အချစ်ရေးမှာသနားစရာကောင်းတဲ့မာနရှင်လေးတွေဆိုတာ

မာနကြီးတဲ့လူတွေဆိုတာ ပုံမှန်သူတွေထက်ပိုပြီး သနားစရာကောင်းပါတယ်။ သူတို့ရဲ့စိတ်ခံစားချက်တွေဟာ သူများတွေထက်ပို နားလည်ရခက်ပြီး ခန့်မှန်းရခက်ပါတယ်။ အထူးသဖြင့် အချစ်ရေးနဲ့ပတ်သတ်ရင် မာနကြီးတဲ့သူတွေဟာ သူများထက်စိတ်ဒဏ်ရာပြင်းထန်တက်ကြပါတယ်။ ဆိုတော့ မာနရှင်လေးတွေဟာ ဘာလို့တစ်ခြားသူတွေထက်ပို ပြီး ချစ်ရေးချစ်ရာမှာသနားစရာကောင်းကြသလဲဆိုတာ အောက်ကအချက်လေးတွေက ပြောပြပေးနေပါလိမ့်မယ်…
(၁) ရင်ထဲကတစ်မျိုး အပြင်ကတစ်မျိုး
မာနကြီးတဲ့သူတွေနဲ့ အချစ်နဲ့တွေ့တဲ့အခါ စိတ်ထဲမှာခံစားရတဲ့ ကြည်နူးမှုပျော်ရွှင်မှုဟာ သာမန်သူတွေထက် အဆပေါင်းများစွာသာပါတယ်။ ဒီလိုရင်ထဲမှာပီတိဖြစ်ပြီးပျော်ရွှင်သာယာနေပင်မဲ့ ရင်ထဲက ခံစားချက်ကို တစ်ဖက်လူမြင်အောင် မပြောပြတက်ပါဘူး။ တစ်ဖက်သားက ကိုယ့်ရဲ့ခံစားချက်ကို နားလည်လာအောင်ကိုယ့်ကို ပိုချစ်လာအောင်ပြောရမှာလုပ်ရမှာကို အောက်ကျတယ်လို့ခံစားတက်ကြပါတယ်။ ဒီလိုနဲ့ကိုယ့်ရင်ထဲကခံစားချက်အမှန်ကို မဖွင့်ပြရင်းနဲ့ ကိုယ့်ချစ်ရသူနဲ့နားလည်မှုလွဲပြီးကွဲကွာတက်ကြပါတယ်။
(၂) လူတွေကို နှစ်နှစ်ကာကာမြတ်နိုးတက်
လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ခေါင်းအစခြေ အဆုံးနှစ်နှစ်ကာကာ ချစ်မိတက်ပါတယ်။ အာ့လိုချစ်မိလို့လည်း ကိုယ်ချစ်သလို ကိုယ့်ကိုပြန်ချစ်ပေးနိုင်တဲ့ချစ်သူဆိုရင်တော့အတိုင်းမသိပျော်စရာကောင်းနိင်ပင်မဲ့ ကိုယ့်ချစ်သူက ကိုယ့်လောက်ပြန်မချစ်နိုင်တဲ့ အခါမှာသိပ်ကို စိတ်ပင်ပန်းရပြီး နာကျင် ရပါတယ်။ ဒါပင်မဲ့ နာကျင်သလောက် ကိုယ့်ချစ်သူအပေါ်မုန်းဖို့ခဲယဉ်းကြတာလည်း မာနကြီးသူတွေပါပဲ။ ဘယ်လောက်ပဲ မုန်းတယ်ပြောပြော ရင်ထဲမှာ အသက်ပင်သေသေ ၊ ဘာပဲပေးဆပ်ရပေးဆပ်ရ ချစ်နေတာလည်း သနားစရာမာနရှင်လေးတွေပါပဲ။
(၃) ဖြစ်စေချင်တဲ့စေတနာများ
ကိုယ်ချစ်တဲ့ သူအပေါ် သိပ်ကိုမျှော်လင့်ချက်ကြီးတက်ကြပါတယ်။ ကိုယ့်ကောင်းကျိုးထက် ကိုယ့်ချစ်သူ တိုးတက်ကောင်းစားဖို့အတွက် ပိုကြိုးစားတက်ကြပြီး ကိုယ့်ချစ်သူကို တစ်ပါးသူက နည်းနည်းလေးတောင် ပြောဆိုတာမျိုးကို မခံနိုင်တဲ့ သူမျိုးပါ။ သူတို့ရဲ့မာနလေးဟာ သူတို့ချစ်သူကို ကာကွယ်ချင်တဲ့စိတ်ဖြစ်စေချင်တဲ့စိတ်တွေကြောင့် ပိုပိုပြင်းထန် လာပြီးနောက်ဆုံးမှာ ချစ်ရသူက မင်းအချစ်ကပူလောင်လွန်းတယ် လို့ပြောပြီး ထွက်သွားကာ ကျန်ရစ်ဖြစ်ခဲ့ရသူများပါတယ်။
(၄) အဆုံးရှုံးမခံချင်ဘူး
မာနကြီးတဲ့ သူတွေဟာ ချစ်ရေးချစ်ရာမှာ စန်းပွင့်တဲ့သူ လူကြိုက်များတဲ့သူများ ဖြစ်တက်ကြပေမဲ့ သူတို့တကယ်လိုချင်တာ လူကြိုက်များတာ စန်းပွင့်တာမျိုးမဟုတ်ပဲ သူတို့ချစ်မြတ်နိုးရသူ တစ်စုံတစ်ယောက်ရဲ့ နက်နက် နဲနဲ ချစ်မြတ်နိုးမှုကို လိုချင်ကြတာပါ။ သူတို့ချစ်ရသူကို ဘယ်နည်းနဲ့မှ အဆုံးရှုံး မခံနိုင်တာကြောင့် အမြဲသ၀န်တို စိတ်တို ဒေါသထွက် ကာချစ်ရသူရဲ့ အချစ်ပေါ့ခြင်းတွေကိုပဲခံခဲ့ရသူပါ။
(၅) မျက်ရည်ကြားမွေ့ပျော်နေရသူ
သိပ်ပြင်းထန်လွန်းတဲ့မာနစိတ် ကိုယ့်အချစ်ကိုလိုအပ်သလို ထုတ်ဖော်မပြနိုင်တဲ့ မာနစိတ်ကြောင့် ဘယ်သူကိုမှ ကိုယ့်ခံစားချက် အစစ်အမှန် တွေကို မပြောပြပဲ ရင်ထဲမှာပဲ အမြဲတစ်ယောက်တည်း ကြိတ်ခံစားကာမျက်ရည်ကြားမှာ တစ်ယောက်တည်း အထီးကျန်စွာမွေ့ပျော်နေကြသူလေးတွေပါ။
တကယ်တော့ မာနကြီးတဲ့ သူလေးတွေဟာ သိပ်ချစ်တက်ကြပြီး သိပ်သစ္စာရှိကြပေမဲ့ သူတို့ရဲ့ပြင်းထန်လွန်းတဲ့ စိုးရိမ်စိတ်တွေချစ်တက်စိတ်တွေကြောင့်သူတို့ချစ်ရသူတွေရဲ့အနားမှာ အနေမမြဲခဲ့ပါဘူး ။

သနားစရာမာနရှင်လေးတွေနဲ့ ချစ်သူဖြစ်မိပြီဆိုရင် သူတို့ရဲ့ခံစားချက် အစစ်အမှန်ကို နားလည်ပေးပြီး ပိုချစ်ပေးနိုင်ကြပါစေလို့ဆုတောင်းရင်း… 

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.