ငယ်ကချစ်အနှစ်တစ်ရာဆိုတာ

အရွယ်ရောက်ပြီးသားလူတိုင်းမှာ ရည်စားဦး အချစ်ဦး ငယ်ချစ် ဆိုတာမျိုးတွေ မရှိဘူး လို့ငြင်းလို့မရပါဘူး။ နောက်ထပ်ငြင်းလို့မရတဲ့ အရာတစ်ခုက ဒီလို လူတွေကို ကိုယ့်ဘ၀ရဲ့ဘယ်အချိန် ဘယ်နေရာ ဘယ် အသက်အရွယ်ပဲရောက်ရောက် မေ့သွားတယ်ရယ်လို့မရှိပါဘူး။ ကိုယ့်ဘ၀မှာ အချစ်ဦးနဲ့ဖူးစာပါချင်မှလည်းပါခဲ့ကြမယ်။ ကွဲကွာသွားကြတာမျိုးလည်းရှိကောင်းရှိနိုင်ကြပါတယ်။ ဆိုတော့ လူတော်တော်များများဟာ ကိုယ့်ဘ၀ရဲ့ ငယ်ချစ်ဦးကို မမေ့နိုင်တဲ့ အကြောင်းကဘာတွေလဲဆိုတာ…
(၁) အချစ်ကိုစတင်ခံစားတက်စေသူ
ငယ်ချစ်ဦး၊ အချစ်ဦးဆိုသူဟာ ကိုယ့်ဘ၀မှာ မချစ်ဆိုတာကို စတင်ခံစားလာတက်အောင် ကိုယ့်ရဲ့ရင်ခုန်သံကို ပထမဦးဆုံး အကြိမ်နိုးထလာအောင်သင်ကြားပေးခဲ့သူတစ်ဦးဆိုလည်း မှန်ပါတယ်။ တစ်ယောက်ပေါ်တစ်ယောက် ကြင်နာတယ် ယုယတယ်၊ နွေးထွေးတယ် သူငယ်ချင်းတွေကြားထဲမှာလက်ကလေးတွဲပြီးပျော်ခဲ့ကြတယ်။ အာ့လိုကြည်နူးစရာကောင်းတဲ့ အချစ်ဆိုတာကို ပထမဦးဆုံးစတင်ခံစားတက်အောင်သင်ကြားပေးခဲ့သူမို့ လွယ်လွယ်နဲ့မေ့ပြောက်ဖို့ခဲယဉ်းပါတယ်။
(၂) ပျော်ရွှင်စရာ သမီးရည်းစားအမှတ်တရကိုစတင်မိတ်ဆက်ခဲ့
သမီးရည်းစားဘ၀ဆိုတာကို စတင်ခံစားမိအောင်လုပ်ခဲ့ပေးသူဖြစ်တာကြောင့် သူနဲ့စကြိုက်ပြီး ဘယ်လိုပျော်စရာကောင်းတဲ့ ချစ်သူရည်းစားဘ၀ကိုဖြတ်သန်းခဲ့တယ်ဆိုတာအမှတ်ရစရာ မမေ့နိုင်စရာပါ။ ချစ်သူဘ၀ ဆိုတာကြီးမှာ နှစ်ကိုယ်တူ လုပ်ခဲ့တဲ့ကောင်းမှုကုသလိုလ်တွေ ပျော်ရွှင်စရာ အချိန်တွေ တွေနဲ့စတင်မိတ်ခဲ့ပေးသူမို့ ငယ်ချစ်တွေကို မမေ့နိုင်တက်ကြတာမဆန်းပါဘူး။
(၃) ဘ၀သင်ခန်းစားတစ်ချို့ကိုသင်ကြားပေးခဲ့သူ
ငယ်ချစ်ကပေးလိုက်တဲ့ အမှတ်တရတွေထဲမှာ ပျော်စရာကောင်းတာတွေပဲပါတာ မဟုတ်ပါဘူး။ ငယ်ချစ်ဦးနဲ့ကွဲကွာပြီးမှ ရလိုက်ရတဲ့ ဘ၀သင်ခန်းစာတွေ ၊ အချစ်ဒဿန တွေ လည်းတစ်ခုထက်ပိုပြီးရှိနိုင်တယ်ဆိုတာ မမှားပါဘူး။
(၄) ကိုယ့်ဘ၀ရဲ့တစ်စိတ်တစ်ပိုင်းပါဝင်နေသူ
ကိုယ့်ရဲ့ငယ်ဘ၀ အစ က စတင်ပြီး ချစ်မြတ်နိုးခဲ့ရသူတစ်ယောက်၊ ကိုယ့်ဘ၀ရဲ့ ရင်ခုန်သံကို စတင်နိုးဆွအောင်လုပ်ခဲ့သူတစ်ယောက် ဖြစ်နေတဲ့ အတွက် ကိုယ်ဘ၀မှာ ဘယ်အချိန်ဘယ်အခါ
တွေးတွေးသူ့ကို သတိရနေအုံးမှာပါပဲ။ ဘာလို့လဲဆိုတော့ သူက ကိုယ့်ဘ၀ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ရင်ထဲမှာရှိနေနိုင်အုံးမှာ မလို့ပါ။
(၅) အမှတ်တရဖြစ်နေတက်စေသူ
ငယ်ချစ်ဆိုတာ မုန်းတီးစရာလည်းမလို ချစ်နေစရာလည်း မလိုပဲ အမှတ်ရနေစရာလူတစ်ယောက်ဆိုရင်မမှားပါဘူး။ အချိန်တန်လို့ကိုယ် တွေ အဖိုးကြီး အဖွားကြီးဖြစ်ခဲ့ရင်တောင်မှကိုယ့်မြေးလေးတွေကို ကိုယ့်ငယ်ချစ်နဲ့ကိုယ်နဲ့အကြောင်းကို ပုံပြင်လေးသဖွယ် ၊ သင်ခန်းစာသဖွယ်ပြန်ပြောပြတက်ကြပါတယ်။ တကယ်တော့ကိုယ့်ဘ၀ရဲ့ အချစ်ဦးဆိုတာ ကိုယ့်ဘ၀ရဲ့အမှတ်တရ ပုံပြင်လေး တစ်ခုပါပဲ။
လူတော်တော်များများဟာ ကိုယ့်ရဲ့လက်ရှိ အချစ်ကို ချစ်တဲ့ အချစ်လောက် ငယ်ချစ်ကို မချစ်နေရင်တောင်မှ စိတ်ထဲမှာတစ်ခါတလေသတိရလွမ်းဆွတ်တက်ကြပါတယ်။ ဆိုတော့ငယ်ကချစ်အနှစ်တရာဆိုတာ ကိုယ့်ငယ်က အချစ်နဲ့ပေါင်းဖက်ရတဲ့သူတွေ အတွက် ကတော့ အနှစ်တစ်ရာမကတိုင်ပျော်ရွှင်စေနိုင်သလိုပဲ ဖူးစာမပါတဲ့သူတွေအတွက်လည်း ငယ်ချစ်ဆိုတာမမေ့နိုင်တဲ့ ပုံပြင်ဟောင်းလေးတစ်ပုဒ်ပါ…

151 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.