Titanic ဇာတ်ကားထဲမှာ Leonardo DiCaprio (Jack) ဘာကြောင့်သေရတာလဲ?

Titanic ဇာတ်ကားဆိုတာ နိုင်ငံတကာကိုထိုးဖောက်နိုင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကား ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။၁၉၉၇ခုနှစ်မှာ ဒါရိုက်တာ James Cameron ရိုက်ကူးခဲ့တာဖြစ်ပြီး Leonardo DiCaprio နဲ့ Kate Winslet တို့က ခေါင်းဆောင် ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

သင်္ဘောပေါ်မှာချစ်သွားခဲ့ကြတဲ့လူငယ်နှစ်ဦးရဲ့ ရိုမန်တစ်ဇာတ်လမ်းအပြင် ပရိသတ်တွေကိုရင်ထဲထိနာကျင်စေခဲ့တဲ့နောက်ဆုံးဇာတ်ဝင်ခန်းက နှစ်ပေါင်း ၂၀ကျော်ကြာသည့်တိုင်အောင် အငြင်းပွားပြောဆိုနေကြဆဲပါ။

နောက်ဆုံးဇာတ်ဝင်ခန်းကိုလည်းအားလုံးမှတ်မိကြဦးမှာပါ။သင်္ဘောပျက်သွားတဲ့အချိန် အေးခဲနေတဲ့ရေပြင်ထဲမှာ သူသူကိုယ်ကိုယ်ဆောက်တည်ရာမရဖြစ်နေတဲ့အချိန် မင်းသားဖြစ်တဲ့ Jack က Rose အသက်ရှင်အောင်တံခါးချပ်ပေါ်မှာတင်ပေးခဲ့တာဖြစ်ပါတယ်။ မင်းသမီးကိုလုံခြုံအောင်ကယ်တင်ပေးခဲ့ပြီး Jack ရေခဲပင်လယ်ထဲမှာသေဆုံးသွားတဲ့အဖြစ်က ပရိသတ်တွေကိုနာကျင်ကြေကွဲစေခဲ့သလို ပရိသတ်တွေဆီက Jack ကိုဘာလို့သတ်လိုက်ရတာလဲ ဆိုတဲ့ နောက်ဆုံးခန်းအတွက် စိတ်မကျေနပ်တဲ့ မေးခွန်းတွေထွက်လာခဲ့ပါတယ်။

အခုချိန်ထိအောင်တသသနဲ့ နောက်ဆုံးခန်းမှာမှ Jack သေဆုံးရတာ ကိုပြောမဆုံးဖြစ်နေခဲ့တာပါ။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဒါရိုက်တာဖြစ်တဲ့ James Cameron က “ဒါဟာသေချာပေါက် အနုပညာမြောက်တဲ့ရွေးချယ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။တံခါးချပ်က Kate တစ်ယောက်စာပဲအတွက် ပဲလုံလောက်ပြီး နောက်ထပ် Jack ကိုတင်ဖို့မဖြစ်နိုင်ခဲ့တဲ့ဇာတ်ဝင်ခန်းဟာ အဓိပ္ပာယ်မရှိ ရူးမိုက်တာပဲလို့ထင်ပါလိမ့်မယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်း နှစ်ပေါင်း ၂၀ကျော်သည့် တိုင်အောင် ဆွေးနွေးပြောဆိုနေရတုန်းပါ။ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါဦး။ အဲ့ဒီဇာတ်ဝင်ခန်းကြောင့်ပဲ Jack ဟာ ချစ်သူကိုအသက်လောက်ချစ်မြတ်နိုးတတ် တဲ့သူတစ်ယောက်ဖြစ်ခဲ့ပြီး သူသေဆုံးသွားတာကိုမြင်လိုက်ရတဲ့ ပရိသတ်တွေ ရင်ထဲနာကျင်ဆို့နင့်မှုဖြစ်သွားစေခဲ့တာပါ။ ဒါ့ကြောင့်ပဲဒီ Titanic ဇာတ်ကားဟာ နိုင်ငံတကာကိုထိုးဖောက်နိုင်ခဲ့တဲ့ဇာတ်ကား ကောင်းဖြစ်ခဲ့ပြီးအခုချိန်ထိ ပြန်ကြည့်တိုင်းငိုရတဲ့ဇာတ်ကားဖြစ်ခဲ့တာပါ။ ရုပ်ရှင်နောက်ဆုံးခန်းမှာ Jack သာ အသက်ရှင်သန်ခဲ့မယ်ဆိုရင် ဇာတ်ကားဟာ အခုလောက်လေးလေးနက်နက် ခံစားရမှာမဟုတ်ပါဘူး”လို့ ပြောပြခဲ့ပါတယ်။

Titanic ဇာတ်ကားနဲ့ပတ်သက်ပြီးပရိသတ်တစ်ချို့ကတော့ Rose ဟာ Jack ကိုဘာလို့မကယ်တာလဲဆိုတဲ့မေးခွန်းအတွက် တကယ်တော့ Jack ဟာ Rose ရဲ့ စိတ်ကူးထဲက ဇာတ်ကောင်ဖြစ်နေလို့ပါပဲ ဆိုပြီးတော့လည်း အမျိုးမျိုးအဖုံဖုံပြောခဲ့ကြပါသေးတယ်။

Titanic ရုပ်ရှင်ကားလေး ပြန်လွမ်းသွားပြီဟုတ်!

 

 

 

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.