ကိုရီးယားမင်းသားချောလေးတွေနဲ့ အပြင်မှာတွေ့ဆုံနိုင်မယ့်အခွင့်အရေး

ကိုရီးယားမင်းသားလေးတွေကိုအပြင်မှာတွေ့ဖူးချင်ကြတာ မိန်းကလေးတစ်ချို့ရဲ့အိပ်မက် တစ်ခုမဟုတ်လား? ကိုယ်သဘောကျတဲ့အနုပညာရှင်ကို အပြင်မှာတွေ့ရဖို့ဆိုတာ လွယ်တော့မလွယ်ကူပါဘူး။တစ်ချို့ဆိုရင် တောင်ကိုရီးယားကိုသွားပြီးတွေ့လိုက်ချင်တာ ဘာညာဆိုပြီး အဲ့လောက်ထိ အနုပညာရှင်တွေအပေါ်ချစ်မြတ်နိုးတာပါ။

တကယ်လို့များ သင်က တောင်ကိုရီးယားနိုင်ငံကိုခရီးထွက်လာလို့ အနုပညာရှင်တွေနဲ့ တွေ့ဆုံချင်တယ်၊ဒါပေမဲ့ဘယ်လိုဆက်သွယ်တွေ့ဆုံရမလဲမသိဘူး ဆိုရင် ဒီနေရာ ၅ခုကိုသေချာမှတ်ထားသင့်ပါတယ်။ဒီနေရာ ၅ခုက  ဒီနှစ်မှာအနုပညာရှင်တွေနဲ့အများဆုံး တွေ့ဆုံနိုင်တဲ့နေရာတွေပဲဖြစ်ပါတယ် 🙂 🙂

၁။ The Iron Bookstore
ဒီစာအုပ်ဆိုင်လေးက ဆိုးလ်မြို့၊ Yongsan-gu နယ်မှာတည်ရှိပြီး နာမည်ကျော်အနုပညာရှင် Noh Hong Chul ဖန်တီးတည်ဆောက်ထားတဲ့စာအုပ်ဆိုင်လေးဖြစ်ပါတယ်။ ဒီဆိုင်မှာ အမှတ်တရ ပစ္စည်းလေးတွေလည်းရောင်းချသလို Noh Hong Chul beer လည်းရနိုင်ပါတယ်။ သင်က အနုပညာရှင်Noh Hong Chul ကိုသဘောကျနှစ်သက်သူတစ်ယောက်ဆိုရင် ဒီလိပ်စာလေးကို မှတ်ထားပြီးသွားတွေ့ဖို့မမေ့နဲ့နော်။လိပ်စာကတော့ “1-92, 2 Yongsan-dong, Yongsan-gu, Seoul, South Korea”ပဲဖြစ်ပါတယ်။

၂။Mouse Rabbit
သင်က ကော်ဖီချစ်သူတစ်ယောက်ဆိုရင်တော့ နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Yesung ရဲ့ ကော်ဖီဆိုင်လေးကိုသွားလည်နိုင်ပါတယ်။Super Junior အဖွဲ့ဝင် Yesung ရဲ့  ကော်ဖီဆိုင်လေးမှာတော့စားသုံးသူတွေကိုနောက်တစ်ခေါက်ထပ်လာချင်အောင်ဆွဲဆောင်နိုင်တဲ့အရသာစုံလင်တဲ့မုန့်မျိုးစုံရရှိနိုင်ပါတယ်။ သင်ဟာ အင်မတန်ကံကောင်းတဲ့သူတစ်ယောက် ဖြစ်မယ်ဆိုရင်တော့ သူကိုယ်တိုင်ဝန်ဆောင်မှုပေးတာကို ရရှိနိုင်ပါတယ်။ဒါဆို သူ့ရဲ့ လိပ်စာလေး မှတ်ထားရအောင်။လိပ်စာက” 5-14 Hwayang-dong, Gwangjin-gu, Seoul, South Korea” ပဲဖြစ်ပါတယ်။တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့၊Gwangjin-gu နယ်၊ Hwayang-dong မှာဖွင့်ထားတာဖြစ်ပါတယ်။

