန်စဉ်းစားရတာနဲ့ အလုပ်ကမပြီးတော့ဘူး။ “forgot password?” ဆိုတဲ့ button ကို အမြဲနှိပ်နေရပြီဆိုရင်သိပ်တော့ ပျော်စရာမကောင်းတော့ဘူး။ password အသစ်တစ်ခု ပြန်ပြီးပေးနေရတာအလုပ်ရှုပ်တယ်။

ကိုယ်သုံးတဲ့ ဝက်ဆိုဒ်အားလုံးအတွက် တူညီတဲ့ password ပဲပေးထားမယ်ဆိုရင်လည်း မဖြစ်ပြန်ဘူး။ အန္တရာယ်များလွန်းတယ်။ ပြီးခဲ့တဲ့နှစ်က တွေ့ဖူးခဲ့တဲ့ လူ(၄)ယောက်ကိုတောင် မှတ်မိသေးလို့လား? တစ်နေ့ချင်းစီ တွေ့ခဲ့တဲလူတွေကိုတောင် ပြန်မှတ်မိဖို့ ခဲယဉ်းနေတာပါ။ အင်တာနက်က စိတ်ချလုံခြုံရတဲ့ နေရာတစ်ခုမဟုတ်တော့ဘူး။ e-mail အကောင့်လာ hack ပြီဆို အိပ်မက်ဆိုးမက်နေသလားပဲ။ ကိုယ်မသိတဲ့ လူတစ်ယောက်က ကိုယ့်ရဲ့ဖေ့စ်ဘုတ်အကောင့်ပဲဖြစ်ဖြစ် လာထိန်းချုပ်နေပြီဆို ဘယ်လိုခံစားရမလဲ…စဉ်းစားသာကြည့် !

ဒါပေမယ့် ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် စက်ပစ္စည်းလေးတစ်ခုရှိနေပြီ.. ဘယ်လိုအသုံးပြုမလဲ။

ဘယ်သူမှတော့ ခေါင်းထဲမှာ password ပေါင်းများစွာကို မှတ်ထားနိုင်မှာမဟုတ်ဘူး။ စိတ်ချမ်းသာစွာနဲ့ ဦးနှောက်ခြောက်စရာမလိုပဲ ကိုယ်လိုရာ ဝက်ဆိုဒ်ကို ဝင်နိုင်ဖို့အတွက် button နှိပ်စရာတောင် မလိုပဲ ဝက်ဆိုဒ်ထဲ အလိုလျောက် log in ဖြစ်သွားမယ်ဆိုရင် သင်ဘာပြောမလဲ..
တကယ်ပဲ ကိရိယာအသေးစားလေးတစ်ခုဖြစ်ပြီး အခုဖေဖော်ဝါရီအစပိုင်းမှ ထွက်လာ
တာဖြစ်ပါတယ်။ Everykey လို့ခေါ်ပါတယ်။ ဒီအသေးစားကိရိယာလေးက ရှုပ်ထွေးနေတဲ့ သင့်ရဲ့
ဝက်ဆိုဒ် password လုံခြုံရေးကို provide လုပ်ပေးထားပြီး ထိပ်တန်းလျှို့ ဝှက်ချက် documents တွေကို အကောင်းဆုံးနည်းပညာတွေနဲ့ ကာကွယ်ပေးထားပါတယ်။

အမိုက်စား ကိရိယာလေးဟာ သင့်ရဲ့ကိုယ်ပိုင် ဒီဂျစ်တယ် မာစတာကီး တစ်ခုလိုဖြစ်စေပြီး access control ရဲ့မှန်ကန်တဲ့ အနာဂတ်လေးတစ်ခုဆိုလည်း မမှာဘူး။

– passwords တွေကို အလိုလျောက် creates လုပ်ပေးခြင်း ၊ မမှတ်မိနိုင်တဲ့ passwords တွေအတွက် စိတ်ပူစရာမလို ၊ အကောင့် hack မခံရအောင် သေချာကာကွယ်ပေးတယ်။

Military grade AES 128-bit encryption ကိုအသုံးပြုထားတာကြောင့် ရှုပ်ထွေးတဲ့ passwords တွေရဲ့လုံခြုံရေးကို စောင့်ကြပ်ပေးတယ်။

– သင်အနီးနားမှာရှိနေချိန်ဆို အလိုလျောက် log in ဖြစ်သွားပြီး အဝေးရောက်တဲ့အခါ သူ့ဘာသာ log out ဖြစ်သွားပါလိမ့်မယ်။

Everykey ပျောက်သွားရင် ဘယ်လိုလုပ်မလဲ?

သိပ်စိုးရိမ်စရာမရှိပါဘူး။ ပျောက်သွားရင် သူနဲ့ချိတ်ထားတဲ့ app ဖုန်းထဲမှာရှိဖို့တော့ လိုတာပေါ့။ ဖုန်း app နဲ့ လော့ချ လိုက်လို့ရတယ်။ Everykey ကိရိယာလေးအတွက် သင်ပေးထားတဲ့ password ကိုတော့ သူကပြန်မှတ်ပေးထားမှာမဟုတ်ဘူးပေါ့။ encrypted format တွေကို Everykey secure server မှာပဲ သူက လုံခြုံစိတ်ချစွာ သိမ်းပေးထားမှာဖြစ်ပါတယ်။ တကယ်လို့ ဒီကိရိယာလေး ပျောက်သွားခဲ့သည်ရှိသော်(သို့) ခိုးခံရရင်လည်း စိတ်မပူပါနဲ့။ သင်ကလွဲရင် အခြားလူလက်ထဲမှာဆို အလုပ်လုပ်မှာမဟုတ်ဘူး။

passwords အတွက်တင်မဟုတ်ဘဲ ဖုန်း ၊ tablet နဲ့ laptop တွေကိုလည်း
unlock လုပ်ပေးနိုင်ပါသေးတယ်။ သင့်ရဲ့ကား ၊ အိမ် ၊ မီး နဲ့ များစွာသော စက်ပစ္စည်းတွေအတွက် အသုံးဝင်စေမယ့် Bluetooth devices အဖြစ် စတင်လုပ်ဆောင်နေပြီလို့လည်း သိရပါတယ်။

ဈေးနှုန်း
လက်လီဈေးကတော့ ၁၆၅ဒေါ်လာရှိပါတယ်။ Everykey နဲ့ဆို အချိန်ကုန်သက်သာပြီး Passwords တွေကိုပြန်စဉ်းစားနေရလို့ ခေါင်းမခြောက်တော့ဘူးပေါ့…

855 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.