ဝမ်းနည်းစရာတွေကြုံပြီးရင် ဘယ်လိုရှေ့ဆက်ရမလဲ…

ဘယ်လိုရှေ့ဆက်မလဲ.. အချိန်ကတော့ တဖြည်းဖြည်းကုစားပေးသွားမှာပါပဲ။ ဒါပေမယ့် လက်ရှိကြုံတွေ့နေရတဲ့အခြေအနေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ..? ပထမဆုံး မေးခွန်းကတော့ ဒါကို မင်း ကောင်းကောင်းကျော်ဖြတ်ချင်ရဲ့ လား..? ဆိုတာပါပဲ။ လက်ခံလိုက်ခြင်းက အဓိကသော့ချက်တစ်ခုပဲ။ ဖြစ်မလာနိုင်တော့တဲ့အရာကိုလက်ခံလိုက်တာက မင်းဒဏ်ရာကိုကုသနည်းတစ်မျိုးပါ။ ဟုတ်တယ်.. အရမ်းခံရခက်ပေမယ့် မင်း ကြံခိုင်ဖို့လိုတယ်လေ…

# အလုပ်ရှုပ်နေပါစေ… မင်းရဲ့အာရုံတွေကို အလုပ်တစ်ခုပေါ်မှာပဲထားပါ။ ဒါဟာ မကောင်းတဲ့အတွေးတွေ ခေါင်းထဲရောက်မလာအောင် တားဆီးလိုက်ခြင်းပါပဲ။

# သူငယ်ချင်းတွေနဲ့အပြင်သွားပါ.. ရယ်စရာ၊ ပျော်စရာ ဟာသတွေ သူငယ်ချင်းတွေနဲ့ပြောပါ။

# စိတ်တူကိုယ်တူရှိတဲ့လူတွေနဲ့ ခရီးထွက်ပါ.. ဒါမှမဟုတ်ရင် တစ်ယောက်တည်းသွားပါ..

# စိတ်အားငယ်ခြင်းကို အကောင်းဆုံးလျော့ချပေးနိုင်တာကတော့ မင်းအကြိုက်ဆုံးအစားအစာတွေပါပဲ။ စားချင်တာတွေရှိရင် ချက်ချင်းသွားဝယ်စားလိုက်ပါ…

# ခံစားနေရတာတွေကို စာရွက်ပေါ်ချရေး ဒါမှမဟုတ် တိုက်ဆိုင်တဲ့သီချင်းတွေနားထောင်..

# ဘော်ဒါတွေနဲ့ တောင်အတူတက်ပါ

# မကောင်းတဲ့အမှတ်တရတွေကို သတိရစေမယ့်အရာမျိုးတွေ့ရင် ချက်ချင်းခေါင်းထဲက ထုတ်နိုင်ပါစေ..

# ငိုချင်သလိုခံစားရလာရင် ငိုလိုက်ပါ.. အဲ့ဒီခံစားချက်တွေကို အပြင်ကိုထုတ်နိုင်သမျှထုတ်လိုက်။ ငိုကြွေးခြင်းက အားနည်းချက်တစ်ခု ဆိုတာမှားတယ်။ ငိုချင်ငိုပလိုက်..! ဒါပေမယ့် ပြီးရင် အားပြန်ယူရမယ်။ ကိုယ့်ရဲ့မျက်ရည်ကျလောက်အောင် ဒီလူအတွက် ငိုကြွေးရတာ ထိုက်တန်ရဲ့ လားဆိုတာ သဘောပေါက်သည်အထိ ငိုပါ။ နားလည်သဘောပေါက်ပြီဆို မင်းရဲ့မျက်ရည်တွေ ထပ်ကျစရာမလိုတော့ဘူး။

# အကောင်းဆုံးလူအဖြစ် ရှင်သန်နေထိုင်ပါ.. ကိုယ့်ကို ဝမ်းနည်းအောင်လုပ်တဲ့လူကို အကောင်းဆုံးလက်စားချေနည်းက မင်းဟာ ပျော့ညံ့တဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာပြသလိုက်ခြင်းပါပဲ။

ကိုယ်ပိုင်ထားတဲ့အရာတွေ ရုတ်တရက်မျက်စိရှေ့က ပျောက်ကွယ်သွားရင် ဒါကိုလက်ခံနိုင်ဖို့ ခက်ခဲပါတယ်။ ဒီအရာကိုကျော်ဖြတ်နိုင်ဖို့ ဖြတ်လမ်းမရှိဘူး။ ဒါပေမယ့် မင်းလုပ်နိုင်မှာပါ.. အချိန်တွေတဖြည်းဖြည်းကုန်သွားတဲ့အခါ မင်းအဆင်ပြေသွားမှာပါ..

420 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.