ညဏ်ကောင်းသူတွေရဲ့အမူအကျင့်လေးတွေ

တစ်ခါတလေ ညဏ်ကောင်းတဲ့သူဖြစ်ရတာလည်းမလွယ်ပါဘူး။လူတွေက ကိုယ့်ကိုပဲလိုက်ကြည့်ပြီး ကိုယ်လုပ်သမျှလိုက်လုပ်ရင်ညဏ်ကောင်းမယ်ပဲထင်နေကြတော့တာကလား။တစ်ခါတစ်ခါသိပ်စိတ်ရှုပ်ရတယ် 😛

သင်ညဏ်ကောင်းဖူးပါသလား (ဟယ် မေးခွန်းကြီးကဘယ့်နှာကြီးတုန်း ညဏ်ကောင်းဖူးသလားဆိုတော့ ခုပဲမကောင်းတော့သလိုလို..)

သင်ညဏ်ကောင်းပါသလား (ဘယ်သူကတော့ ဟင့်အင်း အိုင်ကညဏ်တုံးတာတုံးတုံးတုံးတုံးနဲ့တောင်မြည်နေသေးလို့ပြန်ဖြေမှာလဲနော်)ထားပါတော့။

သိပ္ပံပညာရှင်တွေရဲ့ သုတေသနပြုချက်တွေအရ ညဏ်ကောင်းသူလေးတွေမှာ သူမတူတဲ့အမူအကျင့်လေးတွေရှိတတ်ကြပါတယ်တဲ့။အဲဒီ့အမူအကျင့်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ သင်က ဒီထဲက တစ်ခုခုနဲ့တိုက်ဆိုင်နေရင်တော့ ညဏ်ကောင်းတယ်ဆိုပြီး အပြတ်သာဂုဏ်ယူလိုက်ပါတော့။

 

ညဏ်ကောင်းသူတွေက ဘယ်သန်တွေဖြစ်ကြပါတယ်

ဒါကိုယူတို့နားလည်အောင်ရှင်းပြလို့မရဘူးတို့ဘာတို့။ တကယ်တမ်းတော့ ညဏ်ကောင်းသူတွေကဘယ်သန်တွေဖြစ်နေတာလား ဘယ်သန်တွေကပဲညဏ်ကောင်းသူတွေဖြစ်နေတာလားဆိုတာသိပ်ပြီးမသဲကွဲပါဘူး။တိကျသေချာတဲ့အချက်ကတော့ ဘယ်သန်တွေကညဏ်ကောင်းတတ်တယ်ဆိုတာပါပဲ။ အဲ..ဘယ်သန်ဖြစ်ပြီး ညဏ်မကောင်းတဲ့စုန်းပြူးတွေလည်းတစ်ရာမှာတစ်ယောက်ရှိရင်ရှိမှာပေါ့နော်။

 

သေးသေးမွှားမွှားလေးတွေတွေးပူတတ်တယ်

ဘာမှအရေးစိုက်စရာမဟုတ်တဲ့သေးသေးမွှားမွှားမဖြစ်စလောက်ကလေးတွေကအစလိုက်ပူနေတတ်ပြီဆိုရင်တော့ သင်က ညဏ်ကောင်းနေတာဖြစ်ရင်ဖြစ်မဖြစ်ရင် အသက်ကြီိးနေတာပဲဖြစ်ပါလိမ့်မယ်။အသက်ကြီးတာအလကားကြီးလာတာမဟုတ်ဘူးလို့လူကြီးတွေပြောတာကြားဖူးတယ်မဟုတ်လား (အဲ့လိုအပြောခံရရင် ကိုယ်တော့ တစ်နှစ်ကိုဘယ်လောက်ဆိုပြီးပိုက်ဆံပေးကြီးရလို့လားလို့ ဘုတွေးတွေးပစ်တာပဲ) တကယ်က အသက်ကြီးလာတော့အတွေ့အကြုံတွေပိုရှိလာတယ်လေ။ညဏ်ပညာကြီးမားလာတဲ့သဘောပေါ့။

 

