လာမယ့် ၂၀၁၄ခုနှစ်အတွင်း ကျင်းပပြုလုပ်သွားတော့မယ့် ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲမှာ နောက်ဆုံး ဂရင်းပရီမပြီးဆုံးခင် ချန်ပီယံဖြစ်သွားတာမျိုးတွေကို ရှောင်ရှားနိုင်ဖို့အတွက် နောက်ဆုံးကျင်းပမယ့် အဘူဒူဘိုင်း ဂရင်းပရီမှာ ပုံမှန်ထက် အမှတ်(၂)ဆပိုပေးသွားတော့မှာဖြစ်ပါတယ်တဲ့။ မကြာခင်ကမှ ပြီးစီးသွားခဲ့တဲ့ ၂၀၁၃ ဂရင်းပရီမှာဆိုရင်လည်း ချန်ပီယံဖြစ်ခဲ့တဲ့ Red Bull အသင်းသား ဆီဗက်စတီယန်ဗီတဲလ်ဆိုရင်လည်း ဂရင်းပ ရီ(၃)ခုကျန်ရှိနေသေးချိန်မှာ ဗိုလ်စွဲခဲ့တာကြောင့် ပရိသတ်စိတ်ဝင်စားမှုကို အတိုင်းအတာတစ်ခုအထိ လျော့ကျ စေခဲ့တာအမှန်ပါပဲ။ ဒါကြောင့် နောက်ဆုံးပွဲစဉ်အထိ ပရိသတ်စိတ်ဝင်စားမှု မြင့်မားနေစေဖို့အတွက် အခုလိုအ မှတ်ပေးစည်းမျဉ်းသစ်ကို အတည်ပြုလိုက်တာဖြစ်ပါတယ်။
ဒါပေမယ့် ဖော်မြူလာဝမ်းပရိသတ်အချို့ကတော့ သိပ်ကျေနပ်ပုံမရကြပါဘူး။ ဒီလို နောက်ဆုံးပွဲကျမှ အမှတ်(၂) ဆပေးလိုက်ခြင်းအားဖြင့် ရှေ့ပွဲတွေမှာ အသာစီးရထားခဲ့သူများအတွက် အလွန်ပဲ နစ်နာစေမှာ ဖြစ်သလို မလို လားအပ်တဲ့ဘေးထွက်ဆိုးကျိုးများလည်း ဖြစ်လာနိုင်တယ်လို့ ဝေဖန်လာခဲ့ကြပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၄ခု နှစ်၊ နိုဝင်ဘာ(၂၃)မှာ ပြုလုပ်မယ့် အဘူဒူဘိုင်းဂရင်းပရီကတော့ မစခင်ကိုက စိတ်ဝင်စားမှုတွေမြင့်တက်သွား စေခဲ့တာအမှန်ပဲမဟုတ်ပါလား။