ဒုတိယမြောက်ကလေးလေးပိုင်ဆိုင်ရတော့မှာမို့လို့ ပျော်ရွှင်နေတဲ့ Yoo Jae Suk

တောင်ကိုရီးယားနိုင်ငံရဲ့ အချစ်တော် MC ၊Running Man အဖွဲ့ဝင်စတားတစ်ယောက်ဖြစ်တဲ့ Yoo Jae Suk ရဲ့ ဇနီးဖြစ်သူ Na Kyung Eun ဟာ ဒုတိယကိုယ်ဝန်လွယ်ထားရပြီလို့သိရပါတယ်။

မကြာသေးခင်အချိန်ကမှ Na Kyung Eun ဟာ စစ်ဆေးမှုခံယူခဲ့တာဖြစ်ပြီး ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။

 

” Yoo Jae Suk နဲ့ Na Kyung Eun ဟာ နှစ်သစ်မှာပျော်ရွှင်စရာမိသားစုလေး ကိုထပ်ပြီးပိုင်ဆိုင်ရတော့မှာပါ။အခုက ကိုယ်ဝန်ဆောင်ချိန်အစပိုင်းပဲရှိသေးတာဖြစ်ပြီး သူတို့ရဲ့ ကျန်းမာရေးအတွက်သေချာဂရုတစိုက်နေနေကြပြီ”လို့ Yoo Jae Suk ရဲ့ အေဂျင်စီ FNC အင်တာတိန်းမန့်က ဖေဖော်ဝါရီ ၁၉ရက်နေ့က အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။

Yoo Jae Suk နဲ့ Na Kyung Eun တို့ဟာ ၂၀၀၈ခုနှစ်ဇူလိုင်လမှာလက်ထပ်ခဲ့ကြတာဖြစ်ပြီး လက်မထပ်ခင်က Na Kyung Eun ဟာ Infinite Challenge ရဲ့ အစီအစဉ်ကြေညာသူတစ်ယောက် အဖြစ်အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။

လက်ထပ်ပြီးနောက် ပထမရင်သွေးလေး Ji Ho ကို ၂၀၁၀၊မေလ ၁ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ဒီသတင်းက သူ့ရဲ့ ပရိသတ်တွေအတွက်တော့ အံ့သြစရာ မဖြစ်ခဲ့ပါဘူး။ဘာလို့လဲဆိုရင် Yoo  Jae Suk က နောက်ထပ်ကလေးအတွက် အစီအစဉ်ရှိတဲ့အကြောင်းကို ၂၀၁၇ နယူးရီးယားအထူး Running Man အစီအစဉ်မှာတုန်းက ပြောခဲ့တယ်လို့သိရပါတယ်။

Yoo Jae Suk တို့မိသားစုလေးအတွက် Congratulations ! ပါ။

 

 

 

 

 

184 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.