ဟာသညဏ်ရှိတယ်

စိတ်ပျက်စရာအခြေအနေကိုတောင် ဟာသလေးနှောပြီးမြင်လိုက်တာမျိုး။ စိတ်ညစ်နေတဲ့သူတွေကိုဟာသညဏ်နဲ့ပျော်အောင်လုပ်ပေးလိုက်တာမျိုး။ဟာသညဏ်ရှိတာနဲ့ ပေါချာချာလုပ်တာက အကွာကြီးပါနော်။ပေါက်ကရတွေလုပ်ပြီး ငါကဟာသညဏ်သိပ်ရှိတာလို့ထိုင်အော်နေလို့မရပါဘူး။ တစ်ခုခုကြောင့်လူတွေအကုန်လုံးကစိတ်ညစ်နေချိန်မှာ အကောင်းမြင်စိတ်ကလေးနဲ့ ဟာသလေးနှောပြီးမြင်ပေးတာမျိုးကိုဆိုလိုပါတယ်။ဟာသညဏ်ဆိုတာက မွေးရာပါပါ။ တက္ကသိုလ်အကောင်းစားကြီးတွေမှာ သင်ယူလို့တောင်မရတဲ့အရာပါ။ ညဏ်ကောင်းသူတွေကအဲဒါကိုပိုင်ဆိုင်ထားကြပါတယ်။

 

စပ်စပ်စုစုရှိတယ်

သူများကိစ္စတွေ ကိုယ်နဲ့မဆိုင်တာတွေကိုစပ်စုတတ်တဲ့ လူ့ကျင့်ဝတ်နားမလည်တဲ့စပ်စုနည်းမျိုးကိုပြောတာမဟုတ်ပါဘူးနော်။အာကာသထဲမှာဆိုဘယ်လိုနေမလဲ ဒိုင်နိုဆောခေတ်တုန်းကဘယ်လိုပါလိမ့်၊ Mesolithic ခေတ်တုန်းကလူတွေက တကယ်ပဲကျောက်ဂူတွေထဲနေခဲ့ကြတာလား စသဖြင့် အနှောင့်အသွားလွတ်တဲ့စပ်စုချင်စိတ်မျိုးကိုပြောတာပါ။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနစာတမ်းတွေအရ ကလေးဘဝမှာ စပ်စပ်စုစုရှိတဲ့ကလေးတွေဟာ ကြီးလာရင်ထူးချွန်တတ်ကြပါတယ်တဲ့။စပ်စုတတ်တယ်ဆိုတာထက်သိချင်စိတ်ပြင်းထန်တယ်လို့ယဉ်ယဉ်ကျေးကျေးပြောရမလား။

 

အအိပ်မက်တယ်

နေ့ခင်းကြောင်တောင်လည်းငိုက်တယ်၊ညဘက်လည်းအိပ်တယ်၊အိပ်ရာကထခါစလည်းတဝါးဝါးသမ်းတယ်၊ကျောင်းမှာလည်းငိုက်တယ်၊အလုပ်မှာလည်း အသည်းအသန်ငိုက်တယ်။အဲ့ဒီ့လိုလူတွေက ညဏ်ကောင်းတယ်လို့ပြောရင်နည်းနည်းတော့အခြေအမြစ်မရှိရာကျတယ်။ ဒါပေမယ့် အမှန်ပါပဲတဲ့။ New York City ဆေးပညာဌာနရဲ့ 2010 ခုနှစ်စာတမ်းတစ်ခုအရ မကြာခဏအိပ်ငိုက်တတ်သူတွေဟာ ညဏ်ရည်ပိုမိုမြင့်မားတာကြောင့် ဦးနှောက်က ပိုပြီးပင်ပန်းလွယ်ပါတယ်။ဒါကြောင့်အိပ်ချိန်ပိုလိုအပ်ရခြင်းပါတဲ့။ ပျင်းတဲ့လူများ သက်သာရာသက်သာကြောင်းရှာရင်းနဲ့ ညဏ်ရည်ထက်မြက်လာသလိုပေါ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.