ဒီဇင်ဘာလမှာမွေးဖွားသူတွေနဲ့ပတ်သတ်ပြီး စာဖတ်သူတွေရော ဘယ်လိုမြင်မိလဲ..သူတို့က စိတ်ဝင်စားစရာမကောင်းဘူးလား.. လူသားတိုင်းမှာ ထူးခြားတဲ့ပင်ကိုယ်အရည်သွေး ကိုယ်စီရှိပြီးသားပါ။ဒါပေမယ့် ဒီဇင်ဘာမှာ မွေးဖွားသူတွေကတော့ တစ်မျိုးထူးခြားနေတယ်။ သူတို့မှာ ဘယ်လိုထူးခြားတဲ့ အရည်သွေးတွေရှိလဲ ဖတ်ကြည့်လိုက်ရအောင် !
သင်ပြနိုင်စွမ်းရှိခြင်း
ဒီဇင်ဘာမွေးဖွားသူတွေနဲ့ပတ်သတ်ပြီး ထူးခြားတာကတော့ သင်ပြနိုင်စွမ်းရှိတာပါပဲ။ကိုယ်မသိတာတစ်ခုခုရှိရင် သူတို့က စိတ်ရှည်ရှည်နဲ့ရှင်းပြတယ်။ မသိ၊ နားမလည်တာရှိရင်လည်း သေချာသိအောင် စူးစမ်းလေ့လာကြပါတယ်။ ဘာပဲဖြစ်နေပါစေ အဆိုးအကောင်းကိုတော့ အမြဲတမ်းခွဲခြားဆန်းစစ်နိုင်အောင် ကြိုးစားတယ်။
ရိုးသား
ဒီဇင်ဘာမှာ မွေးသူတွေဟာ အရိုးသားဆုံးလေးတွေလို့ပြောရင် မင်းယုံလိုက်ပါ။ သူတို့က လိမ်ရတာကိုသိပ်မုန်းတယ်။ လိမ်ညာခြင်းကြောင့် ဘာကောင်းကျိုးမှဖြစ်မလာနိုင်ဘူးဆိုတာလည်း သိနေတယ်။ သူတို့ကိုတော့ ကိစ္စသေးသေးပဲဖြစ်ဖြစ်၊ ကြီိးကြီိးပဲဖြစ်ဖြစ် သွားမလိမ်မိစေနဲ့။ လိမ်တာသိလို့ကတော့ ခွှင့်လွတ်မှာမဟုတ်ဘူး။
တက်ကြွမှုရှိခြင်း
နေရာတိုင်းမှာ ပါဝင်လှုပ်ရှားတက်ကြွမှုရှိတယ်။ ဘယ်တော့မှ ပျင်းရိတဲ့ပုံစံမပြတာက သူတို့ရဲ့ စံနမူနာယူစရာ အကျင့်တစ်ခုပါပဲ။ အမြဲတမ်း ပြုံးပျော်ရွှင်နေတတ်ပြီး အကူညီလိုသူတွေဆို ရှေ့ဆုံးကကူညီဖို့အသင့်ရှိနေသူတွေပါ။
ဦးဆောင်နိုင်သူ
သူတို့က တက်ကြွဖျတ်လတ်သလို၊ အားအင်အပြည့်နဲ့ ဦးဆောင်နိုင်သူတွေလည်းဖြစ်တယ်။ တစ်ခုခုဆို အနစ်နာခံ၊ ခေါင်းစားခံပြီး ဦးဆောင်ဖြေရှင်းပေးသွားတတ်တယ်။
ဥာဏ်ရည်ထက်မြက်
သူတို့က အသစ်သစ်တွေကိုသင်ယူလေ့လာနေရတာ သဘောကျတယ်။ ဒီအကျင့်ကပဲသူတို့ကို ဥာဏ်ရည်နဲ့ အသိပညာတွေတိုးပွားအောင် ပံ့ပိုးပေးတာပါ။ ကြည့်ုလိုက်တိုင်းသူတို့တွေက ရှေ့ရောက်နေတာကိုတွေ့ရတယ်။
စိတ်အားထက်သန်
လိုချင်တာရှိပြီဆို ဖြစ်အောင်လုပ်တတ်သူတွေပေါ့။ ရည်မှန်းချက်တစ်ခုဖြစ်မြောက်အောင်မြင်အောင် ထက်သန်တဲ့ စိတ်ထား၊ စိုက်ထုတ်ထားတဲ့ ဇွဲ၊ လုံ့လတွေနဲ့ ပေါင်းစည်းပြီး ကြိုးစားတယ်။ စိတ်အားထက်သန်မှုက သူ့ကိုခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်စေတာပါ။ ဒီအရည်သွေးက လူတွေကြားမှာ သူတို့ဟာဆွဲဆောင်မှုရှိစေတယ်။
ကြင်နာတတ်
သူတို့ကို ရွှေရောင်နှလုံးသားပိုင်ရှင်တွေလိုပြောရမယ်။ သူတို့က ချစ်ခြင်းမေတ္တာအပြည့်နဲ့ မွေးဖွားလာသူတွေဖြစ်လို့ သင်ဘယ်လိုအခြေအနေပဲဖြစ်နေပါစေ သူထားခဲ့မှာမဟုတ်ဘူး။ ဒါကြောင့် ဒီဇင်ဘာဖွားတွေကို ချစ်သူတော်မိပြီဆိုရင်တော့ ကံကောင်းပြီလို့သာ မှတ်လိုက်ပါတော့…