သင်သတိမထားမိလိုက်တဲ့ နာမည်ကျော်ရုပ်ရှင်ဇာတ်ဝင်ခန်းအမှားများ

ရုပ်ရှင်ဇာတ်ကားအချို့မှာ အမှုမဲ့အမှတ်မဲ့နဲ့သတိမထားမိလိုက်တဲ့အမှားအယွင်းလေးတွေ ရှိကြပါတယ်။သေချာဂရုတစိုက်ကြည့်တဲ့လူလောက်သာပဲ ဒီလိုအမှားအယွင်းသေးသေးလေးတွေ ကိုသိနိုင်ပါတယ်။ဒါဆို သင်သတိမထားမိလိုက်တဲ့ရုပ်ရှင်ဇာတ်ဝင်ခန်းအမှားလေးတွေ ဘာလေးတွေဖြစ်မလဲ?

၁။The Green Mile

ဒီဇာတ်ကားဟာ ရုပ်ရှင်ကြည့်ပရိသတ်တွေကိုဝမ်းနည်းငိုကြွေးအောင်လုပ်နိုင်တဲ့ဟောလိဝုဒ် ဇာတ်ကားကောင်းတစ်ကားပါ။ဒါပေမဲ့ ရုပ်ရှင်ရိုက်သူတွေသတိမထားမိတဲ့အမှားလေးကတော့ ရုပ်ရှင်ကားဟာ ၁၉၃၅ခုနှစ်မှာစတင်ရိုက်ကူးတာဖြစ်ပြီး အဲ့ဒီကားမှာသုံးတဲ့လျှပ်စစ်ကုလားထိုင်က ၁၉၄၁ခုနှစ်မှ ပထမဆုံးစတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။ဒါကတော့ ရုပ်ရှင်ဇာတ်လမ်းနဲ့တကယ့် လက်တွေ့ကွာခြားချက်လေးပါ။

၂။Harry Potter

စာရေးဆရာမ Joanne Rowling ဟာ သူ့ရဲ့ ဇာတ်ကောင် Harry Potter ဟာ သူ့ရဲ့ အမေလိုပဲ အစိမ်းရောင်မျက်လုံးရှိတယ်လို့ရေးသားခဲ့တာဖြစ်ပြီး ရုပ်ရှင်ထဲမှာတော့ Daniel Radcliff အဖြစ်သရုပ်ဆောင်တဲ့ကောင်လေးမှာသာအစိမ်းရောင်မျက်လုံးရှိနေခဲ့ပါတယ်။နောက်ထပ် အမှားအယွင်းတစ်ခုကတော့ သူ့ရဲ့အမေ Lily မှာလည်းအစိမ်းရောင်မျက်လုံးရှိရမယ့်အစား အညိုရောင်မျက်လုံးသာ ရှိနေခဲ့ပါတယ်။စာအုပ်နဲ့ရုပ်ရှင်ရဲ့ ကွာခြားချက်လေးတွေပဲဖြစ်ပါတယ်။

၃။Game of Thrones

Game of Thrones ဇာတ်ကားထဲမှာ သူတို့ရဲ့ ဘုရင်မ Daenerys အတွက်အသက် ကိုစွန့်လွှတ်ဖို့အဆင့်သင့်ဖြစ်နေတဲ့စစ်သားအမှုထမ်းတွေရဲ့ အခန်းမှာအမှားအယွင်းတစ်ခုကတော့ အဲ့ဒီစစ်သားတွေဟာ တခြားအမျိုးသမီးတွေနဲ့ပတ်သက်ဆက်နွယ်မှုလုံးဝမရှိပါပဲ သူတို့ထဲကတစ်ယောက်ရဲ့ လက်မှာလက်ထပ်လက်စွပ်ကိုမြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ လက်ဝတ်ရတနာဝတ်ဆင်ရတာကိုကြိုက်လို့ဝတ်ထားတာဖြစ်ချင်ဖြစ်နိုင်ပေမဲ့ ရုပ်ရှင်ဇာတ်ကားကိုအစအဆုံးသေချာကြည့်ရှုသူတွေအတွက်တော့စိတ်ထင့်စရာ တစ်ခုဖြစ်ခဲ့ပါတယ်။

၎။Django Unchained

Django အဖြစ်သရုပ်ဆောင်တဲ့ Jamie Foxx ဟာရုပ်ရှင်ဇာတ်ဝင်ခန်းအချို့မှာ နေကာမျက်မှန်ကိုဝတ်ဆင်ထားတာ ရုပ်ရှင်ကြည့်ပြီးသူတိုင်းသိနိုင်ပါတယ်။ လူအများစုသတိမထား မိတဲ့ အမှားအယွင်းတစ်ခုကတော့ ယူအက်စ်မှာနေကာမျက်မှန်က ၁၉၂၉ခုနှစ်မှစတင် ရောင်းချတာဖြစ်ပြီးရုပ်ရှင်က ၁၈၅၈ခုနှစ်တုန်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်ရိုက်ကူးဖို့ အတွက်ပဲသီးသန့်အရင်ထုတ်လုပ်ထားတာလားဆိုပြီး ရုပ်ရှင်ကြည့်သူတွေကို အာရုံစားသွားစေတဲ့အချက်တစ်ခုပါပဲ။

၅။Captain America:Civil War

Captain America ဇာတ်ကားထဲမှာ စပိုက်ဒါမန်းဟာ ကပ္ပတိန်ဆီက ဒိုင်းကိုဆွဲယူခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။ပင့်ကူမျှင်တွေနဲ့ဆွဲယူခဲ့တာဖြစ်ပေမဲ့ စပိုက်ဒါမန်းဆီရောက်တဲ့အခါမှာ ပင့်ကူမျှင်တွေက လုံးဝမရှိတော့တာကို သေချာကြည့်မယ်ဆိုရင်သတိထားမိမှာပါ။

၆။BraveHeart

BraveHeart ဇာတ်ကားမှာဆိုရင် စကော့တလန်စစ်သား William Wallace ဟာ စကော့တလန်စစ်သားတွေဝတ်ဆင်တဲ့ရိုးရာဝတ်စုံကိုဝတ်ဆင်ထားပါတယ်။ဒါပေမဲ့ ဘာမှားယွင်းနေလဲဆိုတော့ အဲ့ဒီရိုးရာဝတ်စုံဟာ ၁၈ရာစုအစမှာမှပေါ်ထွက်ခဲ့တာဖြစ်ပြီး ရုပ်ရှင်က ၁၃ရာစုအကုန်မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.