စစ်မှုထမ်းဆောင်ဖို့သွားရတော့မယ့် Taeyang က သူ့ရဲ့ ရင်တွင်းခံစားချက်တွေကို ဖွင့်ဟပြခဲ့

Big Bang အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Taeyang ဟာ သူစစ်မှုထမ်းဆောင်ရမယ့်ရက် အတိအကျနဲ့ သူ့ရဲ့ ခံစားချက်တွေကိုပရိသတ်တွေသိအောင်ပြောပြခဲ့ပါတယ်။ Taeyangဟာ မတ်လ ၁၂ရက်နေ့မှာစစ်မှုထမ်းဆောင်ဖို့သွားရမှာဖြစ်ပါတယ်။နောက်ထပ် အဖွဲ့ဝင်တစ်ယောက် ဖြစ်တဲ့ G-Dragon ကလည်းဖေဖော်ဝါရီ ၂၇ရက်ဆို စစ်မှုထမ်းဆောင်ဖို့သွားရတော့ မယ်လို့သိရပါတယ်။

သူတို့နှစ်ယောက်ဟာ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့သူတို့ရဲ့ နောက်ဆုံးဖျော်ဖြေပွဲမှာ စစ်မှုထမ်း ဆောင်ရမယ့် အချိန်ရောက်ပြီဆိုတဲ့အကြောင်းကိုပရိသတ်တွေကို အသိပေးခဲ့ပါ တယ်။အဲ့ဒီနောက်မှာတော့ Taeyang ဟာ အဆိုတော်မင်းသမီး Min Hyorin နဲ့လက်ထပ်ပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

စစ်မှုထမ်းဆောင်ရမယ့်ကိစ္စနဲ့ပတ်သက်ပြီး “ဒီတာဝန်ထမ်းဆောင်နေတဲ့အချိန်မှာ ပိုပြီးပြည့်စုံရင့်ကျက်တဲ့အမျိုးသားတစ်ယောက်ဖြစ်အောင်ကြိုးစားနေထိုင်သွားဖို့ ဆုံးဖြတ်ထားပါတယ်။ဒီလိုပြောင်းလဲမှုတွေကနေ သူ့ရဲ့ အနာဂတ်မှာလုပ်ကိုင်မယ့် သီချင်းတွေ၊ဖျော်ဖြေမှုတွေကိုအကောင်းဆုံးပြောင်းလဲပြင်ဆင်သွားမှာပါ။အဲ့ဒါကြောင့် ပရိသတ်တွေကလည်း ဒီလိုပြောင်းလဲမှုတွေကိုလက်ခံကြည့်ရှုပေးဖို့မျှော်လင့်ပါတယ်” လို့သူ့ရဲ့ စိတ်ခံစားချက်တွေကိုပြောပြခဲ့ပါတယ်။

Source:Koreaboo

 

 

72 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.