ဆုံးဖြတ်ရခက်နေတဲ့အခါ

လူတိုင်းဟာ ဘယ်လောက်ပဲထူးချွန်တယ် ဆိုပါစေ လူတိုင်းမှာ သူ့အကြောင်းနဲ့သူသူ့အခက်ခဲနဲ့သူ အနည်း အများပဲကွာပါလိမ့်မယ်။ ဆိုတော့ဘ၀မှာ ကိုယ်တိုင်ဖြေရှင်းရခက် ဆုံးဖြတ်ရခက်နေတဲ့စိတ်ခံစားချက်တွေ ပြဿနာတွေကို ကိုယ်တိုင်ဘယ်လိုဖြေရှင်းရမလဲ ဘယ်လို ဆုံးဖြတ်ရမလဲ ဝေခွဲမရတဲ့ အခါမှာ ဘာလုပ်သင့်သလဲ ဆိုတာ သိရှိစေနိုင်ဖို့အနည်းငယ်ဖော်ပြပေးလိုက်ပါတယ်…
(၁) စိတ်အေးအေးထားပါ
တစ်စုံတစ်ခုသော အရာကို ဆုံးဖြတ်ချက်ချဖို့ခက်ခဲတဲ့ အခါမှာ စိတ်တွေဟာပူလောင်ပြီး ခြေတုန်ချတုန်ဖြစ်တက်ကြပါတယ်။ အာ့လို ဖြစ်တဲ့ အချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကိုကောင်းကောင်းမွန်မွန် မချနိုင်ပဲ ပိုမှားတက်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ရခက်တဲ့ကိစ္စတွေပေါ်လာတဲ့အခါ အရင်ဆုံးစိတ်အေးအောင်ထားဖို့လိုအပ်ပါတယ်။
(၂) ယုံကြည်ရသူတွေနဲ့တိုင်ပင်ပါ
ကိုယ်ဖြစ်နေတဲ့ပြဿနာအပေါ် ကို နားလည်ပေးနိုင်မဲ့ယုံကြည်ရမဲ့သူတွေနဲ့တိုင်ပင်ပါ။ ကိုယ်တစ်ယောက်တည်း ဆုံးဖြတ်ရခက်နေတဲ့ပြဿနာတွေကို တစ်ခြားယုံကြည်ရတဲ့သူတွေကိုပြောပြပြီးသူတို့ရဲ့အမြင်နဲ့ ပါဆုံးဖြတ်ခိုင်းကြည့်ပါ။ သူတို့ရဲ့လူအများစုအမြင်နဲ့ကိုယ့်အမြင်နဲ့ကိုက်နေပြီဆိုရင် ကိုယ်ရွေးချယ်ထားတဲ့ဆုံးဖြတ်ကို ရဲရဲဝံ့ဝံ့ ချလို့ရပါပြီ။
(၃) သတ်မှတ်ချက် တစ်ခုထားလိုက်ပါ
ဆုံးဖြတ်ရခက်နေတဲ့ ကိစ္စတစ်ခု အတွက်သတ်မှတ်ချက်တစ်ခုထားလိုက်ပါ။ ဘယ်အခြေနေရောက်လာရင် ဘယ်လို ဆုံးဖြတ်မယ် ဘယ် အခြေနေဖြစ်သွားရင် ဘယ်လိုဆုံးဖြတ်မယ် စသည်ဖြင့်
ပြဿနာရဲ့ပြောင်းလဲမှုအခြေနေပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ကို သတ်မှတ်ထားပါ။ ဒါဆိုဒီဆုံးဖြတ်ချက်ဟာ ကိုယ့်ဆုံးဖြတ်ချက်မဟုတ်ပဲပြဿနာရဲ့ပြောင်းလဲမှုပေါ်မူတည်ပြီးဖြစ်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ဖြစ်သွားပါလိမ့်မယ်။
(၄) ကံကို ဆုံးဖြတ်ခိုင်းပါ
အရာရာလူလုပ်မှဖြစ်တာ ကံဆိုတာလူဖန်တီးတာဆိုတာလည်း မှန်ပေမဲ့ တစ်ချို့ကိစ္စတွေမှာ လူတွေကိုယ်တိုင်ဆုံးဖြတ်ရခက်တဲ့ အခြေနေတွေကြောင့်ကံကို ဆုံးဖြတ်ခိုင်းရတာမျိုးရှိပါတယ်။
ဥပမာ ပေါ့ကွာ-ကိုယ့်ဘ၀တွက်ကိုယ့်ကိုယ်လက်တွဲချင်တဲ့ လူနှစ်ယောက်ရှိတယ်ဆိုပါဆို့ ကိုယ့်စိတ်ထဲမှာသူတို့နှစ်ယောက်ကို ရွေးချယ်ရခက်နေရင် ကံကိုသာရွေးချယ်ခိုင်းလိုက်ပါ။ကိုယ်နဲ့ မသင့်တော်တဲ့သူဟာ မကြာခင်မှာ ကိုယ်မထင်ထားတဲ့အရာတစ်ခုကြောင့်ကိုယ့်ဘ၀ထဲကပျောက်ကွယ်သွားနိုင်ပါတယ်။
(၅) နောက်ဆက်တွဲကိုတွေးကြည့်ပါ
ကိုယ်တစ်ခုခု ကို လက်တလောမှာ ဆုံးဖြတ်ရခက်နေတဲ့အခါမှာ ကိုယ်ဒီလိုဆုံးဖြတ်လိုက်ရင်နောက်ဆက်တွဲက ဘာဖြစ်နိုင်တယ်၊ ကိုယ်နောက်တစ်မျိုးပြောင်းဆုံးဖြတ်လိုက်ရင်လည်း ဘယ်လိုဖြစ်နိုင်တယ်စသည်ဖြင့် ကိုယ့်ရဲ့ဆုံးဖြတ်ချက်ရဲ့နောက်ဆက်တွဲကို တွေးတွေးပြီး ဆုံးဖြတ်တဲ့ အခါပိုလွယ်ကူပါလိမ့်မယ်။

293 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.