ကိုယ့်ဘ၀ကို ကျေနပ်မှုရှိအောင်ဘယ်လိုနေထိုင်ကြမလဲ

လူတော်တော်များများဟာ ရတာမလို လိုတာမရဘ၀နဲ့ ပျော်တစလှည့်ငိုတစ်လှည့် ဘ၀တွေကို ကောင်းမွန်ဆုံးဖြစ်အောင်ဖြတ်သန်းနေကြရတာပါ။ လူတိုင်းမှာ ကိုယ်ပိုင် ဘ၀တွေကိုယ်စီရှိကြပါတယ်။ ကိုယ်ပိုင် ဘ၀တွေကိုအားမလိုအားမရစိတ်မဖြစ်ပဲကျေနပ်မှုရှိအောင်ဘယ်လိုနေထိုင်သင့်သလဲ…
(၁) တက်တက်ကြွကြွနေပါ
ကိုယ့်ဘ၀ကိုကျေနပ်စေဖို့အတွက် ကိုယ်လုပ်တဲ့ အရာတိုင်းပေါ် ယုံယုံကြည်ကြည်နဲ့ တက်တက်ကြွကြွဖြစ်အောင်ကြိုးစားပါ။ ခန္ဓာကိုယ် ကို အချိုးကြပေါ့ပါးလန်းဆန်းအောင်နေပြီးဘယ်အေရာ မဆိုထိုင်းထိုင်းမှိုင်းမှိုင်း မနေပဲ တက်တက်ကြွကြွဖြစ်အောင် ကြိုးစားနေထိုင်သင့်ပါတယ်။
(၂) ကိုယ့်လောက်မှ အဆင်မပြေတဲ့သူတွေကို စာနာပါ
ကိုယ့်ဘ၀ကို ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့အားမလိုအားမရဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ထက်ပိုပြီး လောကဓံကို ရင်ဆိုင်နေရတဲ့သူ ကိုယ့်ထက်ပိုပြီး ကြောက်စရာကောင်းတဲ့စိတ်ညစ်စရာတွေ ရှိနေတဲ့သူမျိုးကို စာနပါ။ သူတို့တောင် ဒီလောက်စိတ်ပင်ပန်းစရာတွေကြားထဲ ရုန်းကန်နေနိုင်ပြီးကိုယ်တိုင်ကဘာလို့ အဆင်ပြေအောင်မနေနိင်ရတာလဲဆိုတာမျိုးတွေးပြီး ကြိုးစားပါ။
(၃) ကိုယ့်အပေါ် ကောင်းတဲ့သူတွေကို မစွန့်ပစ်ပါနဲ့
ကိုယ့်အပေါ်မှာ အပြောသာဆိုးချင်ဆိုးမယ် အမြဲ လိုလို အနားမှာဖေးမပေးတက်တဲ့သူမျိုးတွေနဲ့ ရင်းရင်းနှီးနှီင်္းနေပါ။ သူတို့တွေဟာ ကိုယ့်ရဲ့ပျက်စီးရာပျက်စီးကြောင်းကို ဘယ်တော့မှဖန်တီးမှာ
မဟုတ်ပဲ ကိုယ်လုပ်သမျှကို ဖြည့်တွေးပေးတက်တာမို့အဆင်ပြေစေပါတယ်။
(၄) တစ်နေ့၁၅မိနစ်လောက် ကိုယ်ချစ်တဲ့အရာလေးတွေကိုအချိန်ပေးပြီးလုပ်ပါ
ကိုယ်ဝါသနာပါတဲ့ အရာလေးတွေကို အသက်မွေးဝမ်းကြောင်းအလုပ်နေနဲ့မဟုတ်ရင်တောင် အချိန်ရရင်ရသလို တစ်နေ့ကို ၁၅မိနစ်လောက် အနည်းဆုံး အချိန်ပေးပြီး အလုပ်လုပ်ပါ။ဒါဟာ ကိုယ့်ဘ၀ကို ကျေနပ် ပျော်ရွှင်နိုင်မဲ့နည်းလမ်းတစ်ခု ဆိုလည်း မမှားနိုင်ပါဘူး။
(၅) အိပ်ရေး၀၀အိပ်ပါ
အိပ်ရေး၀၀ အိပ်ခြင်းဟာ စိတ်ပင်ပန်း နွမ်းနယ်မှုတွေကိုဖြေလျော့ပေးနိုင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုတိုးစေပါတယ်။
တောင်းတိုင်းမပြည့်နိုင်တဲ့လူ့ဘ၀မှာစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ကိုယ့်ဘ၀ ကို ယုံကြည်မှုရှိရှိပျော်ရွှင် အားရစွာလျှောက်လှမ်းနိုင်ကြပါစေလို့ဆုတောင်းရင်း…

727 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.