၂ဝ၁၈မှာမြင်တွေ့ရတဲ့ New Orleans ရဲ့စည်စည်ကားကားပွဲတော်တွေနဲ့ စားစရာ များ..

New Orleans ဟာ၂ဝ၁၈ရဲ့ နံပါတ်တစ် Destination တစ်ခုဆိုလည်းမမှားပါဘူး။ The New York Times မှာတော့ ၂ဝ၁၈မှာတင် သွားစရာနေရာ ၅၂ခုရှိကြောင်းဖော်ပြထားပါတယ်။ တစ်နှစ်တည်းမှာတင် ထိုမြို့ မှာမွေးနေ့ပေါင်း ၃ဝဝ ဆင်နွဲကြကြောင်းသိရပါတယ်။ ကဲ.. New Orleans မှာ ဘာတွေရှိလဲဆိုတာ ကြည့်လိုက်ရအောင်…

အစားအသောက်

စားမယ်…ဝါးမယ်ဟေ့ဆို ရှေ့ဆုံးကလိုက်မယ့် ဝါးတီးလေးတွေထဲမှာ ပင်လယ်စာ ကြိုက်သူတွေပါတယ်ဆိုရင်တော့ NOLA က ကွက်တိပဲနော်။ ပင်လယ်စာတွေ ရှယ်ကိုရတယ်။ ကင်ပြီး စားမလား.. ပြုတ်ပြီးစားမလား..စားချင်သလိုသာစား…။ သူတို့ဆီမှာ ကျောက်ပုစွန်တွေ ပြုတ်စားတာက Louisiana Cajun တွေရဲ့ရိုးရာဓလေ့လို့လည်း သိရပါတယ်။

Maple Leaf Bar ကိုလည်း တစ်ခေါက်လောက်အရောက်လည်ဖို့ ပြောချင်ပါတယ်။ သူတို့ဆီမှာ တနင်္ဂနွေနေ့တိုင်း များစွာသော အသားတွေ၊ ဟင်းသီဟင်းရွက်တွေနဲ့ ကျောက်ပုစွန်တွေကို အိုးကြီးထဲရောချက် စားသောက်ကြတယ်။ ပြင်သစ်တွေ စတင်တည်ထောင်ခဲ့တဲ့ မြို့ ဖြစ်လို့ ဒီမြို့ သူ၊ မြို့ သားတွေ ပြင်သစ်စာကြိုက်ရတဲ့အကြောင်းရင်းကိုလည်း သဘောပေါက်နားလည်လိုက်ရပါတယ်။

အရသာသိပ်ကောင်းတဲ့ Beignets မုန့်တွေလည်းရှိတယ်။ Cafe Du Monde ဆို တစ်နေ့ကို ထောင်ပေါင်းများစွာသော စားသုံးသူတွေနဲ့စည်ကားလျက်ရှိတယ်။

ဓလေ့ရိုးရာ

အမိုက်စားပွဲတော်တစ်ခုဖြစ်တဲ့ Mardi Gras ကို NOLA မှာလည်းကျင်းပတယ်။၁၈၇၅တည်းက Louisiana မှာ ထိုပွဲတော်ကျင်းပမယ့်နေ့ဆို တရားဝင် ရုံးပိတ်ရက်အဖြစ်သတ်မှတ်ပေးထားပါတယ်။ နှစ်စဉ် နှစ်တိုင်း ထိုနေ့တွေဆို မြို့ လမ်းမတွေပေါ်မှာ အလှပြကားကြီးတွေနဲ့ ပွဲတော်တက်ရောက်တဲ့လူတွေ စည်ကားလျက်ရှိပါတယ်။

ဟိုရှေးခေတ်တုန်းက အာဖရိကလူမျိုးတွေ အမေရိကအပါအဝင် နိုင်ငံတော်တော်များများကိုအုပ်စိုးနေစဉ်အတွင်း Voodoo ပညာဟာလည်း NOLA ကိုရောက်လာခဲ့တယ်။ကိုယ့်ရဲ့ကိုယ်ပိုင် Voodoo ရုပ်ကို စိတ်ကြိုက်ဝယ်ယူလို့ရတဲ့ ဆိုင်တွေရှိပါတယ်။


French Quarter မှာဆို သမိုင်းဝင်အဆောက်အုံတွေနဲ့ ပြည့်နှက်လို့နေတယ်။ ဒါကတော့ မြို့ ရဲ့ရှေးဟောင်းအဆောက်အုံတွေနဲ့ ခရီးသွားတွေအများဆုံးလည်ပတ်တဲ့ နေရာပေါ့။

သောက်စား ပျော်ပါး

အကြိုက်ဆုံးကတော့ French Quarterက Carousel Bar ပါပဲ။ Monteleone ဟော်
တယ်မှာ ရှာတွေ့နိုင်ပါတယ်။ NOLA လမ်းမပေါ်မှာ အရက်သောက်လည်း တရားဝင်တယ်လို့ သိရတယ်။

ကြီးမားတဲ့ ဘီယာကြီးတွေကို မစမ်းသပ်ချင်ဘူးလား…. ဘီယာကြိုက်သူတွေအတွက်တော့ လက်ထဲကနေကိုမချချင်လောက်အောင်အဇမ်းမိုက်တဲ့ ပုလင်းကြီးတွေနော်… ဒီဘီယာပုလင်းကြီးတွေကို Bourbon လမ်းထဲမှာ ဝယ်ယူရရှိနိုင်ပါတယ်။ NOLA က လူတွေက ဒီကော့တေးကြီးကို ကြိုက်မှကြိုက်ပဲ..။

The Hurricane ဆိုတဲ့ ရမ်ကော့တေးခွက်ကြီးကို New Orleans မှာပဲ တီထွင်ခဲ့တာပါ။ Pat O’Brien’s မှာ အမျိုးမျိုးသော တီထွင်ဆန်းသစ်ထားတဲ့ အစားသောက်တွေရရှိနိုင်ပါတယ်။ ဒါပေမယ့် သတိတော့ထားသောက်နော်… အဲ့ဒီ ကော့တေးတစ်ခွက်မှာ အရက်တွေ ၃ဂါလံလောက်ပါတယ်။ အရက်သမားတွေဝိုင်းဖြိုရင်တော့ တစ်ခွက်ကိုခဏလေးနဲ့ ကုန်မှာပါ.. Life is an Advendure !! ကဲ ဘာတွေကိုစောင့်နေဦးမှာလဲ..ပျော်ရွှင်စရာအသစ်တွေကို ခံစားကြည့်ဖို့ အတူတူသွားမယ့် သူငယ်ချင်းတွေကိုမန်းရှင်းခေါ်ထားလိုက်တော့…

33 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.