၃။89 Mansion
ဒီကော်ဖီဆိုင်လေးကတော့ မိန်းကလေးပရိသတ်တွေအလာချင်ဆုံးနေရာဆိုတာအာမခံရဲပါတယ်။  တောင်ကိုရီးယားကြယ်တစ်ပွင့် မင်းသားချော Lee Jong Sukရဲ့ ကော်ဖီဆိုင်လေးပါ။ သူဟာ ဒီလိုကော်ဖီဆိုင်လေးဖွင့်ဖို့ကို အိပ်မက်ရှိခဲ့တာပါတဲ့။မင်းသားကို အဲ့ဒီကော်ဖီဆိုင်မှာမကြာခဏ တွေ့ရတယ်လို့မျက်မြင်ပရိသတ်တွေက ပြောခဲ့ပါတယ်။သင်လည်းပဲ အဲ့ဒီကော်ဖီဆိုင်လေး ကိုရောက်ရင် Lee Jong Suk ကိုမြင်တွေ့ရပါလိမ့်မယ်။လိပ်စာကတော့သေချာကို မှတ်ထားရမှာနော်။လိပ်စာကတော့ “Gangnam, Sinsa-dong, 523-30,  Seoul, South Korea”ပဲဖြစ်ပါတယ်။ဂန်းနမ်က ဆိုးလ်မြို့ရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တာကြောင့်
သွားလာရတာလည်းလွယ်ကူပါတယ်။

၎။Studio Concrete
တောင်ကိုရီးယားနာမည်ကျော်အနုပညာရှင် Yoo Ah In ကိုတွေ့ချင်တယ်ဆိုရင် ဒီနေရာလေးကို သွားလည်ဖို့အကြံပြုချင်ပါတယ်။ဒီစတူဒီယိုလေးက နာမည်ကျော်အနုပညာရှင်တွေစုပေါင်း ဖန်တီးထားတဲ့အနုပညာရပ်ဝန်းလေးတစ်ခုဖြစ်ပြီး Studio Concrete မှာ ကော်ဖီဆိုင်တွေ ၊စာကြည့်တိုက်တွေ၊ဆိုင်ခန်းတွေနဲ့ မျိုးဆက်သစ်လူငယ်လေးတွေ အဓိကလာရောက်ရာနေရာ လည်းဖြစ်ပါတယ်။သင်သာ ဒီနေရာလေးကိုလာရောက်ခဲ့ရင် Yoo Ah In ကိုမြင်တွေ့ရဖို့ အခွင့်အလမ်းရှိပါတယ်။လိပ်စာကတော့ 04417 162, Hannam-daero,  Yongsan-gu, Seoul ပါ။

၅။GD Cafe and Bowling Alley
ဂျယ်ဂျူကျွန်းမှာ Monsant De Aewol cafe ဆိုတဲ့ G-Dragon ရဲ့ ကော်ဖီဆိုင်တစ်ခုရှိပါတယ်။ အဲ့ဒါအပြင် ဒီဖေဖော်ဝါရီအတွင်းမှာဖြစ်စေ၊မတ်လမှာဖြစ်စေGD ဟာ ဂျယ်ဂျူကျွန်းမှာ  GD Cafe and Bowling Alley ဆိုပြီးထပ်ဖွင့်ဖို့အစီအစဉ်ရှိတယ်လို့သိရပါတယ်။ သူက အပြင်ဒီဇိုင်းဆွဲတာ၊တည်ဆောက်တာ၊ အတွင်းပိုင်းဒီဇိုင်းတည်ဆောက်တာကအစ သူပါဝင်ကူညီပေးပြီး ကော်ဖီဆိုင်အတွက်လိုအပ်တဲ့အရာတွေကို ကူညီဖို့တစ်ခါတစ်လေ အဲ့ဒီမှာ နေလေ့ရှိတယ်လို့သိရပါတယ်။တကယ်လို့သင်သာSouth Korea, Jeju-do, Seogwipo-si,  304 139 ကိုရောက်သွားခဲ့မယ်ဆိုရင် GD အပြင်တခြားနာမည်ကျော်အနုပညာရှင် အနည်းငယ်ကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။

 

 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.