အနုပညာနယ်ပယ်မှာလည်း သရုပ်ဆောင်ကောင်းတစ်ယောက်သလို ပညာရေးကိုလည်း လက်လွှတ်မခံတဲ့မင်းသားချောလေး Park Bo Gum ဟာဒီနေ့ Myongji တက္ကသိုလ်မှာ ဘွဲ့ယူရမှာဖြစ်တယ်လို့သိရပါတယ်။
မင်းသား Park Bo Gum ဟာ ၂၀၁၄တုန်းက Myongji တက္ကသိုလ်ကိုဝင်ရောက်ခဲ့တာဖြစ်ပြီး အနုပညာနဲ့ပတ်သက်တဲ့အထူးပြုမေဂျာ(Film/Theatre)ကိုယူခဲ့တာပါ။ အနုပညာအလုပ်တွေလည်းလုပ်ကိုင်နေတာဖြစ်လို့ အချိန်ဇယားတွေပြည့်နေပေမဲ့ သင်တန်းကိုမကြာခဏတက်ရောက်ခဲ့ပါတယ်။အနုပညာဘက်မှာလည်းမလစ်ဟင်းစေရပါဘူး။ အခုရက်ပိုင်းလေးတင် Esquire Magazine အတွက် ကာဗာပုံလေးတွေရိုက်ကူးပေးခဲ့တယ် လို့သိရပါတယ်။
သင်တန်းတက်တဲ့အခါမှာလည်း သာမန်ကျောင်းသားတစ်ယောက်လို အများသတိမထားမိအောင် တက်ခဲ့တာပါ။ဒါပေမဲ့လည်း တခြားကျောင်းသူကျောင်းသားတွေက သူ့ကို Park Bo Gum နဲ့တူတယ်ဆိုပြီး ဓာတ်ပုံရိုက်တာတွေရှိခဲ့တယ်လို့လည်းသိရပါတယ်။
ဘွဲ့အခမ်းအနားဟာ ဒီနေ့ဖေဖော်ဝါရီ ၂၁ရက်၊ကိုရီးယားစံတော်ချိန် နေ့လည် ၂နာရီမှာကျင်းပမှာဖြစ်ပြီး Park Bo Gum ကလည်း ဒီအခမ်းအနားကို တက်ရောက်ပြီး ဘွဲ့ယူမှာဖြစ်ပါတယ်။အခု Park Bo Gum ရဲ့ ဘွဲ့ဓာတ်ပုံလေးတွေကို ပြည်ပမီဒီယာတစ်ခု ကဖော်ပြထားတာမို့ ပရိသတ်တွေအတွက်ပြန်ပြီးမျှဝေလိုက်ပါတယ်။
Source:Koreaboo